ကပ်ရောဂါကူးစက်မှုများပြားနေသည့်အချိန် အားကစားပြိုင်ပွဲများကို ဗြိတိန်က အိမ်ရှင်အဖြစ် လက်ခံကျင်းပ 


 

လန်ဒန်  ဇူလိုင်  ၁၂


ဗြိတိန်နိုင်ငံတွင် ဇူလိုင် ၁၁ ရက်က  ဘောလုံးကွင်း အတွင်း  ယူရို  ၂၀၂၀   ဗိုလ်လုပွဲကို   ကွင်းအပြည့် ပရိသတ်များက အားပေးခဲ့ကြသည်။ ဒယ်လ်တာ ဗိုင်းရပ်စ်ကူးစက်မှု   များပြားနေသည့်   ကာလတွင် ယခုလို ဘောလုံးပွဲအားပေးခဲ့ကြခြင်း ဖြစ်သည်။ 
ဗြိတိန်တွင်  နေ့စဉ်ကူးစက်မှုနှုန်းမှာ ၃၅၀၀၀ ကျော်တွင်   ရှိသည်။   ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲကို လည်း  ပရိသတ်အင်အား  ၁၅၀၀၀ ဖြင့် ကျင်းပခွင့် ပေးခဲ့သည်။   ကွင်းအတွင်းသို့    မဝင်ရောက်မီ   ကိုဗစ် - ၁၉ ကင်းစင်ကြောင်း ဆေးစစ်ချက်ကို     ပြသ ရသည်။
ပွဲကြည့်ပရိသတ်များသည့်   အဆောက်အအုံ အတွင်း ဝင်ရောက်သည့်အခါတွင်လည်း   ပါးစပ် နှာခေါင်းစည်းများ တပ်ဆင်ကြရသည်။
ပွဲကြည့်ပရိသတ်အများစုကမူ ရောဂါကူးစက်မှု ကို မစိုးရိမ်ကြောင်း၊  ပရိသတ်များမှာ  ဆေးစစ်ချက် တွင်    ကိုဗစ် - ၁၉   ကင်းစင်ကြောင်း    ပြသရပြီး ကာကွယ်ဆေးအပြည့်အဝ ထိုးပြီးသားဖြစ်သည့် အတွက် မစိုးရိမ်ကြောင်း ပြောကြားခဲ့ကြသည်။ 
အင်္ဂလန်နှင့် အီတလီအသင်းတို့ နောက်ဆုံးပွဲ စဉ်အတွင်း   ပရိသတ်ပေါင်း   ၆၀၀၀၀     ကျော် လာရောက်ကြည့်ရှုခဲ့ကြသည်။            
အင်န်အိတ်ချ်ကေ