ကန်ကြီးထောင့်မြို့နယ်အတွင်း၌ အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ ကြည့်ရှုစစ်ဆေး

 

ကန်ကြီးထောင့်  အောက်တိုဘာ   ၃၁


ဧရာဝတီတိုင်းဒေသကြီး   ကန်ကြီးထောင့်မြို့နယ် အတွင်း၌    အခြေခံပညာကျောင်းများ    ဖွင့်လှစ် နိုင်ရေးအတွက်   ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကို     တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးတင်မောင်ဝင်းနှင့်    တာဝန်ရှိသူများသည်    ယနေ့ မွန်းလွဲ  ၁  နာရီခွဲက    သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည်     မြို့နယ်အတွင်းရှိ   ဒါးကကျေးရွာ အခြေခံပညာအထက်တန်းကျောင်း      ဖွင့်လှစ်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေများကို   ကြည့်ရှု စစ်ဆေးသည်။    ထို့နောက်    တကုန်းကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက် ၍ ဆရာ ဆရာမများနှင့် တွေ့ဆုံကာ ကျောင်းဖွင့်ရန် အတွက် ပြင်ဆင်ဆောင်ရွက်ထားသည့်အခြေအနေ များ၊  ကျောင်းသားများ  လက်ခံထားမှုအခြေအနေ များနှင့် ကျန်းမာ‌ရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည့်   ကိုဗစ်-၁၉ ဆိုင်ရာ  ညွှန်ကြားချက်များနှင့်  အညီ    စီမံဆောင်ရွက်ထားမှုအား   မေးမြန်းပြီး ကျောင်းပတ်ဝန်းကျင်နှင့်    ကျောင်းစာကြည့်တိုက် ဖွင့်လှစ်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 


ထို့နောက်     တိုင်းဒေသကြီးဝန်ကြီးချုပ်သည်     တကုန်းကြီးကျေးရွာ   အခြေခံပညာအထက်တန်း ကျောင်းတွင် အသုံးပြုရန်အတွက်  နှာခေါင်းစည်း ၅၀၀၊   အောက်ဆီဂျင်တိုင်းစက် နှစ်ခု၊   အပူချိန်တိုင်း စက်တစ်ခုနှင့်  လက်သန့်ဆေးရည် လေးဘူးတို့ကို တာဝန်ရှိသူများထံ လှူဒါန်းခဲ့ကြောင်း သိရသည်။    

                         
လှမင်းထွဋ်(ပြန်/ဆက်)