KNDO တပ်ရင်း(၆)မှ အကြမ်းဖက်မှုကိုလိုလားသည့်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကော့ကရိတ်မြို့နယ် ကမ်းနီးကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီး

 

နေပြည်တော်   ဇန်နဝါရီ   ၂၄


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကမ်းနီးကျေးရွာရှိ ကျေးရွာအုပ်ချုပ် ရေးမှူးရုံးအား KNDO တပ်ရင်း(၆)မှ အကြမ်းဖက်မှုကိုလိုလားသည့်အဖွဲ့ နှင့် PDF အမည်ခံအကြမ်းဖက်သမားများက  ယနေ့နံနက်အစောပိုင်းတွင် အကြောင်းမဲ့လာရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

 


ဖြစ်စဉ်မှာ KNDO တပ်ရင်း(၆)မှ အကြမ်းဖက်မှုကိုလိုလားသည့်အဖွဲ့ နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ယနေ့နံနက် ၃ နာရီခန့် တွင် ကော့ကရိတ်မြို့နယ် တံတားဦးကျေးရွာဘက်မှ ကမ်းနီးကျေးရွာ ဘက်သို့ မော်တော်ယာဉ် နှစ်စီးဖြင့် ရောက်ရှိလာပြီး ကမ်းနီးကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မီးရှို့ဖျက်ဆီးမှုကြောင့် အလျား ၁၅ ပေ၊ အနံ ပေ ၃၀ ၊ အမြင့် ၁၅ ပေရှိ ရုံးအဆောက်အအုံ မီးလောင်ပျက်စီးခဲ့ကြောင်းနှင့်  အဆိုပါကျေးရွာရှိ ဒေသခံပြည်သူများအနေဖြင့် အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့ အကျပ် ကိုင်ခြိမ်းခြောက်မှုများနှင့် အကြမ်းဖက်မှုများကြောင့် နီးစပ်ရာဆွေမျိုး များရှိရာသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရှိရသည်။

 


အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူ များအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေ ဒေသတည်ငြိမ်အေးချမ်းရေးအတွက်  လုံခြုံရေးတပ်ဖွဲ့ဝင်များအနေ ဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ  ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

 


သတင်းစဉ်