ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ ဘားအံမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုများဆောင်ရွက်ပေး

 

ဘားအံ   ဇွန်  ၈
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများ၏အခြေခံ လူမှုစီးပွားဘဝများ   တိုးတက်စေရန်   လူတိုင်း သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်စေရေးနှင့် ကျန်းမာ ရေးစောင့်ရှောက်မှုများ တိုးတက်အောင်ဆောင်ရွက် လျက်ရှိရာ ပြည်သူများအနေဖြင့် သက်ဆိုင်ရာပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံကာ လိုအပ် သောရောဂါရှာဖွေစမ်းသပ်မှုများနှင့် ကုသမှုများကို မိမိတို့ဒေသ၌  လက်လှမ်းမီရရှိခြင်းဖြင့်   ကျန်းမာ သက်ရှည်စွာနေထိုင်နိုင်စေရေး လုပ်ငန်းစဉ်တစ်ရပ် အနေဖြင့် ဇွန် ၈ ရက်   နံနက်ပိုင်းက  ကျန်းမာရေး ဝန်ကြီးဌာနမှ  ပါမောက္ခ/အထူးကုဆရာဝန်ကြီး များသည် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဘားအံ မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်    တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌    ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က ဘားအံပြည်သူ့ဆေးရုံကြီးကို ခုတင်(၂၀၀)ဆံ့ ဆေးရုံအဖြစ်မှ ခုတင်(၅၀၀)ဆံ့ ပြည်သူ ဆေးရုံသို့ အဆင့်မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး အဓိကကျသည့် လူသားအရင်းအမြစ်များ လုံလောက်မှုရှိပါက   တိုးမြှင့်နိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ   လိုအပ်ချိန်တွင် လာရောက်ကြည့်ရှုစောင့်ရှောက်ကူညီပေးကြသည့် အတွက် များစွာဝမ်းမြောက်မိပါကြောင်း ပြောကြား ပြီး   အထူးကုဆေးကုသရေး    အစီအစဉ်အတွက် ငွေကျပ် ၂၂၁၈၅၀၀၀ ကို ပေးအပ်လှူဒါန်းသည်။
အဆိုပါ အထူးကုဆေးကုသရေးအစီအစဉ်တွင် ဆေးပညာအထူးကု၊ နှလုံးဆေးကုအထူးကု၊ ဦးနှောက် နှင့်   အာရုံကြောဆေးကုအထူးကု၊    အစာအိမ်နှင့် အူလမ်းကြောင်းအထူးကု၊   ကင်ဆာဆေးပညာ အထူးကု၊ ရင်ခေါင်းဆေးကု အထူးကု၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်အထူးကု၊ ကလေးအာရုံကြောဆေးကုအထူးကုဆရာဝန်ကြီးများပါဝင်ကြပြီး ပြည်နယ် အတွင်းရှိ    မြို့နယ်များမှ   ဒေသခံပြည်သူများအား လိုအပ်သောရောဂါရှာဖွေစမ်းသပ်မှုများနှင့် ကုသမှု များကို ဆောင်ရွက်ပေးကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်မိခင်နှင့်  ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့နာယက၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လာရောက် ပြသကုသမှုခံယူကြသော   ဒေသခံပြည်သူများကို အားပေးစကားပြောကြားကာ နေ့လယ်စာ အာဟာရ များ လှူဒါန်းထောက်ပံ့ခဲ့ကြသည်။
ယခုအထူးကုဆေးကုသရေးအစီအစဉ်ကို   ဇွန် ၈ ရက်နှင့် ၉ ရက်တို့တွင်   အထူးကုဆရာဝန်ကြီး များက နှစ်ရက်ကြာကုသမှုများ ဆောင်ရွက်ပေးသွား မည်ဖြစ်ရာ ပြည်သူ့ဆေးရုံကြီး(ဘားအံ)၏  စာရင်း များအရ   ကျန်းမာရေးစောင့်ရှောက်မှု    ခံယူနိုင်ရန် ကြိုတင်စာရင်းပေးပို့   ကောက်ခံရရှိထားသူပေါင်း ၁၀၀၀ ကျော်ရှိကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)