ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအနီး PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက အကြမ်းဖက်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် ရုံးအဆောက်အဦအား တိုက်ခိုက်ချေမှုန်း

 

နေပြည်တော်   ဧပြီ   ၁၃


စစ်ကိုင်းတိုင်းဒေသကြီး     ကန့်ဘလူ မြို့နယ်  ပဇီကြီးကျေးရွာအနီးတွင်  PDF အမည်ခံ    အကြမ်းဖက်သမားများသည် ၎င်းတို့၏အကြမ်းဖက်ဌာနချုပ်     NUG ရုံးအဖြစ်   တည်ဆောက်၍   ဧပြီ ၁၁ ရက် တွင် ဖွင့်ပွဲပြုလုပ်ရန်ရှိကြောင်း အကြမ်း ဖက်မှုကို  ရွံမုန်းနေသည့် ဒေသခံပြည်သူ အချို့မှ အချိန်နှင့်နေရာအား ဧပြီ ၁၀ ရက် ညပိုင်းတွင်  တိကျစွာ သတင်းပေးပို့လာခဲ့သည်။

 


သတင်းပေးပို့ချက်အရ     ကျေးရွာ အတွင်းနေ အပြစ်မဲ့ပြည်သူများ ထိခိုက်မှု မရှိစေရေး    ကျေးရွာနှင့်   အကြမ်းဖက် အခြေချစခန်းပြုလုပ်သည့်နေရာ  အကွာ အဝေးကို  တွက်ချက်ကာ  လေကြောင်း အကန့်အသတ်ဖြင့်     တိုက်ခိုက်ချေမှုန်း မှုများ  ဆောင်ရွက်ခဲ့သဖြင့်  အကြမ်းဖက် PDF ခေါင်းဆောင် သန့်ဇင်နှင့် အကြမ်းဖက် အဖွဲ့ဝင်များ  သေဆုံးခဲ့ကြောင်း  ဒေသခံ ပြည်သူအချို့မှ လျှို့ဝှက်သတင်းပေးပို့လာ ခဲ့သည်။

 


ဖြစ်စဉ်တွင်   လေကြောင်းတိုက်ခိုက် မှုတစ်ခုတည်းကြောင့်  မဟုတ်ဘဲ    ၎င်း အကြမ်းဖက်စခန်းတွင်    ခင်းကျင်းပြသ ထားသော မိုင်းများ၊  လက်နက်/ ခဲယမ်း များ ထပ်မံပေါက်ကွဲမှုကြောင့်  ပြင်းထန် သော   ပေါက်ကွဲမှုကြီးများ   ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှု      ပိုမိုများပြားခဲ့ကြောင်း၊ သေဆုံးသူများသည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(ပကဖ) ရုံးခန်းဖွင့်ပွဲသို့ တက်ရောက် ခဲ့သည့်  PDF  အကြမ်းဖက်သမားများ ဖြစ်ကြောင်းကိုလည်း  ဒေသခံပြည်သူများ နှင့် မီဒီယာများ၏ အင်တာဗျူးပြောဆိုချက် အသံဖိုင်သက်သေများအရ    ကြားသိရ ကြောင်း၊   ၎င်းအပြင်    အခမ်းအနားသို့ တက်ရောက်နေသော    အကြမ်းဖက် သမားများနှင့်      အားပေးသူများသည် လေယာဉ်သံကြား၍ အန္တရာယ်ကင်းရှင်း ရေး ရှောင်တိမ်းစဉ်  ပဇီကြီးကျေးရွာအနီး နှင့်          အခမ်းအနားနေရာတစ်ဝိုက် ပတ်လည်ထောင်ထားသော အကြမ်းဖက် သမား၏ မိုင်းကွင်းမှ လက်လုပ်မိုင်းအများ အပြားအား နင်းမိခြင်း၊  လူလုပ်ပဒေသာ မိုင်းများ  ထပ်ဆင့်ပေါက်ကွဲခြင်းတို့ကြောင့် ထိခိုက်သေဆုံးမှုများရှိကြောင်းကို  ၎င်းတို့ ကိုယ်တိုင်  ထုတ်လွှင့်ထားသော  ရုပ်/သံ ဗီဒီယိုများအရ သိရှိရသည်။ 

 


