ကန်ကြီးထောင့်မြို့၊ ဒေးဒရဲမြို့နှင့် အမ်းမြို့တို့၌ အောက်ဆီဂျင်စက် ရောက်ရှိ၊ တပ်ဆင်၊ လည်ပတ်နေမှုများကို သွားရောက်ကြည့်ရှု

 

နေပြည်တော်  အောက်တိုဘာ  ၁


ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည် ပြု ပိုးတွေ့လူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်    သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင်   အောက်ဆီဂျင်လိုအပ် ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxy-gen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော် အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ် ပေးလျက်ရှိသည်။


ထိုသို့ တပ်ဆင်ထုတ်လုပ်ပေး လျက်ရှိရာ ယနေ့တွင် ဧရာဝတီ တိုင်းဒေသကြီး   ကန်ကြီးထောင့် မြို့၌    အောက်ဆီဂျင်ထုတ်လုပ် သည့် စက်ရုံတည်ဆောက်နေမှုကို   မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်  အဖွဲ့ဝင် များက   လည်းကောင်း၊ ဒေးဒရဲမြို့ ၌   တစ်ရက်လျှင် အောက်ဆီဂျင် လီတာ   ၄၀ ဝင် ၁၀၀   ထုတ်လုပ် နိုင်သည့် အောက်ဆီဂျင်ထုတ်လုပ် သည့်စက်    စမ်းသပ်လည်ပတ် နေမှုကို    ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁)    ဒုတိယ ဗိုလ်မှူးကြီး နိုင်လင်းနှင့် တာဝန် ရှိသူများက လည်းကောင်း၊ ရခိုင် ပြည်နယ် အမ်းမြို့  အေးရိပ်သာ ဘုန်းတော်ကြီး    ကျောင်းတွင် တည်ဆောက်        ပြီးစီးခဲ့သည့် အောက်ဆီဂျင်စက်ရုံအတွက်  30 Nm 1/hr Oxygen Generation System Scheme အမျိုးအစား ဖြစ်သည့်      အောက်ဆီဂျင်စက် ရောက်ရှိ၊        တပ်ဆင်နေမှုကို   အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး    ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် အဖွဲ့ဝင်များ ကလည်းကောင်း   သွားရောက် ကြည့်ရှုပြီး        လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။    

သတင်းစဉ်