KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ကျဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး အပြစ်မဲ့ဒေသခံ ပြည်သူ သုံးဦး သေဆုံး

 

ကျောက်ခဲကြီးကျေးရွာအနီးရှိ နာရေးအိမ်၌ လိုအပ်သည့်အုပ်ချုပ်မှုကိစ္စရပ်များ 
ကူညီဆောင်ရွက်ပေးနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား 
KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက 
အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ကျဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး 
အပြစ်မဲ့ဒေသခံ ပြည်သူ သုံးဦး သေဆုံး

 

နေပြည်တော်   ဇန်နဝါရီ    ၃
ပဲခူးတိုင်းဒေသကြီး        ကျောက်ကြီးမြို့နယ် ကျောက်ခဲကြီးကျေးရွာအနီးရှိ     နာရေးအိမ်၌ လိုအပ်သည့်     အုပ်ချုပ်မှုကိစ္စရပ်များ    ကူညီ ဆောင်ရွက်ပေးနေသည့်     လုံခြုံရေးတပ်ဖွဲ့နှင့် ဒေသခံပြည်သူများအား KNU အဖွဲ့မှ အကြမ်းဖက် မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက် သမားများက  အကြောင်းမဲ့  ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ဒဏ်ရာ ရရှိခဲ့ပြီး  အပြစ်မဲ့ဒေသခံပြည်သူ  သုံးဦးသေဆုံးခဲ့ ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ   ပဲခူးတိုင်းဒေသကြီး   ကျောက်ကြီး မြို့နယ်အတွင်း     လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည်  ဇန်နဝါရီ  ၂  ရက်  နံနက် ၆ နာရီ    ၄၅   မိနစ်ခန့်တွင်   ကျောက်ကြီးမြို့မှ ကျောက်ခဲကြီးကျေးရွာသွား    ကားလမ်းအနီး လူကြီးရောဂါဖြင့်  ကွယ်လွန်သည့်  နာရေးအိမ်သို့ သွားရောက်၍ လိုအပ်သည့် အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ပေးပြီး ပြန်လည်ထွက်ခွာလာစဉ် KNU တပ်မဟာ(၃)အဖွဲ့နှင့် အကြမ်းဖက်သမားများက ၎င်းနေအိမ်၏ အနောက်တောင်ဘက်ရှိ နေအိမ် များအတွင်း အကာအကွယ်ယူ၍ ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့်  လုံခြုံရေးတပ်ဖွဲ့အချို့  ကျဆုံး၊  ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အဆိုပါ နာရေးအိမ်တွင်  ကူညီလုပ်ကိုင်ဆောင်ရွက်ပေးနေသည့်  အပြစ်မဲ့ ဒေသခံပြည်သူ သုံးဦး သေဆုံးခဲ့ကြောင်း သိရှိရ သည်။
အထက်ပါဖြစ်စဉ်တွင် အကြမ်းဖက်သမားများ နှင့်    ပါဝင်ပတ်သက်သူများအား    ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ် လျက်ရှိကြောင်းနှင့်  နယ်မြေတည်ငြိမ်အေးချမ်းရေး အတွက်   လိုအပ်သည့်    လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း  သတင်း ရရှိသည်။
သတင်းစဉ်