
နေပြည်တော် အောက်တိုဘာ ၂၀
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ပုံမှန်ကာကွယ်ဆေးထိုး အစီ အစဉ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေး (Human Papillomavirus Vaccine -HPV) စတင် ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန - ၂ (MICC-2) ၌ Social Distancing ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်း အတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဌာနဆိုင်ရာ အကြီး အကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒေါက်တာ ဝင်းမြတ်အေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယ ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများ၊ ပါမောက္ခချုပ်များ၊ ဆေးရုံ အုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် တာဝန် ရှိသူများ၊ နှီးနွှယ်ဌာနဆိုင်ရာများ၊ Gavi, the vaccine alliance အဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့နှင့် အလှူရှင် အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ် များ၊ အမျိုးသားအဆင့် ကာကွယ် ဆေးထိုးလုပ်ငန်းဆိုင်ရာ အကြံပေး အဖွဲ့ (NITAG) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ဆေးပညာရှင်အဖွဲ့အစည်း များ၊ ပြည်တွင်းနှင့် နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အခြေခံကျန်းမာ ရေး ပညာရှင်များက အွန်လိုင်း (online) မှ တစ်ဆင့် တက်ရောက်ခဲ့ ကြသည်။
အဖွင့်မိန့်ခွန်း ဗီဒီယိုဖိုင်ပြသ
အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ အဖွင့်မိန့်ခွန်း ဗီဒီယိုဖိုင်ကို ပြသသည်။
(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိလ် ၏ အဖွင့်မိန့်ခွန်း အပြည့်အစုံကို စာမျက်နှာ-၅ တွင် သီးခြားဖော်ပြ ထားပါသည်။)
ရပ်တန့်နေ၍ မရ
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေဖြင့် COVID-19 ကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်း များကိုသာမက အခြားသော ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများကို လည်း လစ်ဟင်းမှု မရှိစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီး ဌာန၏ ကျန်းမာရေးစီမံချက် (၄၀) ကျော်အနက် တစ်ခုအပါအဝင်ဖြစ် သော တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း စီမံချက်သည် ပြည်သူများ တွင် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင် သော ရောဂါ (၁၂) မျိုး မဖြစ်ပွားစေရေး အတွက် အလွန်အရေးကြီးသည့် လုပ်ငန်းများ ဆောင်ရွက်နေသည် ဖြစ်သဖြင့် ရပ်တန့်နေ၍ မရ ပါကြောင်း။
သားအိမ်ခေါင်းရောဂါ ကာကွယ် ဆေး အိတ်ချ်ပီဗီကာကွယ်ဆေးကို ဝန်ကြီးဌာန၏ တိုးချဲ့ကာကွယ်ဆေး ထိုးလုပ်ငန်း စီမံချက်၏ (၁၃) ခု မြောက် ရောဂါကာကွယ်ဆေးအဖြစ် ယခုလ ၂၀ ရက်နေ့မှ စတင်၍ ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်တွင် အခမဲ့ ထည့်သွင်းထိုးနှံခြင်းဖြစ် ပါကြောင်း၊ မြန်မာနိုင်ငံတွင် အသက် (၉) နှစ်မှ (၁၀) နှစ်အရွယ် မိန်းကလေး ၄၅၀,၀၀၀ ကျော်ခန့်ကို သားအိမ်ခေါင်း ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွား မည်ဖြစ်ပါကြောင်း၊ လတ်တလောတွင် မိမိအိမ်တွင် နေထိုင်ရေး (Stay at home) အစီအစဉ်တွင် အကျုံးဝင်သော မြို့နယ်များတွင် စတင်ထိုးနှံခြင်း မပြု သေးဘဲ (Stay at home) အစီအစဉ် ပယ်ဖျက်ပြီးသည်နှင့် တစ်ပြိုင်နက် သက်ဆိုင်ရာမြို့နယ်တွင် စတင်ထိုးနှံ သွားမည်ဖြစ်ပါကြောင်း။
ကုန်ကျစရိတ်များကို ကျခံ
စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ပါကလည်း ကျောင်းအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်များတွင် စတင်ထိုးနှံသွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌ ယခု စတင်ထိုးနှံမည့် သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး သည် သားအိမ်ခေါင်းရောဂါ ဖြစ်ပွား စေသည့် အိတ်ချ်ပီဗီ (HPV) ရောဂါပိုး (၄) မျိုးကို ကာကွယ်နိုင်သော လေးမျိုး စပ် ကာကွယ်ဆေးဖြစ်ပြီး Gavi, the vaccine alliance မှ မိမိတို့နိုင်ငံ အတွက် အထူးဈေးနှုန်းဖြင့် ဝယ်ယူ ပံ့ပိုးပေးသဖြင့် တစ်ဦးကို ထိုးရန် ဆေးတစ်ကြိမ်စာအတွက် အမေရိကန် ဒေါ်လာ ၄ ဒသမ ၅ ဒေါ်လာ ကျသင့် မည်ဖြစ်ပြီး တစ်ဦးလျှင် ဆေးနှစ်ကြိမ် ပြည့်အောင် (၁) နှစ်ခြား၍ ထိုးနှံရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ထိုးနှံ မည့် သားအိမ်ခေါင်းရောဂါ ကာကွယ် ဆေး တန်ဖိုး၏ ၈၀ ရာခိုင်နှုန်းကို Gavi, the vaccine alliance အဖွဲ့ မှ ပံ့ပိုးမည်ဖြစ်ပြီး နိုင်ငံတော်မှ ဆေးတန်ဖိုး ၂၀ ရာခိုင်နှုန်းအပြင် အခြားသော လုပ်ငန်းဆောင်ရွက်ရန် ကုန်ကျစရိတ်များကို ကျခံသွားမည် ဖြစ်ပါကြောင်း။
သိသာထင်ရှားစွာ လျော့နည်း
မိမိတို့နိုင်ငံသည် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့၏ အရှေ့တောင်အာရှနိုင်ငံ များတွင် (၅) နိုင်ငံမြောက် အဖြစ် လည်းကောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ များတွင် (၆) နိုင်ငံမြောက်အဖြစ် လည်းကောင်း သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးကို တစ်ပြည်လုံး အတိုင်းအတာဖြင့် ပုံမှန်ကာကွယ် ဆေးထိုးအစီအစဉ်တွင် ထည့်သွင်း ထိုးနှံနိုင်ခြင်းလည်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခြင်းအား ဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားမှုများ လျော့နည်းသွားမည့် အပြင် လိင်အင်္ဂါကြွက်နို့ရောဂါ အပါ အဝင် အိတ်ချ်ပီဗီ (HPV) ရောဂါပိုး ကြောင့် ဖြစ်ပွားသော ရောဂါများကိုပါ ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း၊ အမျိုးသမီးများတွင် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှု လျော့နည်း လာပါက ရောဂါကြောင့် ဝေဒနာခံစား ရမှုများ၊ လူမှု-စီးပွားထိခိုက်ပျက်စီးမှု များ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ အရွယ်မတိုင်မီ သေဆုံးမှုများ သိသာ ထင်ရှားစွာ လျော့နည်းသွားမည်ဖြစ် ပါကြောင်း။
သားအိမ်ခေါင်းရောဂါ ကာကွယ် ဆေးကို အသွားအလာခက်ခဲဒေသ များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ၊ တိုင်းရင်းသားဒေသများ အားလုံးတွင် လည်း သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ပူးပေါင်း ပါဝင်ပံ့ပိုးမှုဖြင့် ထိုးနှံပေးသွားမည် ဖြစ်ပါကြောင်း၊ ထိုသို့ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် ကာကွယ် ဆေး ထိုး/ တိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများ၊ မြို့နယ်ဆရာဝန်ကြီး များနှင့် အခြေခံကျန်းမာရေးပညာရှင် များ၏ ပံ့ပိုးပါဝင်မှုများသည် အထူး အရေးကြီးပါကြောင်း။
အမြဲမပြတ်စောင့်ကြပ်
မိမိအနေဖြင့် ကာကွယ်ဆေးများ ၏ အကျိုးကျေးဇူးကို အနည်းငယ် ပြောကြားလိုပါကြောင်း၊ အမေရိကန် နိုင်ငံ Johns Hopkins University မှ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နိုင်ငံ ၉၄ ခုတွင် သုတေသနပြုလေ့လာ မှုများမှ တွေ့ရှိချက်များအရ ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် အမေရိကန် ဒေါ်လာ ၁ ဒေါ်လာ ရင်းနှီးမြှုပ်နှံခြင်းဖြင့် အမေရိကန် ဒေါ်လာ ၁၆ ဒေါ်လာနှင့် ညီမျှသော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူး များ ရရှိမည်ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၄၄ ဒေါ်လာနှင့် ညီမျှသော လူမှုစီးပွားဆိုင်ရာ အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန ၏ အမျိုးသားအဆင့် ကာကွယ်ဆေး ထိုးလုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့ (NITAG) နှင့် တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်တို့အနေဖြင့် ကမ္ဘာ တစ်ဝန်းရှိ COVID-19 ကာကွယ်ဆေး များ စမ်းသပ်နေမှု သတင်းအခြေ အနေများကို အမြဲမပြတ်စောင့်ကြပ် ကြည့်ရှုလျက်ရှိပါကြောင်း၊ လက်ရှိ ၌ ကမ္ဘာတစ်ဝန်းတွင် COVID-19 ကာကွယ်ဆေး အမျိုးမျိုးကိုလည်း စမ်းသပ်လျက်ရှိပြီး မည်သည့် ကာကွယ်ဆေးကမျှ (phase-3 clini-cal trial) ကို ပြီးမြောက်ခြင်း မရှိသေး ပါကြောင်း။
