
ကင်ရှာဆာ ဒီဇင်ဘာ ၂၈
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ တွင် ဒီဇင်ဘာ ၂၈ ရက်က ကာလ ဝမ်းရောဂါကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများကို လူဦးရေ နှစ်သန်း အား လျာထားကာ လုပ်ဆောင် လျက်ရှိသည်ဟု သိရသည်။
ရောဂါဖြစ်ပွားမှုနှုန်း ရပ်တန့် ရန်အတွက် အရှေ့ပိုင်း ပြည်နယ် သုံးခုရှိ အသက် တစ်နှစ်နှင့် အထက်များကို ကာကွယ်ဆေး ထိုးနှံပေးမှုများ လုပ်ဆောင်ပေး ခြင်းဖြစ်သည်ဟု ကျန်းမာ ရေး အာဏာပိုင်များက ပြော သည်။
ဟာ့လိုမာမီ၊ တောင်ပိုင်းကီဗူ နှင့် တန်ဂန်နီးဂါပြည်နယ်တို့တွင် ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်း များကို လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။ ကျန်းမာရေးဝန်ထမ်း ပေါင်း ၃၆၀၀ ဝန်းကျင် ပါဝင် လုပ်ဆောင်ပေးပြီး အဆိုပါ ကာကွယ်ဆေးထိုးပေးမည့် လှုပ် ရှားမှုမှာ ခြောက်ရက်ကြာမြင့်မည် ဟု သိရသည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ကာလဝမ်းရောဂါဟု သံသယရှိသူ ၈၂၇၉ ဦးရှိပြီး သေဆုံးသူ ၁၅၃ ဦးရှိသည်။ ကာလဝမ်းရောဂါသည် စိုးရိမ် ရသည့်ရောဂါဖြစ်ပြီး မကုသဘဲ ထားပါက နာရီပိုင်းအတွင်း အသက်သေဆုံးနိုင်သည်။ မတ် လနှင့် ဇူလိုင်လအတွင်းကလည်း လူဦးရေ ၁ ဒသမ ၄ သန်းကို ကာလဝမ်းရောဂါကာကွယ်ဆေးထိုးပေးခဲ့သည်။
ဆင်ဟွာ