
ကန့်ဘလူ ဩဂုတ် ၂၅
ပြည်သူများနေထိုင်ရေး အဆင်ပြေစေရေးအတွက် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော် တည်ဆောက်ခဲ့သည့် ပြည်သူ့ အငှားအိမ်ရာ ၁၂ ခန်းတွဲ လေးထပ် အခန်းပေါင်း ၄၈ ခန်းကို ယခုအခါ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှ သိရသည်။
အဆိုပါ တိုက်ခန်းများကို လျှောက်ထားရာတွင် လျှောက်ထားသူ သည် ဝင်ငွေနည်းပြည်သူများ၊ လုပ်သက် ၂၅ နှစ်အထက် အခြေချ နိုင်ငံ့ဝန်ထမ်းများ၊ အခြေချ အငြိမ်းစားဝန်ထမ်းများ လျှောက်ထားနိုင် သည်။ လျှောက်ထားသူသည် ကန့်ဘလူမြို့ စည်ပင်သာယာနယ်နိမိတ် အတွင်း နေထိုင်သူဖြစ်ပြီး အိမ်ထောင်စု စာရင်းပုံစံ ၆၆ /၆ တွင် ပါဝင်သူ ဖြစ်ရမည်ဖြစ်ကြောင်းနှင့် လျှောက်လွှာများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ဦးစီးအရာရှိ (မြို့ပြ) ရုံး လမ်းဦးစီးဌာနတို့၌ ထုတ်ယူနိုင်ကာ စက်တင်ဘာ ၁ ရက်မှ ၁၀ ရက်အထိ ရုံးချိန်အတွင်း အဆိုပါဌာနတို့တွင် လျှောက်လွှာများ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)