
နေပြည်တော် ဖေဖော်ဝါရီ ၂၂
KNLA အဖွဲ့မှ အကြမ်းဖက်မှု ကို လိုလားသည့်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့ ညနေ ၅ နာရီခန့်တွင် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာအတွင်းသို့ Drone ယာဉ်တစ်စင်းဖြင့် Drop Bomb နှစ်လုံးကိုလည်းကောင်း၊ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် Drone ယာဉ်တစ်စင်းဖြင့် Drop Bomb နှစ်လုံးကိုလည်း ကောင်း ပစ်ချဖောက်ခွဲခဲ့ရာ ဗုံးသီးများမှာ ကျေးရွာအတွင်းရှိ နေအိမ်ခြံဝင်းများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ ဒေသခံပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး လေးဦးတို့ ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရလူနာများအား ဘားအံမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ကျေးရွာ အတွင်းသို့ ဆင်ခြင်တုံတရားမဲ့စွာ Drop Bomb များ ပစ်ချဖောက်ခွဲခဲ့သည့် အကြမ်းဖက် သမားများအား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်