
ကျောင်းသား ကျောင်းသူများအားလုံး မူလတန်းမှစ၍ တက္ကသိုလ်ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးရန်လို
နေပြည်တော် ဒီဇင်ဘာ ၂၈
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင်များ ဖြစ်သည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးနှင့် တာဝန်ရှိ သူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့သို့ သွားရောက်၍ မြို့နယ် ပြည်သူ့ဆေးရုံနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
ကြိုဆိုနှုတ်ဆက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ကိုကိုးကျွန်းမြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်နယ်မှ တာဝန်ရှိသူများက လေဆိပ်တွင် လှိုက်လှဲစွာ ခရီးဦးကြိုဆို နှုတ်ဆက်ကြ သည်။
ထို့နောက် နယ်မြေခံ ရေတပ်စခန်း ဌာနချုပ် အစည်းအဝေးခန်းမတွင် ရေတပ်စခန်းမှူးက ဒေသဖွံ့ဖြိုးရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် ကိုကိုးကျွန်းမြို့နေ ဒေသခံပြည်သူများနှင့် ကုန်စည်များအား တပ်မတော်မှရေယာဉ်၊ လေယာဉ်များဖြင့် အပတ်စဉ်၊ လစဉ် အခမဲ့ ပို့ဆောင်ပေးနေမှု အခြေအနေ၊ အုန်းနှင့် အုန်းထွက်ပစ္စည်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်း တင်ပြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံ
အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကိုကိုးကျွန်းမြို့ မြို့နယ်ပြည်သူ့ဆေးရုံသို့ရောက်ရှိကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာ မျိုးမင်းအောင်နှင့် အဖွဲ့ဝင်များက ကြိုဆို နှုတ်ဆက်ကြပြီး ဆေးရုံအစည်းအဝေး ခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ဆေးရုံသမိုင်းအကျဉ်း၊ နှစ်အလိုက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှုနှင့် ဒေသခံများ၏ ကျန်းမာရေးကဏ္ဍ တိုးတက်လာသည့် အခြေအနေ၊
ကျန်းမာရေး ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများ၊ ရေ၊ မီး လိုအပ်ချက် များကို ဆောင်ရွက်ပေးနေမှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကာကွယ်ထိန်းချုပ်မှု၊ ကာကွယ်ဆေးထိုးနှံမှု၊ အသိပညာပေးမှုများ ဆောင်ရွက် ပေးနိုင်ခဲ့မှုနှင့် ရောဂါပိုးအတည်ပြုလူနာ တစ်ဦးတစ်ယောက်မျှ မရှိသည်အထိ ထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့သည့် အခြေ အနေ၊ တပ်မတော်၏ ကျန်းမာရေး ကူညီ စောင့်ရှောက်မှု၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးမှုတို့ကြောင့် ဒေသခံများ ၏ ကျန်းမာရေးတိုးတက်လာမှု အခြေ အနေနှင့် ဆေးရုံတွင်လိုအပ်လျက်ရှိသည် များကို ရှင်းလင်းတင်ပြသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ရှင်းလင်းတင်ပြမှုများအပေါ်နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ကိုကိုးကျွန်းဒေသသည် ယခင်က သွားလာရေးနှင့် စားသောက်ရေး တို့တွင် များစွာ အခက်အခဲများရှိခဲ့ ကြောင်း၊ ထို့ကြောင့် မိမိတပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန် ထမ်းဆောင်ချိန်မှစ၍ ကိုကိုးကျွန်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် သည်များကို အမြဲမပြတ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအခါ ယခင် ကထက် များစွာတိုးတက်ပြောင်းလဲ လာပြီဖြစ်သော်လည်း လိုအပ်ချက်များ ရှိနေဦးမည်ဖြစ်သဖြင့် ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်မှု လွယ်ကူ ချောမွေ့ရေး၊ ကျန်းမာရေးတို့အတွက် ဆက်လက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကိုကိုးကျွန်းသည် အခြားကျွန်းများနှင့်မတူဘဲ လမ်းပန်း ဆက်သွယ်ရေး ဝေးကွာမှု အခက်အခဲများ၊ ရာသီဥတုအခက်အခဲများရှိခြင်းကြောင့် တပ်မတော်အနေဖြင့် ဒေသဖွံ့ဖြိုး တိုးတက်စေလိုသည့် ရည်ရွယ်ချက်ဖြင့်သာ အစဉ်အဆက် လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်း ကူညီဆောင်ရွက်ပေးနေခြင်းသာဖြစ်ကြောင်း၊ ထို့ကြောင့် နယ်မြေခံတပ်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတို့အတူတကွ ဝိုင်းဝန်း၍ ဒေသ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကိုကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍ ယခင်ကထက် လမ်းပန်းဆက်သွယ်ရေး နှင့် နေရေး၊ စားရေးတို့တွင် အဆင်ပြေမှု ရှိလာပြီဖြစ်သဖြင့် ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာတွင် များစွာတိုးတက်ကောင်းမွန် လာပြီး ကျန်းမာရေးဆိုင်ရာများတွင်လည်း တိုးတက် ကောင်းမွန်လာသည်ကို တွေ့ရှိရသဖြင့် ဝမ်းသာပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများကို တာဝန် ပေးအပ်ရာတွင် အလှည့်ကျစနစ်ဖြင့် မဟုတ်ဘဲ နှစ်ကာလအပိုင်းအခြားဖြင့်
တာဝန်ထမ်းဆောင်စေရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှသာလျှင် တာဝန် ထမ်းဆောင်သည့် ဝန်ထမ်းများအနေဖြင့် ဒေသခံလူထု၏ ကျန်းမာရေးအခြေအနေ များနှင့် လိုအပ်ချက်များကို အတွင်းကျကျ သိရှိနိုင်မည်ဖြစ်ပြီး လုပ်ငန်းတာဝန်များ ကိုလည်း ဖိဖိစီးစီးဖြင့် အပြည့်အဝ
ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဒေသ၏ ကျန်းမာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် တပ်မတော်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ညီညီညွတ်ညွတ်ဖြင့် အတူတကွ ဝိုင်းဝန်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဆေးရုံအတွက် စားသောက်ဖွယ်ရာ ပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ဆေးရုံအုပ်ကြီးက လက်ခံရယူသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများအား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ် သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများက ကြိုဆိုနှုတ်ဆက် ကြပြီး ကျောင်းခန်းမ၌ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ကျောင်းသား ကျောင်းသူများအား ပညာသင်ကြားပေး နေမှု အခြေအနေ၊ ဆရာ ဆရာမများ လိုအပ်ချက်ရှိမှုနှင့် ခန့်အပ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဖြည့်ဆည်းပေးရန်လို
ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ကိုကိုးကျွန်း ဒေသတွင် လူသားအရင်းအမြစ်များ
လုံလောက်စွာရှိစေရေး ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်မှုများကို ယခုထက် ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက် ကြရန်လိုကြောင်း၊ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရာတွင် အဓိကလိုအပ်သည့် ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမများကိုလည်း တတ်နိုင် သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ဝေးလံခေါင်းပါးသည့် ဒေသတွင် တာဝန်ထမ်းဆောင်ရသည့် သူများဖြစ်သဖြင့် လိုအပ်သည်များ ကိုလည်း ဖြည့်ဆည်းပေးရန်လိုကြောင်း။
ပညာသင်ကြားရေးနှင့်ပတ်သက်၍ မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်၏ အမျိုးသားပညာရေးစီမံကိန်း (နှစ် - ၃၀) ကို ယခင်ကအတိုင်း ဆက်လက်သင်ကြား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခင် ဆောင်ရွက်ခဲ့သည့် သင်ရိုးများမှ မိမိတို့ နိုင်ငံ၏ လူမှုရေးစနစ်နှင့် မကိုက်ညီ သည်များကိုသာ တည်းဖြတ်ဆောင်ရွက် ထားခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ပညာရေးသည် ၂၀၁၉-၂၀၂၀ ခုနှစ် ပညာသင်နှစ်အထိ တန်းစဉ် ကူးပြောင်း မှုရာခိုင်နှုန်းများ များစွာလျော့နည်းခဲ့ ခြင်းကြောင့် ပညာရေးစနစ် အားနည်း ခဲ့ကြောင်း၊ ပညာသင်ကြားရေးစနစ်ကောင်းမွန်စေရေး ဆရာ ဆရာမများ ပြည့်စုံမှုရှိအောင် ဖြည့်ဆည်းရန် လိုအပ် ကြောင်း၊ နိုင်ငံတည်ဆောက်မှု State Building၊ Nation Building များ ဆောင်ရွက်ရာတွင် အခြေခံအားဖြင့် နိုင်ငံအတွင်း ပညာတတ်များ အများ အပြား ပေါ်ထွက်လာရန် မဖြစ်မနေ လိုအပ်ကြောင်း။
