ကျန်းမာရေးအခြေအနေဆိုးရွားသူ ခိုးဝင်ဘင်္ဂါလီ အမျိုးသား သုံးဦး၊ အမျိုးသမီး လေးဦးတို့ ဆေးကုသမှုခံယူနေစဉ် သေဆုံး

 

ဧရာ၀တီတိုင်းဒေသကြီး ဖျာပုံမြို့နယ်၌ ခိုးဝင်ဘင်္ဂါလီ ၆၅ ဦးနှင့် ပို့ဆောင်ပေးသူ အမျိုးသား လေးဦးတို့ကို 
ဖမ်းဆီးရမိခဲ့ပြီး လမ်းခရီးတွင် ရာသီဥတုဆိုးရွားမှုနှင့် အစာရေစာပြတ်လပ်မှုကြောင့် ကျန်းမာရေးအခြေအနေဆိုးရွားသူ 
ခိုးဝင်ဘင်္ဂါလီ အမျိုးသား သုံးဦး၊ အမျိုးသမီး လေးဦးတို့ ဆေးကုသမှုခံယူနေစဉ် သေဆုံး

 

နေပြည်တော် ဩဂုတ် ၃၁


၂၀၂၂ ခုနှစ် ဩဂုတ် ၂၉ ရက် ည ၁၀ နာရီခွဲခန့်တွင် ဖျာပုံမြို့နယ် ဂယက်ကြီးကျွန်း (ခ) ခတ္တာကျွန်း အနီး၌         ခိုးဝင်ဘင်္ဂါလီများ တင်ဆောင်လာသည့်     ရေယာဉ် တစ်စင်း     ရောက်ရှိနေကြောင်း သတင်းအရ   လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ     ပါဝင်သော ပူးပေါင်းအဖွဲ့က      သွားရောက် စစ်ဆေးခဲ့ရာ ကဒုံကလေးကျွန်းနှင့် ဂယက်ကြီးကျွန်း(ခ)ခတ္တာကျွန်း ကြားတွင် အလျား ၃၈ ပေ၊ ဗြက် ၁၀  ပေရှိသော   ငါးဖမ်းစက်လှေ တစ်စီးအား ကျော်ဇောလင်း(၃၇)နှစ် (ဘ) ဦးကျော်ဝင်း စက်လှေ မောင်း၊ ကွင်းဝိုင်းကျေးရွာ သံတွဲ မြို့နယ် မျိုးချစ်ဦး (၁၈)နှစ် (ဘ)ဦးမြတ်ဝိုင်း      လှေလုပ်သား၊ လိပ်ကျောက်ရကျေးရွာ   မင်းပြား မြို့နယ်  သန်းဝင်း(၃၅)နှစ် (ဘ)ဦးကျော်အေး       လှေလုပ်သား၊ ပေါက်တောမြို့နယ် မြင့်ရွှေ(၅၂)နှစ် (ဘ)ဦးစံသိန်း လှေလုပ်သား၊ သစ်ပုတ်တောင်ကျေးရွာ    ရမ်းဗြဲ မြို့နယ်နေသူတို့ လေးဦးနှင့်အတူ ခိုးဝင်ဘင်္ဂါလီ အမျိုးသား ၃၆ ဦး၊ အမျိုးသမီး ၂၉ ဦး စုစုပေါင်း ၆၅ ဦးကို  ဖမ်းဆီးရမိခဲ့သည်။

 


ဖမ်းဆီးရမိသည့်   စက်လှေ မောင်းဖြစ်သူ ကျော်ဇောလင်းအား စစ်မေးရာ ၎င်းသည် စစ်တွေမြို့ နေ   ဦးစီမန်   (စိစစ်ဆဲ)နှင့်  ချိတ် ဆက်ပြီး ယခုသယ်ဆောင်လာသူ ဘင်္ဂါလီ     ၆၅   ဦးတို့ကို စစ်တွေ မြို့မှ    ပုသိမ်မြို့  ငွေသောင်ယံ ကမ်းခြေသို့ စက်လှေဖြင့် ပို့ဆောင် ရန်   ငွေကျပ်   သိန်း   ၂၀၀  ဖြင့် သဘောတူပြီး    စရန်ငွေစက်လှေ ငှားရမ်းခ ၂၅ သိန်းအား ဦးစီမန်မှ ပေးခဲ့ကြောင်း၊ ဩဂုတ် ၂၂ ရက် မွန်းလွဲ    ၁   နာရီတွင်  စစ်တွေ မြို့မဈေးဆိပ်ကမ်း၌         ဘင်္ဂါလီ ၆၅      ဦးတို့ကို   သယ်ဆောင်ကာ စစ်တွေမှ          ပင်လယ်ပြင်အတိုင်း ကျောက်ဖြူ-မာန်အောင်- ငပလီ-သံတွဲတို့ကို  ဖြတ်သန်းမောင်းနှင် ပြီး  ရွှေသောင်ယံအနီး   ပင်လယ် ပြင်တွင်         ကျောက်ချရပ်နားခဲ့ ကြောင်း၊ ဩဂုတ် ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် ဦးစီမန်က ဖုန်းဆက်ကာ ရွှေသောင်ယံတွင်    ကမ်းကပ်၍ မရကြောင်း GPS ဖြင့် ပွိုင့် ၇ ပွိုင့် ပေးပြီး       မောင်းနှင်ခိုင်းသဖြင့် မောင်းနှင်ခဲ့ရာ ဩဂုတ် ၂၆ ရက် ည ၁၀ နာရီတွင် ကဒုံကနိကျွန်း သာယာအနီး   ပင်လယ်ပြင်တွင် ကျောက်ချရပ်နားပြီး    ဦးစီမန် စေလွှတ်သည့်အဖွဲ့အား   စောင့် ဆိုင်းနေစဉ်   လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

 


ဆက်လက်၍        သယ်ယူ ပို့ဆောင်ပေးသူ လေးဦးနှင့် ခိုးဝင် ဘင်္ဂါလီ ၆၅ ဦးတို့အား ဥပဒေနှင့် အညီ   စစ်ဆေးအရေးယူနိုင်ရေး ခေတ္တထိန်းသိမ်းထားရှိစဉ် ခိုးဝင် ဘင်္ဂါလီ အမျိုးသား ငါးဦး၊ အမျိုး သမီး ရှစ်ဦးတို့သည် ၎င်းတို့ ခိုးဝင် လာသည့် လမ်းခရီးတွင် ရာသီဥတု ဆိုးရွားမှုနှင့် အစာရေစာပြတ်လပ် မှုတို့ကြောင့်   ကျန်းမာရေးအခြေ အနေဆိုးရွားနေသဖြင့်    လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင် ရွက်ပေးခဲ့သော်လည်း အမျိုးသား သုံးဦး၊ အမျိုးသမီး လေးဦးတို့မှာ သေဆုံးသွားခဲ့ပြီး      ကျန်ရှိသူ ခြောက်ဦးအား ဆက်လက်ဆေးဝါး ကုသပေးလျက်ရှိသည်။

 


ဖမ်းဆီးရမိသည့်     ခိုးဝင် ဘင်္ဂါလီများနှင့် သယ်ယူပို့ဆောင် ပေးသူ ကျော်ဇောလင်းပါ လေးဦး တို့ကို   ဘိုကလေးမြို့မရဲစခန်း၌ ထိန်းသိမ်းထားရှိပြီး   ဥပဒေနှင့် အညီ အရေးယူနိုင်ရေးဆက်လက် ဆောင်ရွက်လျက်      ရှိကြောင်း သတင်းရရှိသည်။      

သတင်းစဉ်