
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် စပါး၊ ဆီထွက်သီးနှံများနှင့် ပဲအမျိုးမျိုး စိုက်ပျိုးလျက်ရှိရာ မတ်ပဲသီးနှံများကို လည်း စိုက်ပျိုးထားရှိကြောင်း၊ လက်ရှိအချိန်တွင် မတ်ပဲသီးနှံများ ဈေးကွက်အတွင်းသို့ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဇူလိုင် လ ပထမပတ်အတွင်း၌ မတ်ပဲ(ဂျပန်)တစ်တင်းလျှင် ကျပ် ၉၀၀၀၀ ဖြင့် လည်းကောင်း၊ မတ်ပဲရိုးရိုး တစ်တင်းလျှင် ကျပ် ၉၇၀၀၀ ဖြင့်လည်း ကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှ ထွက်ရှိသော မတ်ပဲများကို မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ်တွင် မတ်ပဲဈေးနှုန်းသည် ယခင် နှစ်ထက် ပိုမိုကောင်းမွန်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် မတ်ပဲစိုက်တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်များ ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
DOCA (စစ်ကိုင်း)