ကနေဒါနိုင်ငံ၌ ကိုဗစ် - ၁၉ ကန့်သတ်ချက်များကြောင့် ဖြစ်ပေါ်နေသော ပြဿနာ

 

ကေကေစိုး

 

ကနေဒါနိုင်ငံမြို့တော်  အော့တဝါတွင်  ရာနှင့်ချီသည့် ထရပ်ကားမောင်းသူများသည်  ကိုဗစ် -၁၉ ကန့်သတ်ချက်များအပေါ် ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် ထရပ်ကားများကို  ရပ်တန့်ထားရာ   မြို့တော်ကို ရက်အတန်ကြာ အသက်ကင်းမဲ့သွားစေခဲ့သည်။

 

ဗဟိုအစိုးရထံတောင်းဆို 


  ကိုဗစ်- ၁၉ ကန့်သတ်ချက်အား ဆန့်ကျင်ဆန္ဒပြ မှုများကို အဆုံးသတ်ပေးနိုင်ရေး ကူညီပေးကြရန် အော့တဝါမြို့တော်ဝန်က ဗဟိုအစိုးရထံတောင်းဆို ခဲ့သည်။  

 


ယခုအဖြစ်အပျက်ကြောင့် ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒို အပေါ်တွင်လည်း နိုင်ငံရေးအရ ဖိအားများ သက်ရောက်နေခဲ့သည်။ ဆန္ဒပြသူများနှင့် ကြားဝင်စေ့စပ်ပေးရန်နှင့်  ကိုင်တွယ်ဖြေရှင်းရန် ရဲအရာရှိနှင့်  ဖျန်ဖြေသူပေါင်း  ၁၈၀၀  ကို  ဗဟို အစိုးရက    စေလွှတ်ပေးရန်   အော့တဝါမြို့တော်ဝန် ဂျင်မ်ဝပ်ဆင်က  ပြောသည်။ 

 


ဒေသခံများကို စိတ်ပျက်စေခဲ့ 


ထရပ်ကားမောင်းသမားများက   ကားများ တန်းစီရပ်ကာ ဆန္ဒပြနေသည်မှာ ၁၀ ရက်ခန့်ရှိပြီ ဖြစ်ပြီး ဟွန်းများအဆက်မပြတ်တီးခြင်းနှင့် မီးခိုးငွေ့များထွက်ခြင်းတို့ကြောင့်      ဒေသခံများကို စိတ်ပျက်စေခဲ့သည်။ ကိုဗစ် -၁၉ ကန့်သတ်ချက် များကို  ဆန့်ကျင်ဆန္ဒပြမှုမှာ  ထိန်းချုပ်နိုင်မှုမှ လွန်ကဲလာသည့်အတွက် အရေးပေါ်အခြေအနေ အဖြစ် မြို့တော်ဝန်  ဂျင်မ်ဝပ်ဆင်က  ကြေညာခဲ့ သည်။   မြို့တော်မှ   ရဲချုပ်    ပီတာစလိုလီးက  နောက်ထပ်အကူအညီများရရှိရန်      တောင်းဆို ခဲ့သည်။ 
ယခု ဆန္ဒပြမှုများကို အဆုံးသတ်ရမည်ဖြစ်ပြီး ၎င်းတို့ချည်း    ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း  မရှိဟု ပြောကြားခဲ့သည်။

 

