ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ  ဒဏ်ရာကြောင့် ပြင်သစ်အသင်းနှင့် ကစားမည့်  ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲစဉ်များကို လွဲချော်မည်

 

 

မန်ယူကွင်းလယ်ကစားသမား  ပေါ့ဂ်ဘာသည်   ဒဏ်ရာကြောင့် ပြင်သစ်အသင်း     ယှဉ်ပြိုင်ကစားမည့်   ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲစဉ်များကို လွဲချော်တော့မည်ဖြစ်သည်။  ပေါ့ဂ်ဘာ၏ အဆိုပါ ဒဏ်ရာသည် တနင်္လာနေ့က လေ့ကျင့်ရေးအစီအစဉ်တွင် ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း  ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန် ကြေညာခဲ့သည်။
 ထို့ကြောင့်   ပြင်သစ်  ကွင်းလယ်ကစား သမား ပေါ့ဂ်ဘာအနေဖြင့် နိုဝင်ဘာ ၁၄ ရက် တွင် ကာဇက်စတန်၊ နိုဝင်ဘာ ၁၆ ရက်တွင် ဖင်လန်အသင်းတို့နှင့်    ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များကို လွဲချော်တော့ မည်ဖြစ်သည်။  ထို့အပြင်   ပေါ့ဂ်ဘာသည် အောက်တိုဘာ ၂၄ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့ သည့် မန်ယူအသင်းက လီဗာပူးအသင်းကို ငါးဂိုးပြတ်ရှုံးနိမ့်ခဲ့သောပွဲစဉ်၌  အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသောကြောင့် နိုဝင်ဘာ ၂၀ ရက် တွင်  ယှဉ်ပြိုင်ကစားမည့်  မန်ယူအသင်းနှင့် ဝက်ဖို့ဒ်အသင်းတို့ပွဲစဉ်ကိုလည်း လွဲချော်ဖွယ် ရှိနေသည်။  ပေါ့ဂ်ဘာဒဏ်ရာ   ရရှိခဲ့သော ကြောင့်  မန်ယူအသင်းနည်းပြ  ဆိုးလ်ရှား အတွက်လည်း  အခက်တွေ့စရာ  ဖြစ်လာခဲ့ သည်။ စနေနေ့က မန်ယူအသင်းအနေဖြင့် မန်စီးတီးကို နှစ်ဂိုးပြတ်ရှုံးနိမ့်ခဲ့သောပွဲစဉ်၌ အသင်းမှ အားထားရသည့် ဗာရာနီ၊ ကာဗာနီ တို့    ဒဏ်ရာကြောင့်   ပါဝင်လာနိုင်ခြင်းမရှိ သလို ခံစစ်ကစားသမား လုခ်ရှောပါ ဒဏ်ရာ ရရှိမှုနှင့် ကြုံတွေ့ခဲ့ရသည်။ နည်းပြဆိုးလ်ရှား ၏ မန်ယူအသင်းသည် နောက်ဆုံးယှဉ်ပြိုင် ကစားခဲ့သည့်   ပရီမီယာလိဂ်   ခြောက်ပွဲတွင် တစ်ပွဲသာ နိုင်ပွဲရရှိထားသည်။
ပြင်သစ်အသင်းသည်      ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု (D) တွင် ယူကရိန်း၊ ဖင်လန်၊ ဘော့စနီးယား၊ ကာဇက်စတန်အသင်းတို့နှင့် အတူ ကျရောက်နေပြီး ပြင်သစ်အသင်းက  ခြောက်ပွဲကစားပြီး  သုံးပွဲနိုင်၊  သုံးပွဲသရေ ကျထားကာ ရမှတ် ၁၂ မှတ်ဖြင့် အမှတ်ပေး ဇယားကို   ဦးဆောင်ထားသည်။    ပြင်သစ် အသင်းသည်     နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့ သည့် ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင်    စပိန်အသင်းကို      ဘင်ဇီမာ၊ အမ်ဘတ်ပီတို့၏ သွင်းဂိုးများနှင့်အတူ နှစ်ဂိုး-တစ်ဂိုးဖြင့်  အနိုင်ယူပြီး  နေးရှင်းလိဂ်ဖလား ဆွတ်ခူးထားသည်။ 
    အောင်ဇော်