
ကသာ စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင်နယ်စပ်ရှိ ကြံစိုက်ပျိုး တောင်သူများ သကြားစျေး မြင့်တက်လာ၍ ကြံစျေးမြင့်တက် လာခဲ့သော်လည်း အလုပ်သမားခ နှင့် ကုန်ကျစရိတ် ပိုလာသဖြင့် တောင်သူများ အကျိုးအမြတ် နည်းပါးနေကြောင်း ကြံတောင်သူ များထံမှ သိရသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှာ ကြံစျေး ကျပ် ၆၄၀၀၀ ဒီဇယ် တစ်ပီပါ ကျပ် ၂၅၀၀၀၀ ဖြစ်ခဲ့ ရာ ကြံတောင်သူများ ကြံတိုးချဲ့ စိုက်ပျိုးခြင်းထက် ကြံထွက်နှုန်း မကျဆင်းရေးကိုသာ ဦးစားပေး စိုက်ပျိုးခဲ့ကြရသည် ။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကြံစျေးနှုန်း တစ်တန်လျှင် ကျပ် ၇၉၀၀၀ နှင့် မိုင် ၂၀ ကျော်လျှင် ကျပ် ၅၀၀၊ မိုင် ၃၀ ကျော်လျှင် ကျပ် ၁၀၀၀၊ မိုင် ၄၀ ကျော်လျှင် ကျပ် ၁၅၀၀ နှုန်းဖြင့် သယ်ယူစရိတ် ပိုတိုးပေးခဲ့သော် လည်း တောင်သူများ အမြတ် နည်းပါးလျက်ရှိသည်။
ယခုနှစ်မှာ အစစအရာရာ စျေးမြင့်တက်ခဲ့ရာ ယခင်က မြေဆီ တစ်အိတ်လျှင် ကျပ် ၂၅၀၀၀၊ ယခု မြေဆီစျေးမှာ တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀၊ ယခုနှစ်သကြား စျေးမှာ တစ်ပိဿာကျပ်၂၂၀၀ ခန့် ဖြစ်သော်လည်း ထွန်ယက်ခ အလုပ်သမား ကုန်ကျစရိတ်မှာ ကျပ် ၁၆၀၀ မှ ၁၈၀၀ ခန့် ကုန်ကျ ရာ ပေးထားစျေးမှာ ကြံတစ်တန် လျှင် ကျပ် ၈၀၀၀၀ ခန့်သာရှိသည့် အတွက် ကျပ်တစ်သိန်းခန့် တိုးပေး ပါက နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင် ပြီး ကြံတောင်သူများ အလုပ်အကိုင် အခွင့်အလမ်း ကောင်းလာနိုင် ကြောင်း ကြံတောင်သူတစ်ဦးက ပြောသည်။
ကြံဈေးနှုန်းမှာ သမိုင်း တစ်လျှောက် အမြင့်ဆုံးစျေးနှုန်း သို့ တက်လာသော်လည်း ဒီဇယ် ဆီစျေး၊ သယ်ယူစရိတ်၊ မြေဆီစျေး၊ အလုပ်သမားခ မြင့်တက်လာမှု ကြောင့် ယခုနှစ်တွင် စိုက်ခင်းများ ကို ပေါင်းရှင်းမြေဆီထည့်ပေးခြင်း သာ လုပ်ကိုင်နေရပြီး တစ်ဧက လျှင် ကြံ ၁၈ တန်ကျော်ခန့်သာ ထွက်ရှိနိုင်ကြောင်း၊ ကသာခရိုင် အတွင်းရှိ တစ်ကောင်း၊ မောင်း ကုန်း၊ ယင်းခဲ၊ ငါးအိုး၊ သုံးပွင့်ဆုံ နယ်နိမိတ်ရှိ ကြံတောင်သူများ အကျိုးအမြတ်နည်းပါးနေခြင်းကို ကုမ္ပဏီများက ထည့်သွင်းစဉ်းစား ပေးသင့်ကြောင်း ဆက်လက် ပြောပြခဲ့သည်။
ငွေအိုးကသာ