
နေပြည်တော် အောက်တိုဘာ ၄
ကျန်းမာရေးဝန်ထမ်းများ၊ Volunteer လူမှုအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် စေတနာရှင်အလှူရှင်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များက စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်နှင့် မိုင်းယန်းမြို့နယ် များအတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးဝန်ထမ်း များ၊ Volunteer များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အတွက် ယနေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိ သူများက သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး အထောက်အကူပြုပစ္စည်းများနှင့် အာဟာရ ဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် ရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူကြ သည်။ (ယာပုံ)
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်