 
ဆန္ဒပြမှုများစတင်ခဲ့


မြို့အတွင်း နေထိုင်နေကြသည့် ဆန္ဒပြသူများကို စိတ်ဆိုးဒေါသထွက်နေကြသည့်    ပြည်သူများ အတွက်  အောင်ပွဲတစ်ခုမှာ  အွန်တေရီယိုး   အထူး တရားရုံးက  ဆန္ဒပြသူများ  ဟွန်းအဆက်မပြတ် တီးခြင်းကို ရပ်တန့်ရန် အမိန့်ပေးခဲ့သည်။ 
ဖရိုဖရဲဆန္ဒပြသူများ၏  စည်းရုံးရေးမှူးများကို နစ်နာကြေးအတွက် အမေရိကန်ဒေါ်လာ ၇ ဒသမ ၉ သန်း လျော်ကြေးပေးဆောင်ရန် တောင်းဆိုလာ ကြသည့်  ဒေသခံများလည်းရှိသည်။  အမေရိကန်- ကနေဒါနယ်စပ်ကို ဖြတ်ကျော်သည့်အခါ ကာကွယ် ဆေးထိုးထားရန် လိုအပ်သည်ဟု အမိန့်ထုတ်ထား သည့်အတွက်  ဒေါသထွက်နေသော  ထရပ်ကား မောင်းသူများက  ဆန္ဒပြမှုများ စတင်ပြုလုပ်ခဲ့သည်။ 

 


ကိုဗစ် - ၁၉ ကန့်သတ်ချက်များ ဖြေလျှော့ပေးရမည် 


ဆန္ဒပြမှုများ   ကျယ်ပြန့်လာပြီး   ကိုဗစ် - ၁၉ ကန့်သတ်ချက်များကို  ဆန္ဒပြမှုများနှင့်  ကနေဒါ ဝန်ကြီးချုပ်ထရူးဒို၏အစိုးရကို ဆန့်ကျင်ဆန္ဒပြမှု များ ပေါ်ပေါက်လာသည်။  ဆန့်ကျင်ဆန္ဒပြသူများ ၏   စည်းရုံးရေးမှူးဖြစ်သူ    တမ်မရာလစ်ချ်က တက်ကြွလှုပ်ရှားသူများမှာ ပဋိပက္ခများကို ဖြေရှင်း ရန်အတွက်  အစိုးရနှင့်  ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နိုင်ရေး  စိတ်ပါဝင်စားကြသည်ဟု   ပြော သည်။ သို့သော်လည်း ကိုဗစ် - ၁၉ ကန့်သတ်ချက် များကို ဖြေလျှော့ပေးနိုင်ရေးကို ဦးစွာလုပ်ကိုင်ရမည် ဟု အခိုင်အမာပြောဆိုခဲ့သည်။ 

 


ဝေဖန်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရ 


ရှေ့ဆက် မည်သို့ဆက်သွားမည်ကို ဆွေးနွေးမှု များစတင်နိုင်ပြီး  ကိုဗစ် - ၁၉ ကန့်သတ်ချက်နှင့် ပတ်သက်၍ ထုတ်ပြန်ထားသော စည်းကမ်းချက် များကို ဦးစွာဖြေလျှော့ပေးရမည်ဖြစ်သည်။ ကနေဒါ နိုင်ငံသားများ၏  အခွင့်အရေးနှင့်  လွတ်လပ်ခွင့်ကို ပြန်လည်ပေးအပ်ရမည်ဟု ၎င်းက ဆက်ပြောသည်။ ဆန္ဒပြသူများကိုမြို့တော်အတွင်း ဝင်ရောက်ခွင့် ပြုပြီး ပိတ်ဆို့မှုများပြုလုပ်ရန် ခွင့်ပြုပေးခဲ့ခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ပိတ်ထားရသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ 

 


ဖမ်းဆီးမှုများပြုလုပ်မည် 


စုဝေးဆန္ဒပြသူများထံ အခြားသောထောက်ပံ့ ရေးပစ္စည်းများ သယ်ဆောင်လာမှုကို တားမြစ်ခြင်း ဖြင့် ဆန္ဒပြမှုကို ထိန်းသိမ်းနိုင်ရေး ကြိုးပမ်းမည် ဟု အော့တဝါရဲ ဌာနက  ပြောသည်။ ဆန္ဒပြ ထရပ် ကားသမားများထံ လောင်စာဆီသယ်ဆောင်ပေးသူ များကို ဖမ်းဆီးမှုများပြုလုပ်သွားမည်ဟု ရဲဌာနက တွစ်တာပေါ်တွင်  ကြေညာခဲ့သည်။   ယင်းသို့ ကြေညာပြီးသည့်နောက်ပိုင်း လူအချို့ဖမ်းဆီးခံရပြီး ဖြစ်ကာ  မော်တော်ယာဉ်များကိုလည်း သိမ်းဆည်း ခဲ့သည်။

