
နေပြည်တော် ဒီဇင်ဘာ ၁၉
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ကြီးမှူး၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အထောက်အပံ့ဖြင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်အခြေအနေများကို ပြန်လည်သုံးသပ်ပြီး အနာဂတ် အစီအမံများရေးဆွဲခြင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီး ဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာ အေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ နိုင်ငံဆေးကောင်စီဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံသွားနှင့် ခံတွင်းဆိုင်ရာ ဆေးကောင်စီ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်း ဆေးကောင်စီ ဥက္ကဋ္ဌ၊ ဆေးနှင့် ဆေးနှီးနွှယ် တက္ကသိုလ်ပါမောက္ခ ချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများ၊ ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ ပြည်နယ်၊ တိုင်း ဒေသကြီးနှင့် ကျန်းမာရေးပညာ ရပ်ဆိုင်ရာ ကောင်စီများမှ ဖိတ် ကြားထားသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ တွင် ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ စီမံကိန်း များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မှု၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘက်ပေါင်းစုံ မှ ဖြည့်ဆည်းဆောင်ရွက်ပေးနေ မှုနှင့် ကျန်းမာရေးလူ့စွမ်းအား အစီအမံများအတွက် လိုက်နာ ဆောင်ရွက်သင့်သည့် အချက်များ ကို ပြောကြားသည်။
ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ကျန်းမာ ရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ခိုင်ဦးက ပထမ အကြိမ်နှင့် ဒုတိယအကြိမ်အလုပ်ရုံ ဆွေးနွေးပွဲများမှ တွေ့ရှိချက် များ၊ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်စိုးညွန့်က ဦးစီးဌာနများ အကြား အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ရှိလာသော အဆိုပြုအနာဂတ် အစီအမံများ၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ဇေယျာဝင်းက National Health Workforce Account ဆိုင်ရာ အချက်အလက်များနှင့် WHO Local Consultant ဒေါက်တာ တင်တင်လေးက ကျန်းမာရေး လူစွမ်းအား အနာဂတ်အစီအမံများ အတွက် လိုအပ်ချက်များနှင့် အကြံပြုချက်များကို ရှင်းလင်း ဆွေးနွေးကြပြီး တက်ရောက်လာ သူများက ပြန်လည်ဆွေးနွေးခြင်း များ ဆောင်ရွက်ကြသည်။
မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာခင်မောင်အေးက မြန်မာ နိုင်ငံ ဆေးကောင်စီ၏ ဆေး တက္ကသိုလ်များအတွက် အရည် အသွေးအသိအမှတ်ပြု (Accre-ditation) ဆိုင်ရာ ဆောင်ရွက် နေမှု၊ မြန်မာနိုင်ငံ သွားဘက် ဆိုင်ရာ ဆေးကောင်စီအလုပ်အမှု ဆောင်အဖွဲ့ဝင် ပါမောက္ခဒေါက်တာ တင်ထွန်းလှက မြန်မာနိုင်ငံ သွား ဘက်ဆိုင်ရာ ဆေးကောင်စီ၏ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် များအတွက် အရည်အသွေး အသိ အမှတ်ပြု (Accreditation)ဆိုင်ရာ ဆောင်ရွက်နေမှု၊ မြန်မာ နိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ ကိုယ်စား ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးလှိုင်က မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ၏ သူနာပြုတက္ကသိုလ်များ၊ သူနာပြု နှင့် သားဖွားသင်တန်းကျောင်း များအတွက် အရည်အသွေး အသိ အမှတ်ပြု (Accreditation) ဆိုင်ရာ ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ အလုပ် အမှုဆောင်အဖွဲ့ဝင် ပါမောက္ခ ဒေါက်တာ ဝင်းစိုးက မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၏ တိုင်းရင်း ဆေးပညာရှင်များကဏ္ဍ အရည် အသွေးတိုးတက်စေရေး ဆောင် ရွက်နေမှု၊ ဆေးတက္ကသိုလ်(၁)ရန်ကုန် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာခင်မာမြင့်က အရည်အသွေး ပြည့်ဝသော ဆရာဝန်များ မွေးထုတ်နိုင်ရေး နိုင်ငံတကာအဆင့်မီ မျှော်မှန်းရလဒ် အခြေခံသော စုစည်းချိတ်ဆက် သင်ကြားခြင်း သင်ရိုးညွှန်းတမ်း ပြောင်းလဲ အကောင်အထည်ဖော် မှုနှင့် ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေး လှိုင်က အရည်အသွေးပြည့်ဝသော သူနာပြုများနှင့် သားဖွားများ မွေးထုတ်နိုင်ရေး မျှော်မှန်းရလဒ် အခြေခံသော သင်ရိုးညွှန်းတမ်း ပြောင်းလဲကျင့်သုံးမှုတို့ကို ရှင်းလင်း ဆွေးနွေးကြပြီး တက်ရောက်လာ ကြသူများက ပြန်လည်ဆွေးနွေး ခြင်းများ ဆောင်ရွက်ကြသည်။
အစည်းအဝေးကို ဒီဇင်ဘာ ၁၉ မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ် ပြီး နိုင်ငံတော်၏ အမျိုးသား ကျန်းမာရေးမြှင့်တင်မှု အခန်းကဏ္ဍ တွင် အရေးကြီးသော ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်ရှိအခြေအနေ၏ အားနည်း ချက်၊ အားသာချက်များကို သုံးသပ် ဆွေးနွေးပြီး အမျိုးသားကျန်းမာ ရေး လူ့စွမ်းအားအရင်းအမြစ် မူဝါဒနှင့် လိုက်လျောညီထွေ ရှိသော အနာဂတ် အစီအမံများ ချမှတ်နိုင်ရေးအတွက် ဆွေးနွေး ကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်