ကျောင်းသား ကျောင်းသူများကို ပညာသင်ကြားရာတွင် အတန်းပညာများ အား အမှန်တကယ်တတ်မြောက်ရန် လိုအပ်သကဲ့သို့ အသိပညာများရှိစေရန် အတွက်လည်း စာအုပ်စာပေများ ဖတ်ရှု လေ့လာစေရေး တိုက်တွန်းဆောင်ရွက် ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန် ထမ်းဆောင်ချိန်တွင် ကျောင်းနေအရွယ်တွင် ကလေးများ
အားလုံးပညာသင်ကြားနိုင်ရေး အနိမ့်ဆုံး အဆင့် KG + 9 (အခြေခံပညာ အလယ် တန်း) အဆင့် ပြီးမြောက်သည်အထိ သင်ကြားနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံအတွင်းရှိပြည်သူများအားလုံး အတန်းပညာများရှိရန်လိုအပ် သဖြင့် ကျောင်းသား ကျောင်းသူများ အားလုံး မူလတန်းမှစ၍ တက္ကသိုလ် ပြီးဆုံးသည်အထိ အတတ်နိုင်ဆုံး ပညာ သင်ကြားနိုင်ရေး ဆောင်ရွက်ပေးကြရန် လိုကြောင်း၊ အသိပညာ၊ အတတ်ပညာ များ တိုးတက်မြင့်မားရေး စာဖတ်ရှိန် မြှင့်တင်ရန်လည်း လိုအပ်ကြောင်း မှာကြားပြီး ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့် တပ်မတော်က နိုင်ငံတော်၏တာဝန်အား ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့ရမှု အခြေအနေများ၊ နိုင်ငံတော်အား ပြည်သူ များ၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ဆက်လက် လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင် ရွက်နေမှုနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆက်လက်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြား သည်။
m စာမျက်နှာ ၆ မှ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က ဆရာ ဆရာမများအတွက် စားသောက် ဖွယ်ရာများပေးအပ်ပြီး ဆရာ ဆရာမများ ၏ တင်ပြချက်များအပေါ် လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် နိုင်ငံတော် စီမံ
အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကိုကိုး ကျွန်းမြို့ ကျွန်းပတ်လမ်းနှင့် နယ်မြေခံ တပ်ဌာနချုပ်များကို လည်းကောင်း၊ ဂျယ်ရီကျွန်းနှင့် ကျွန်းမကြီးအား ကျွန်း ဆက်လမ်းဖောက်လုပ်မည့် အခြေအနေ များကိုလည်းကောင်း မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်ပြီး နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကိုကိုးကျွန်းမြို့ အုန်းနှင့်အုန်းထွက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းသို့ ရောက်ရှိကြပြီး အုန်းဆီသန့်စက်ရုံ၊ အလှဆင်ပစ္စည်းနှင့် အိမ်သုံးပစ္စည်းများ ထုတ်လုပ်မှု လုပ်ငန်းနှင့် အုန်းဆံကြိုးစက်ရုံတို့အတွင်း လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က အုန်းထွက်ပစ္စည်းများအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းများနှင့်ပေါင်းစပ်၍ ယခုထက်ပိုမို ထုတ်လုပ်ပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်နှင့် ထုတ်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ထုတ်လုပ် ရောင်းချနိုင်ရေး ဆောင်ရွက်ရန်
လိုကြောင်း မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နယ်မြေခံရေတပ်စခန်း ဌာနချုပ်အတွင်း ဥစားကြက်များ မွေးမြူ ထားရှိမှုနှင့် Green House များအတွင်း သီးနှံများစိုက်ပျိုးထားရှိမှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန် ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်