ကျွန်းလှမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ NGO (ASELF Tot Health) အဖွဲ့မှ ကျန်းမာရေးဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရ

 

နေပြည်တော်   နိုဝင်ဘာ   ၉


စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက် အဖွဲ့က  ထောင်ထားသည့်  လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ NGO (ASELF Tot Health)အဖွဲ့မှ ကျန်းမာရေးဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ နိုဝင်ဘာ ၈ ရက် နံနက် ၁၀ နာရီခွဲတွင် စစ်ကိုင်းတိုင်း ဒေသကြီး ကျွန်းလှမြို့နယ် ထန်းပင်ကုန်း-ကြာတကန်ကျေးရွာချင်း ဆက်လမ်း ကြာတကန်ကျေးရွာ၏ အရှေ့ဘက် လေးဖာလုံခန့်အကွာ ရေကျော်အနီး၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ NGO(ASELF Tot Health)အဖွဲ့မှ ငှက်ဖျား/တီဘီရောဂါ တိုက်ဖျက်ရေးဝန်ထမ်းဖြစ်သူ ကျွန်းလှ မြို့နယ်    ပျဉ်းမမြိုင်ရပ်ကွက်နေ   ကိုပြည့်စုံအောင် (၂၆) နှစ်  (ဘ) ဦးထွန်းမြင့်သည် ကြာတကန်ကျေးရွာရှိ တီဘီရောဂါဖြစ်ပွားသူများအား ကျန်းမာရေးစစ်ဆေးပေးရန်အတွက် ထန်းပင်ကုန်း-ကြာတကန် ရွာချင်း ဆက်လမ်းအတိုင်း ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် အခင်းဖြစ်နေရာ အရောက်   PDF   အမည်ခံ   အကြမ်းဖက်အဖွဲ့က  ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကိုပြည့်စုံ အောင်တွင်  မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့်   ဆေးကုသနိုင်ရေး ကျွန်းလှမြို့နယ်   ပြည်သူ့ဆေးရုံသို့    ပို့ဆောင်ထားရှိကြောင်း   သိရ သည်။

 


ထိုကဲ့သို့   ဒေသခံပြည်သူများအား  ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးနေသည့် NGO(ASELF Tot Health)အဖွဲ့မှ ကျန်းမာရေး ဝန်ထမ်းများအား မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ကာ ထိခိုက်ဒဏ်ရာများ ရရှိစေခဲ့သူ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင် ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့် အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်