 


အလွန့်အလွန်သတိထားရမည် 


 ကနေဒါသမ္မတ  ဂျက်စတင်ထရူးဒိုမှာလည်း ကိုဗစ် -၁၉ ကူးစက်ခံထားရသည့်အတွက် အသွား အလာ စောင့်ကြည့်ကန့်သတ်မှု ခံယူနေပြီး သီတင်း ပတ်ကုန်တွင် ဆန္ဒပြသူများ၏ လုပ်ရပ်နှင့်ပတ်သက် ၍   မည်သည့်မှတ်ချက်မျှပေးနိုင်ခဲ့ခြင်း  မရှိချေ။ ဖေဖော်ဝါရီ ၃ ရက်တွင် ဆန္ဒပြသူများကိုဖြိုခွင်းရန် အတွက်  ကနေဒါတပ်ဖွဲ့ကို တပ်ဖြန့်ချထားကောင်း ထားနိုင်သည်ဟု ကြေညာခဲ့သော်လည်း ကနေဒါ တပ်ဖွဲ့ကို     တပ်ဖြန့်မချထားမီ    အလွန့်အလွန် သတိထားရမည်ဟု ၎င်းကပြောကြားခဲ့သည်။ 

 


ဆိုးရွားစွာတုံ့ပြန်ခဲ့ 


နိုင်ငံရေးအကျပ်အတည်း ဖြစ်ပေါ်လာစေရန် အတွက်  ဆန္ဒပြမှုများကိုအရှိန်မြှင့်တင်ကောင်း တင်နိုင်သည်ဟုလည်း နိုင်ငံရေးသုတေသီတစ်ဦး ဖြစ်သူ  ဖီဒရစ် ဘွိုင်လီက ပြောသည်။  ကနဦးတွင် ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုက ဆိုးရွားစွာတုံ့ပြန် ခဲ့ကြောင်း ဆန္ဒပြသူများကို လက်ဝဲစွန်းရောက်များ ၏ ဆန္ဒပြမှုများဟု ပုံဖော်ရန်ကြိုးစားကာ ပြင်းပြင်း ထန်ထန်  တုံ့ပြန်ခဲ့သည်။ ထရူးဒိုမှာ လောင်စာကို ပိုမိုအားကောင်းစေရန်  လုပ်ဆောင်မိခဲ့သည်ဟု ၎င်းကဆက်လက်ဝေဖန်ခဲ့သည်။ 

 


 နိုင်ငံရေးပြဿနာအဖြစ် ဦးတည်သွားစေခဲ့ 


ကာကွယ်ဆေးထိုးရမည့်ကိစ္စကို      နိုင်ငံရေး ဆိုင်ရာပြဿနာအဖြစ်  ဦးတည်သွားစေခဲ့သည်။ မကြာမီခေါင်းဆောင်သစ်ကို ရွေးချယ်ရတော့မည့် ကွန်ဆာဗေးတစ်များသည်လည်း   ဆန့်ကျင် ဆန္ဒပြမှုများနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှု များရှိနေသည်။ 

 


ကနေဒါနိုင်ငံတွင် ကာကွယ်ဆေးမထိုးရသေးသည့်အရွယ်ရောက်ပြီးသူဦးရေမှာ ၁၀ ရာခိုင်နှုန်းရှိ ပြီး ၃၂ ရာခိုင်နှုန်းသော လူဦးရေမှာ  ကာကွယ်ဆေး မဖြစ်မနေထိုးရမည့်အမိန့်ကို  ဆန့်ကျင်နေကြသူ များအား  ထောက်ခံကြသည်ဟု   လတ်တလော ကောက်ယူထားသည့် စစ်တမ်းများအရ   သိရ သည်။     ။


ကိုးကား - အေအက်ဖ်ပီ