ကျန်ရစ်သူမိသားစုဝင်များ သိရှိစေရန် ကြေညာခြင်း

 

ပြန်ကြားရေးဝန်ကြီးဌာန၊   ပုံနှိပ်ရေးနှင့်  ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က   အမျိုးသားစာပေ   တစ်သက်တာဆုရှင်များ၏    စာပေလက်ရာများအနက်  လက်ရှိခေတ်အခြေအနေကို   ထင်ဟပ်ပြီး  မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးနှင့်    နိုင်ငံနှင့်လူမျိုး   အကျိုးစီးပွား ဖြစ်ထွန်းစေမည့်  စာအုပ်စာစောင်များကို   ပြန်လည်ထုတ်ဝေရန် ဆောင်ရွက်လျက်ရှိရာ  ဆရာမကြီး  စောမုံညင်း၏ “မြန်မာအမျိုးသမီး ဆင်ယင် ထုံးဖွဲ့မှု” စာအုပ်ကို   ပြန်လည်ထုတ်ဝေရန်  စီစဉ်ထား ပါသည်။  သို့ဖြစ်ပါ၍   ဆရာမကြီး၏     မူပိုင်ခွင့်ဆက်ခံရရှိ သူများအနေနှင့်  ကန့်ကွက်ရန်ရှိပါက  စာပေဗိမာန်သို့  လူကိုယ်တိုင် ဖြစ်စေ သို့မဟုတ် ဖုန်း ၀၁၈ ၂၄၀၀၄၈ သို့ဖြစ်စေ ကြော်ငြာပါသည့် နေ့မှစ၍   ခုနစ်ရက်အတွင်း  ဆက်သွယ်နိုင်ပါကြောင်း  အသိပေးအပ် ပါသည်။      

                   

စာပေဗိမာန်