
ကင်ရှာဆာ ဇန်နဝါရီ ၂၁
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အနောက်မြောက်ပိုင်းပြည်နယ် ကွန်ဂိုမြစ်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်က စက်လှေတိမ်းမှောက် မှု ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ပျောက်ဆုံးသူဦးရေမှာ၁၈၀ ကျော်ရှိကြောင်း ဒေသခံအာဏာပိုင်များက ဇန်နဝါရီ ၂၀ ရက်တွင် ပြောသည်။
ပြည်နယ်မြို့တော် အမ်ဘန်ဒါကာမှ ကော်မရှင်နာက ယင်းအဖြစ် အပျက်မှာ ကြေကွဲဖွယ်ဖြစ်ရပ်ဟု ပြောကြားခဲ့ပြီး နောက်ထပ်အသေးစိတ် အချက်အလက်များကိုပြောကြားခဲ့ခြင်း မရှိချေ။ ကြံ့ခိုင်ခြင်းမရှိသော စက်လှေမှာ လူပေါင်း ၆၀၀ကျော်ကိုတင်ဆောင်လာခဲ့ခြင်းဖြစ် သည်ဟု ကုလသမဂ္ဂကျောထောက်နောက်ခံ အိုကာပီသတင်းတွင် ဖော်ပြ ထားသည်။
ပျောက်ဆုံးနေသူအများအပြားရှိသည့်အတွက် သေဆုံးသူအတိအကျ ကို မသိရသေးချေ။ စက်လှေနှင့် သင်္ဘောတိမ်းမှောက်မှုများမှာ ကွန်ဂို မြစ်အတွင်း မကြာခဏဖြစ်ပွားလေ့ရှိသည့် ဖြစ်ရပ်များဖြစ်သည်။ ညအချိန်ခရီးသွားလာခြင်းနှင့် သင်္ဘောစက်လှေများ၏ ကြံ့ခိုင်ရေး နည်းပါးမှုတို့ကြောင့် ယင်းကဲ့သို့ ကြေကွဲဖွယ်ဖြစ်ရပ်များ ဖြစ်ပေါ်လေ့ရှိသည်။
ဆင်ဟွာ