ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/ KNLA (PC)မှ ဥက္ကဋ္ဌ စောထော့လေး ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှ ပြန်လည်ထွက်ခွာ

 

 

နေပြည်တော်    မေ   ၂၉


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ နေပြည်တော်သို့ ရောက်ရှိနေသည့် ကရင်အမျိုးသား အစည်းအရုံး၊  ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/ KNLA (PC)  မှ    ဥက္ကဋ္ဌ    စောထော့လေး    ဦးဆောင်သော  ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည်  ယနေ့နံနက် ၇ နာရီခွဲတွင်  နေပြည်တော်ရှိ  Horizon  Lake  View Resort မှ မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာ သွားသည်။

 


အဆိုပါ   ကရင်အမျိုးသားအစည်းအရုံး၊  ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်  (ငြိမ်းချမ်း ရေးကောင်စီ)  KNU/ KNLA  (PC) မှ   ဥက္ကဋ္ဌ စောထော့လေး   ဦးဆောင်သော   ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့အား အမျိုးသားစည်းလုံးညီညွတ် ရေးနှင့်ငြိမ်းချမ်းရေး      ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာနမှ တိုင်းရင်းသား  တိုင်းရင်းသူများ၊   ငြိမ်းချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူများက ထာဝရငြိမ်းချမ်း ရေးကိုရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ် အမှန်ဖြစ်သည်၊ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသား အားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့  တွေ့ဆုံဆွေးနွေးကြပါစို့၊  တိုင်းရင်းသား တွေ    စည်းလုံးမှ   ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ စသည့်စာသားပါဆိုင်းဘုတ်များ   ကိုင်ဆောင်၍လည်း ကောင်း၊   နိုင်ငံတော်အလံငယ်များ  ကိုင်ဆောင်၍ လည်းကောင်း နေပြည်တော်ရှိ Horizon Lake View Resort ၌ ပို့ဆောင်နှုတ်ဆက်ကြသည်။ 


သတင်းစဉ်