
ကျွန်းလှ ဇွန် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်၌ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ယခုနှစ် မိုးသီးနှံစိုက်ပျိုး ရာသီ၌ မိုးစပါး ၃၄၀၉၇ ဧက စိုက်ပျိုးမည်ဖြစ် ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်းလှမြို့နယ်မှာ အရင်နှစ်က မိုးစပါး ၃၄၀၉၃ ဧက စိုက်ပျိုးရန်လျာထားပြီး ၃၄၀၉၇ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ တစ်ဧကပျမ်းမျှ ၇၃ ဒသမ ၅၉ တင်း ထွက်ရှိပါတယ်။ ဒီနှစ် မိုးစပါး ၃၄၀၉၇ ဧက လျာထားပြီး တစ်နှစ်ထက်တစ်နှစ် စိုက်ပျိုးမှုတိုးလာပါ တယ်။ စိုက်နည်းစနစ် မှန်ကန်ဖို့၊ အချိန်မီ စိုက်ပျိုးနိုင် ဖို့ ဆောင်ရွက်နေပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်းမျိုးသန့် ရရှိရေး၊ အချိန်မီစိုက်ပျိုးနိုင်ရေး၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲရေး စသည့် နည်းပညာပေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
မြေယာပြုပြင် ဆောင်ရွက်
ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီ၌ ဒေသ ရာသီဥတုနှင့် ကိုက်ညီသည့် ဧရာမင်း၊ မနောသုခ၊ ဆင်းသုခ၊ ရွှေသွယ်ရင်၊ ချမ်းမြေ့မေ စပါးမျိုး များ စိုက်ပျိုးကြကြောင်း၊ လယ်ယာမြေများ မိုးကောင်း သောက်ဖြစ်သော်လည်း မိုးစပါးအချိန်မီစိုက်ပျိုးနိုင်ရန် ချောင်း ရေ၊ မြေအောက်ရေတင်ပြီး ပျိုးထောင်ခြင်း၊ မြေယာပြုပြင် ခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)