လုပ်ငန်းလမ်းညွှန်များလည်း အသင့်ရှိ
စမ်းသပ်မှုအဆင့်ဆင့် ပြီးမြောက် ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အသိအမှတ်ပြု ထောက်ခံသော COVID-19 ကာကွယ်ဆေးပေါ်ပေါက် လာပါက မိမိတို့နိုင်ငံ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းစာ ကာကွယ်ဆေးများကို ရရှိနိုင်ရေးအတွက် Gavi, the vaccine alliance အဖွဲ့မှ ပံ့ပိုးပေးမည်ဖြစ် ပါကြောင်း၊ ထိုသို့ပေါ်ပေါက်လာပါက မိမိတို့နိုင်ငံတွင် ထိုးနှံရေးအတွက် ကာကွယ်ဆေးထိုးလုပ်ငန်း အတွေ့ အကြုံမြင့်မားသည့် ပညာရှင်များ၊ အခြေခံကျန်းမာရေး ပညာရှင်များ၊ ကာကွယ်ဆေး ထိန်းသိမ်းထားသိုရန် အအေးလမ်းကြောင်းများ၊ ကာကွယ် ဆေးထိုးလုပ်ငန်းဆိုင်ရာ လုပ်ငန်း လမ်းညွှန်များလည်း အသင့်ရှိပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် အမျိုးသမီး-နှစ် (woman-years) (၁) သိန်းတွင် (၄) ဦးအောက်သာ သားအိမ်ခေါင်း ကင်ဆာရောဂါ ဖြစ်ပွားမှုရှိရန်ဟူသည့်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ “သားအိမ် ခေါင်းကင်ဆာ ရောဂါကင်းဝေးရေး” ရည်မှန်းချက် ပြည့်ဝစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း။
သားအိမ်ခေါင်းကင်ဆာ ရောဂါ သည် ရောဂါအဆင့်နိမ့်ချိန် သားအိမ် ခေါင်းကင်ဆာ အကြိုအဆင့်၌ စောစီး စွာ စစ်ဆေးသိရှိကာ စနစ်တကျ ကုသမှုခံယူပါက ပျောက်ကင်းနိုင် ပါကြောင်း၊ အသက် ၃၀ မှ ၄၅ နှစ် အတွင်း အမျိုးသမီးများအနေဖြင့် သားအိမ်ခေါင်း အချွဲအမြှေးကို ယူ၍ စစ်ဆေးခြင်း (PAP Smear) ဖြင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကို စစ်ဆေးမှု ခံယူသင့်ပါကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် ထိုသို့စစ်ဆေးမှုများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး အတွက် ဆက်လက် ကြိုးပမ်းဆောင် ရွက်လျက်ရှိပါကြောင်း၊ သားအိမ်ခေါင်း ရောဂါကာကွယ်ဆေးဆိုင်ရာ အသိ ပညာများ၊ သားအိမ်ခေါင်းကင်ဆာ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာ များကို ဝန်ကြီးဌာနမှ ပိုစတာများ၊ လက်ကမ်းစာစောင်များ၊ လူမှုကွန်ရက် နှင့် အင်တာနက်စာမျက်နှာများမှ တစ်ဆင့် ဖြန့်ဝေပေးလျက်ရှိပြီး ပြည်သူများကလည်း မိမိတို့ ပတ်ဝန်း ကျင်၊ မိမိတို့၏ မိတ်ဆွေများသို့ လည်းကောင်း၊ ကျောင်းများပြန်လည် ဖွင့်လှစ်ချိန်တွင်လည်း ဆရာ ဆရာမ များက ကျောင်းသား ကျောင်းသူများ ထံသို့ လည်းကောင်း အသိပညာများ မျှဝေပေးကြစေလိုပါကြောင်း။
ပြည်သူများအနေဖြင့် မိမိတို့ အိမ်နီးနားချင်းများ၏ အသက် ၉ နှစ် မှ ၁၀ နှစ်အရွယ် မိန်းကလေးငယ် များအား သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး ထိုးနှံကြရန်အတွက် အသိပေးမျှဝေ ပြောကြားမှုများ ပြုလုပ်ပေးစေလိုပါကြောင်း၊ ပြန်ကြား ရေးဝန်ကြီးဌာန အနေဖြင့်လည်း သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး ဆိုင်ရာ အကြောင်းအရာများကို တိုင်းရင်းသား ဘာသာစကားများ ဖြင့်ပါ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေ ပေးနိုင်ရန် မေတ္တာရပ်ခံအပ်ပါကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံ၏ အနာဂတ် အမျိုးသမီးငယ်များက ကျန်းမာရေး အတွက် သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် အားထုတ်ပံ့ပိုးပေးခဲ့သော နိုင်ငံတော် အစိုးရနှင့် လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သော ဝန်ကြီးဌာနရှိ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း စီမံချက်အပါအဝင် သက်ဆိုင် သူ အားလုံးအား ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြား သည်။
ယင်းနောက် အိတ်ချ်ပီဗီကာကွယ် ဆေး ထိုးနှံခြင်းနှင့် ပတ်သက်၍ ပညာပေးဗီဒီယိုကို ပြသသည်။
ထို့နောက် အမျိုးသမီးငယ် သုံးဦး အား အိတ်ချ်ပီဗီကာကွယ်ဆေး စတင် ထိုးနှံပေးပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။ သတင်းစဉ်