
နေပြည်တော် ဇူလိုင် ၅
အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease 2019 (COVID - 19) ရောဂါ ကာကွယ်နိုင်ရေးနှင့် ကူးစက် ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေ သည့်ကာလအတွင်း COVID-19 ရောဂါ သံသယလူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ သစ်များ ထားရှိရန်အတွက် ယနေ့ တွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ကွန်ပျူတာတက္ကသိုလ် (ပြည်) ၌ လူ ၁၀၀ ဆံ့ COVID - 19 Quarantine Center ထားရှိရန် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပြည်တပ်နယ်မှ နယ်မြေခံ တပ်မတော်သားများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ရာတွင် နယ်မြေခံတပ်မတော်သားများက အဆောက်အအုံ အတွင်း၊ အပြင် သန့်ရှင်းရေးဆောင်ရွက်ပေးခြင်း၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်းများ ပြန်လည် တူးဖော်ခြင်းများအား ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်