ကရင်ပြည်နယ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးနာယက ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

 

ဘားအံ  ဩဂုတ်  ၂၀


(၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်း သားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟို)အဆင့်တွင်   အောင်မြင်စွာ   သွား ရောက်ယှဉ်ပြိုင်နိုင်ရေး   ကရင် ပြည်နယ်  အဆို၊  အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးနာယက ဦးစီးကော်မတီနှင့်     လုပ်ငန်း ကော်မတီများ    ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၁၉   ရက်က ကရင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

 


အစည်းအဝေးတွင်    ပြိုင်ပွဲ ကျင်းပရေးနာယက  ကရင်ပြည် နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက  ပြည်နယ်အဆင့် ပြိုင်ပွဲကို ကျင်းပ ၍  ရွေးချယ်ခံရသူများအနေဖြင့် ဗဟိုအဆင့်တွင် အနုပညာအရည် အသွေးပြောင်မြောက်စွာ ယှဉ်ပြိုင် အနိုင်ရရှိရေး     ပညာရှင်များ၊ နည်းပြများဖြင့်      စခန်းသွင်း အနီးကပ်လေ့ကျင့်သင်ကြားပေး ရန်လိုမည်ဖြစ်ကြောင်း၊   ပြိုင်ပွဲ အမျိုးအစားအလိုက်   ယခင်က ထက်ပိုမိုသည့်  အောင်မြင်မှုများ ရရှိရန်  သက်ဆိုင်ရာတာဝန်ရှိသူ များက တွန်းအားပေးဆောင်ရွက် ကြရန်လိုကြောင်း၊ ဦးစီးကော်မတီ နှင့် လုပ်ငန်းကော်မတီတို့မှလည်း လုပ်ငန်းတာဝန်များကို အင်တိုက် အားတိုက်   ဆောင်ရွက်ပေးကြရ မည်ဖြစ်ကြောင်း   အမှာစကား ပြောကြားသည်။

 


ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ   တိုင်းရင်း သားရေးရာဝန်ကြီး   ဦးစန်းကို က ပြည်နယ်အဆင့်   ပြိုင်ပွဲကျင်းပရေး နှင့် ဗဟိုအဆင့်ပြိုင်ပွဲတွင် အရည် အချင်းပြည့်မီစွာ    သွားရောက် ယှဉ်ပြိုင်  အောင်မြင်မှုရရှိနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများကို    ရှင်းလင်း တင်ပြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် များက ဖြည့်စွက်ဆွေးနွေးကြကာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီအတွင်းရေးမှူးများက    သက်ဆိုင်ရာကဏ္ဍ အလိုက် ဆောင်ရွက်ထားမှုအခြေ အနေများကို ဆွေးနွေးတင်ပြကြ သည်။

 


ယင်းနောက်  အစည်းအဝေး သို့   တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)