
နေပြည်တော် ဇူလိုင် ၁၁
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကိုဗစ်- ၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး အသိပညာများ၊ လိုက်နာဆောင်ရွက်ရန် အချက်အလက် များနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် သိရှိလိုသည်များကို အချိန် နှင့်တစ်ပြေးညီ ပြန်လည်ဖြေကြားနိုင်ရန်အတွက် (၂၂-၆-၂၀၂၁)ရက်နေ့၊ နံနက်(၀၈၀၀) နာရီမှစတင်၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ရုံးအမှတ်-၄၊ နေပြည်တော်တွင် သတင်းအချက်အလက် များ မေးမြန်းစုံစမ်းရန်ဌာန (Call Center)အား ဖွင့်လှစ်ထားရှိလျက် ရှိပါသည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မိမိတို့ သိရှိလိုသည့် ကိုဗစ်- ၁၉ ရောဂါဆိုင်ရာ အချက်အလက်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန သတင်းအချက်အလက်များ မေးမြန်းစုံစမ်းရန်ဌာန (Call Center)ရှိ အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ နေ့စဉ် နံနက် (၀၈၀၀)နာရီမှ ည (၂၁၀၀) နာရီအတွင်း ဆက်သွယ်မေးမြန်း စုံစမ်း နိုင်ပါကြောင်း သတင်းရရှိပါသည် -
(၁) ၀၆၇- ၃၄၁၁၅၀၈
(၂) ၀၆၇- ၃၄၁၁၅၀၉
(၃) ၀၆၇- ၃၄၁၁၁၄၄
(၄) ၀၉- ၈၈၂၅၅၇၉၉၁
(၅) ၀၉- ၈၈၂၅၅၇၉၉၂
(၆) ၀၉- ၈၈၂၅၅၇၉၉၃
သတင်းစဉ်