ကျန်းမာရေးအခြေအနေကြောင့် ဂျပန်အောက်လွှတ်တော်ဥက္ကဋ္ဌ ရာထူးမှနုတ်ထွက်ဖွယ်ရှိ

 

တိုကျို  စက်တင်ဘာ  ၂၉


ဂျပန်နိုင်ငံ၏ အောက်လွှတ်တော် ဥက္ကဋ္ဌ ဟိုဆိုဒါ  ဟီရိုယူကီသည် ကျန်းမာရေး    ချို့တဲ့မှုကြောင့် ရာထူးမှ နုတ်ထွက်ဖွယ်ရှိကြောင်း နိုင်ငံရေးသတင်းရင်းမြစ်များက ပြောသည်။


အသက် ၇၉ နှစ် ရှိပြီဖြစ်သည့်  ဟိုဆိုဒါသည်      ကျန်းမာရေး မကောင်းသဖြင့် ဇူလိုင်လအတွင်း က ဆေးရုံတက်ရောက်ခဲ့ရသေး သည်။  ယူကရိန်းပါလီမန်ဥက္ကဋ္ဌ နှင့် တွေ့ဆုံပြီးနောက်  စက်တင် ဘာ ၇  ရက်ကလည်း   ဆေးရုံသို့ ထပ်မံတက်ရောက်ခဲ့ရပြီး ယင်း နေ့ က တိုကျို၌ စတင်ကျင်းပသည့် နိုင်ငံ     ခုနစ်နိုင်ငံမှ    အောက် လွှတ်တော်    အကြီးအကဲများ    အစည်းအဝေးသို့ တက်ရောက်မှု ကိုလည်း ဖျက်သိမ်းခဲ့ရသည်။


ဟိုဆိုဒါသည် ၁၉၉၀ ပြည့်နှစ် က   အောက်လွှတ်တော်တွင် အရွေးမခံရမီ    ကုန်သွယ်ရေး ဝန်ကြီးဌာနမှ   အရာရှိတစ်ဦး ဖြစ်သည်။   လွှတ်တော်အမတ် သက်တမ်း ၁၁ နှစ် ရှိပြီဖြစ်သည့် ဟိုဆိုဒါသည် အစိုးရအဖွဲ့ အတွင်း ရေးမှူးချုပ်အဖြစ်လည်း  တာဝန် ထမ်းဆောင်ခဲ့ပြီး   လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ၏ အမှုဆောင် ရာထူးများကို ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ က  အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။


ဟိုဆိုဒါ၏    နုတ်ထွက်မှုကို လာမည့် အောက်တိုဘာ ၂၀ ရက် တွင်ကျင်းပမည့် လွှတ်တော် အထူး အစည်းအဝေးတွင်  အတည်ပြုနိုင် ဖွယ်ရှိသည်။    

အင်န်အိတ်ချ်ကေ