ကံမလေး ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်းသစ်မှ နွေသီးနှံအတွက် စိုက်ပျိုးရေပေးဝေမည်

 

နေပြည်တော်    ဇန်နဝါရီ     ၅


၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင်   စတင်ဆောင်ရွက်ခဲ့သည့်   ကံမလေး       ဆိုလာလျှပ်စစ်    မြစ်ရေတင်    စီမံကိန်းသစ်မှ လာမည့်နွေသီးနှံအတွက် စိုက်ပျိုး ရေ     စတင်ပေးဝေသွားမည်ဖြစ် ကြောင်း   မကွေးတိုင်းဒေသကြီး     ဆည်မြောင်းနှင့်    ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ     သိရသည်။

 


“ကံမလေး      မြစ်ရေတင် စီမံကိန်းက     အသစ်ဖြစ်ပြီး    စီမံ ကိန်းအကျိုးပြု ဧက ၃၀၀    ဖြစ်ပါ တယ်။ ဆိုလာနဲ့  လျှပ်စစ်တွဲဖက် တပ်ဆင်ထားတဲ့  စီမံကိန်းတစ်ခု  ဖြစ်ပြီးတော့   လာမယ့်နွေသီးနှံရာသီမှာ    ဒေသခံ တောင်သူတွေ       ရေသွင်းစိုက်ပျိုးရေးစနစ်ကို  စတင်စမ်းသပ်လေ့ကျင့်တဲ့အနေနဲ့ ဧက ၁၀၀ ကို စတင်စမ်းသပ်     ရေပေးဝေသွားမှာ   ဖြစ်ပါတယ်။ ဇန်နဝါရီလစတုတ္ထပတ်လောက်ကနေစပြီး     ရေပေး ဝေဖို့   လျာထားဆောင်ရွက်လျက်ရှိပါတယ်”  ဟု မကွေးတိုင်းဒေသကြီး ဆည်မြောင်းနှင့်   ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဦးက ပြောသည်။

 


ကံမလေး  ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်း သည် မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံ မြို့နယ် ကံမလေးကျေးရွာအနီးတွင် တည်ရှိသည်။  တောင်သူများအတွက် စိုက်ပျိုးရေကို ဧရာဝတီမြစ်မှ ရေကို ၇၅ ကီလိုဝပ်မော်တာဖြင့် တွဲဖက်ထားသည့် (၉)   ကျူ့ဆက်  ရေတင်ပန့်  သုံးစုံဖြင့်  စုပ်တင်ကာ ရေငြိမ်ကန်၊     ရေပေးမြောင်း၊      ရေထိန်းရေပေး အဆောက်အအုံများဖြင့် စနစ်တကျ ဖြန့်ဖြူးပေးဝေ သွားမည်ဖြစ်သည်။

 


စီမံကိန်းတွင် ရေပေးမြောင်း နှစ်မိုင်၊ တူးမြောင်း  အဆောက်အအုံ ၉၉ ခု ပါရှိပြီး ၁၇၀ ကီလိုဝပ်ဓာတ် အား ထွက်ရှိသည့် ဆိုလာစနစ်ပါဝင်သည်။ စီမံကိန်း ကို     ၂၀၂၂-၂၀၂၃   ဘဏ္ဍာရေးနှစ်တွင်      အပြီး တည်ဆောက်သွားမည်ဖြစ်ပြီး စီမံကိန်းပြီးပါက နွေ၊ မိုး၊ ဆောင်း သုံးရာသီစလုံး  စိုက်ပျိုးနိုင်မည်ဖြစ်သဖြင့်  သီးနှံစိုက်စွမ်းအား၊  သီးနှံအထွက်နှုန်းများ  မြင့်မား လာခြင်းနှင့်အတူ  လူမှုစီးပွားဘဝ  ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည်။

 


“ဒီမြစ်ရေတင်စီမံကိန်းဟာ ဆိုလာစနစ်ပါဝင်တဲ့ အတွက် လျှပ်စစ်ရေတင်တွေမှာ နှစ်စဉ်ရေပေးဝေတဲ့ အခါ သုံးစွဲရတဲ့ လျှပ်စစ်ဓာတ်အားယူနစ် ၄၀ ရာခိုင် နှုန်း     သက်သာမှာဖြစ်လို့   ရေရှည်အတွက်လည်း အကျိုးရှိမှာဖြစ်ပါတယ်” ဟု  ဒုတိယ ညွှန်ကြားရေးမှူး  က ဆက်လက်ပြောကြားသည်။

 


မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား သုံး ရေတင်များမှ လျှပ်စစ်ဓာတ်အားခ ကုန်ကျစရိတ်  လျှော့ချနိုင်ရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်သည့်    နေရောင်ခြည်သုံး      ဆိုလာစနစ်ကို တွဲဖက်တပ်ဆင်လျက်ရှိရာ   မင်းဘူးခရိုင်  မင်းဘူး မြို့နယ် ကမ်းနီရေတင်တွင်လည်း တပ်ဆင်ပြီးစီးပြီး ဖြစ်ကြောင်း၊ မကွေးခရိုင် မကွေးမြို့နယ် မြင်ကွန်း လျှပ်စစ်မြစ်ရေတင်တွင်  ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်၌  ဆိုလာစနစ် တွဲဖက်တပ်ဆင်ရန် ရန်ပုံငွေလျာထား ပါဝင်ကြောင်းနှင့်   အသစ်ဆောင်ရွက်မည့်  ရေတင် စီမံကိန်းများကိုလည်း   ဆိုလာနှင့်  လျှပ်စစ်တွဲဖက် တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း      သိရ သည်။

 


ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနမှ မကွေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်ပြီး လျှပ်စစ်ရေတင်လုပ်ငန်း   ၃၀  မှ  နှစ်စဉ် နွေ/မိုး သီးနှံဧကပေါင်း  ၃၉၃၇၆ကို စိုက်ပျိုးရေပေးဝေခြင်း ဖြင့် မိုးခေါင်ရေရှားသည့် မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းခြောက်သွေ့ဇုန်၏       စိုက်ပျိုးရေးကဏ္ဍကို အားဖြည့်ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၁-၂၀၂၂ နွေသီးနှံရာသီတွင်   စိုက်ပျိုးမြေဧက  ၁၆၆၈၀  ကို စိုက်ပျိုးရေပေးဝေရန်   လျာထားဆောင်ရွက်လျက် ရှိကြောင်း သိရသည်။  

အောင်မင်းဟန် (သတင်းစဉ်)