ကရင်ပြည်နယ် ဘားအံမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံမော်တာအပ်ချုပ်စက်သင်တန်းဆင်းပွဲနှင့် အဆင့်မြင့်မော်တာအပ်ချုပ်စက်သင်တန်းဖွင့်ပွဲများကျင်းပ

 

ဘားအံ   ဒီဇင်ဘာ   ၈


ကရင်ပြည်နယ်  ဘားအံမြို့ သေဋ္ဌမာရ်အောင်ဘုရားကြီး၏ (တတိယအကြိမ်) အသံမစဲပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၇ ရက် နံနက် ၇ နာရီခွဲခန့်က အဆိုပါဘုရားကြီး၏ ဂန္ဓကုဋိတိုက် အတွင်း၌ ဆင်ယင်ကျင်းပရာ မဟာဂန္တဝါစကပဏ္ဍိတ ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဓမ္မဝါသီကျောင်း ဆရာတော် ဘဒ္ဒန္တဥတ္တရ အမှူးပြုသည့် ဆရာတော်ကြီးများအပါအဝင် ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
 

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ် အပေါင်းတို့သည် ကြွရောက်ချီးမြှင့်တော်မူကြသည့် ဆရာတော်၊ သံဃာတော်များအား    လှူဖွယ်ဝတ္တု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး    ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်းအတွက် ဘုရားပင့်ခြင်း၊ ပဋ္ဌာန်း အမွှန်းဂါထာတော်   ရွတ်ဖတ်ပူဇော်ခြင်း၊   သမ္မာ ဒေဝနတ်များအား ပင့်ဖိတ်ခြင်းတို့ကို   ဆောင်ရွက် တော်မူကြကာ အလှည့်ကျ   သံဃာတော်တစ်ပါးက မဟာပဋ္ဌာန်းကျမ်းတော်မြတ်ကြီးအား      စတင် ရွတ်ဖတ်ပူဇော်သည်။

 


ဘားအံမြို့    သေဋ္ဌမာရ်အောင်ဘုရားကြီး၏ (တတိယအကြိမ်)အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဒီဇင်ဘာ ၇ ရက်မှ ၁၁ ရက်အထိ   အလှည့်ကျ သံဃာတော်များက ငါးရက်တိုင်တိုင် အသံမစဲရွတ်ဖတ် ပူဇော်သွားမည်ဖြစ်သည်။

 


ဆက်လက်၍ သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ဘားအံမြို့နယ်   ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာ ရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု  အခြေခံမော်တာအပ်ချုပ်စက်   သင်တန်းဆင်းပွဲနှင့် အဆင့်မြင့် မော်တာအပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ ၇ ရက်က ဘားအံမြို့ လှာကမြင် (ကွက်သစ်)ရှိ   ကရင်ပြည်နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံးခန်းမ၌  ကျင်းပရာ  ပြည်နယ်ဝန်ကြီး ချုပ်က အမှာစကားပြောကြားပြီး အခြေခံမော်တာအပ်ချုပ်စက်သင်တန်း    ထူးချွန်သင်တန်းသူများအား အပ်ချုပ်စက်တစ်လုံးစီ ဂုဏ်ပြုချီးမြှင့်ကာ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး   ရဲမှူးကြီး  ခင်ဇော် က    သင်တန်းဆင်းအောင်လက်မှတ်များ  ပေးအပ် ချီးမြှင့်သည်။

 


အဆိုပါ သင်တန်းဆင်းပွဲနှင့်ဖွင့်ပွဲသို့   ဘားအံ မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာမှ   သင်တန်းသူ ၂၀ တက်ရောက်ခဲ့ကြပြီး အခြေခံမော်တာအပ်ချုပ်စက်သင်တန်းကို    ရက်သတ္တပတ်လေးပတ်ကြာ သင်ယူပြီးမြောက်၍ အဆင့်မြင့်  မော်တာအပ်ချုပ် စက်သင်တန်းကို     ရက်သတ္တပတ်လေးပတ်ကြာ ဆက်လက်သင်ယူကြမည်ဖြစ်သည်။

 


ထို့နောက် မွန်းလွဲပိုင်းတွင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့် ရေး ဦးစီးဌာန အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ)တွင် အသက်မွေးပညာရပ်များ ကာလတို သင်တန်းအပတ်စဉ် (၂/၂၀၂၁)  ဖွင့်ပွဲကို   အဆိုပါ သင်တန်းကျောင်းခန်းမ၌   ကျင်းပရာ  ပြည်နယ် ဝန်ကြီးချုပ်က သင်တန်းဖွင့်အမှာစကား ပြောကြားသည်။

 


အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ) တွင် ဖွင့်လှစ်သည့် အသက်မွေးပညာရပ်များ ကာလ တို သင်တန်းအပတ်စဉ်(၂/၂၀၂၁)အနေဖြင့် အခြေခံ ကွန်ပျူတာသင်တန်း၊ အမျိုးသားဆံပင်ညှပ်သင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊       ရေမလိုလက်သန့် ဆေးရည်၊ ခေါင်းလျှော်ရည်နှင့် ဆပ်ပြာရည်ပြုလုပ် နည်း သင်တန်းတို့ကို    ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား  သင်တန်းသူ    စုစုပေါင်း ၇၇ ဦး တက်ရောက်လျက်ရှိကာ သင်တန်းကာလမှာ ဒီဇင် ဘာ ၇ ရက်မှ ၃၀ ရက်အထိ ကြာမြင့်မည်ဖြစ်သည်။

 


သင်တန်းများဖွင့်ပွဲအပြီးတွင်  ပြည်နယ်ဝန်ကြီး ချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် သင်တန်းခန်းမ များအတွင်း အသက်မွေးဝမ်းကျောင်းပညာရပ်များအား ကျွမ်းကျင်သင်တန်းနည်းပြများက  စာတွေ့ လက်တွေ့သင်ကြားပို့ချနေမှုများကို    လှည့်လည် ကြည့်ရှုအားပေးကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း (ပြန်/ဆက်)