
နေပြည်တော် ဖေဖော်ဝါရီ ၃
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီး မြို့ဘက်မှ နတ်သံကွင်းဘက်သို့ ဒေသထွက်ပစ္စည်းများ ရောင်းချ ရန် မောင်းနှင်လာသည့် မော်တော် ယာဉ်တစ်စီးသည် ယနေ့ နံနက် ပိုင်းတွင် နတ်သံကွင်း- ကျောက် ကြီးသွား ကားလမ်းပေါ်၌ KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလား သူများ ထောင်ထားသည့်ဒေသန္တရ ကားမိုင်းတစ်လုံး နင်းမိပေါက်ကွဲ ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ လေးဦး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ကျောက်ကြီးမြို့ ကပ်ကျေးရပ်ကွက်နေသူများဖြစ် သည့် ဦးအောင်အောင် မောင်း နှင်ပြီး ဒေါ်ဇာခြည်ဦး၊ မောင်လွင် ကိုအောင်၊ မောင်အောင်သူရမျိုး လွင်နှင့် အသက် ခုနစ်နှစ်အရွယ် မရှင်းသန့်လင်းတို့ လိုက်ပါ၍ ဒေသထွက်ပစ္စည်းများ ရောင်းချ ရန် မောင်းနှင်လာသည့် မော်တော် ယာဉ်သည် ယနေ့နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်တွင် နတ်သံကွင်း- ကျောက်ကြီးသွား ကားလမ်းပေါ်ရှိ ညောင်ကုန်းတံတား ရှောင်ကွင်း လမ်းသို့အရောက်၌ KNLA အဖွဲ့မှ ထောင်ထားသည့် ဒေသန္တရကား မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့ ကြောင်း၊ အဆိုပါနေရာသို့ လုံခြုံ ရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ မိုင်းပေါက်ကွဲမှုကြောင့် မော်တော်ယာဉ် ပျက်စီးခဲ့ပြီး (အောက်ပုံ) ယာဉ်ပေါ်ပါ အပြစ်မဲ့ ပြည်သူ လေးဦးတွင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့် ကျောက် ကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေ လျက်ရှိကြောင်းနှင့် မိုင်းပေါက် ကွဲသည့်နေရာအား ပြန်လည် ပြုပြင်ပြီးစီး၍ လူနှင့်ယာဉ်များ ပုံမှန်အတိုင်း ဖြတ်သန်းသွား လာလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ နေရာတစ်ဝိုက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံ ရေးလုပ်ငန်းစဉ်များနှင့် အညီ ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်