ကန့်ဘလူမြို့နယ်  ပဇီကြီးကျေးရွာ ဝန်းကျင်သည်  KIA  သောင်းကျန်းသူနှင့် PDF   အမည်ခံ   အကြမ်းဖက်သမားများ ပူးပေါင်း၍     စစ်ကိုင်းတိုင်းမြောက်ခြမ်း အဓိက   စစ်ရေးလှုပ်ရှားရာနှင့်   စစ်ကိုင်း တိုင်းတောင်ခြမ်းသို့  လက်နက်/ခဲယမ်း များနှင့်   လေ့ကျင့်ပြီး   အကြမ်းဖက်သမား များစေလွှတ်ရာ     လမ်းကြောင်းပေါ်ရှိ အဓိက  စခန်းထောက်နေရာဖြစ်ကြောင်း၊ PDF အကြမ်းဖက်စစ်သင်တန်းဆင်းပွဲများ မကြာခဏပြုလုပ်ခြင်း၊  နယ်မြေတစ်ဝိုက် မိုင်းထောင်ခြင်း၊   အခိုင်အမာစခန်းများ တည်ဆောက်ခြင်းဖြင့်    PDF    များ၏ လွတ်မြောက်နယ်မြေအဖြစ်    လျာထားဆောင်ရွက်လာခြင်းဖြစ်ကြောင်း၊   ထိုသို့ အကြမ်းဖက်လုပ်ရပ်များအတွက် ဥပဒေမဲ့ ပြုလုပ်နေမှုများကိုလည်း  Social Media များပေါ်တွင်  ထုတ်လွှင့်၍     အောင်ပွဲခံနေ ကြကြောင်း၊   ယခု    ၎င်းတို့၏    ဌာနချုပ် စခန်းဖွင့်ပွဲကိုလည်း      အရပ်ဝတ်များ ဝတ်ဆင်၍         တခမ်းတနားပြုလုပ်ပြီး ရုံးဖွင့်ပွဲအား ပြည်သူလူထုက ထောက်ခံ သယောင် မီဒီယာများပေါ်တွင်   ဝါဒဖြန့် မည့်အစီအစဉ်အား    အကြမ်းဖက်မှုကို ရွံမုန်းပြီး နီးရာဓားကြောက်ရသည့်  ရွာခံ အချို့ထံမှ  တိကျသော  သတင်းရရှိထား ကြောင်း၊  ဆက်သွယ်ရေးမြောင်းများဖြင့် စစ်အခြေချစခန်းသဖွယ်   တည်ဆောက် ထားပြီး မိုင်းများလည်း  ပတ်လည်ထောင် ထားကြောင်း၊ တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွား ခဲ့သောနေရာတွင်    PDF   အရေးကြီး ခေါင်းဆောင်နှင့်   KIA    သောင်းကျန်း သူများ၊   PDF   အမည်ခံ   အကြမ်းဖက် သမားများ      စုဝေးရောက်ရှိနေကြောင်း တို့ကို     သတင်းအတိအကျရရှိသဖြင့် ကျေးရွာအပြင်ဘက်တွင်  သီးခြားတည်ရှိ နေသော  စစ်ဘက်ပစ်မှတ်တစ်ခုအနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 


ပဇီကြီးကျေးရွာအနီး   အကြမ်းဖက် စခန်းအားအခြေပြု၍   လှုပ်ရှားနေသော KIA    သောင်းကျန်းသူများနှင့်     PDF အမည်ခံ    အကြမ်းဖက်သမားများသည် ကျေးရွာအတွင်း   ပြောက်ကျားအခြေပြု ရာမှ  ရွာအပြင်တွင်   တရားဝင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ရုံး         ဖွင့်လှစ်ရန် ကြိုးပမ်းလာခဲ့သည်။ အဆိုပါ အကြမ်းဖက် အဖွဲ့သည်   ၂၀၂၂ ခုနှစ်  ဧပြီ ၄ ရက်မှ စတင်၍   ပင်လည်ဘူးမြို့နယ်အတွင်းသို့ လုံခြုံရေးတပ်ဖွဲ့များမရှိစဉ်      ပစ်ခတ် ဝင်ရောက်၍    ဆေးရုံ၊    စာသင်ကျောင်း၊ မီးသတ်အဆောက်အဦ၊ မြန်မာ့စီးပွားရေး ဘဏ်၊ ဘုရားကုန်းနှင့်  လူနေအဆောက် အဦများကို အကာအကွယ်ရယူကာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့်  ရဲစခန်း တို့ကို  သာလွန်အင်အားဖြင့်   ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့်    အပြစ်မဲ့ပြည်သူနှင့် ဝန်ထမ်းများ  သေဆုံးထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း၊      ဒီဇင်ဘာ  ၇ ရက်တွင် ကန့်ဘလူမြို့နယ်ဂါးတာကျေးရွာမှ        ငါးနှစ်အောက်  ကလေးငယ် သုံးဦး အပါ အဝင်  အမျိုးသား ခြောက်ဦး၊  အမျိုးသမီး ခြောက်ဦးတို့အား အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း၊  ဒီဇင်ဘာ   ၁၇   ရက်တွင်    လုံခြုံရေး တပ်ဖွဲ့ဝင်များအား     ကသာမြို့နယ်   နောင်ပင်ကျေးရွာ၊   မိုးဒါကြီးကျေးရွာနှင့် ဟဲနားကျေးရွာအနီး  ပစ်ခတ် တိုက်ခိုက် ခဲ့ပြီး    အဆိုပါ  ကျေးရွာများမှ  လူနေအိမ် များ  မီးရှို့ဖျက်ဆီးခဲ့ရာ  အိမ်ခြေ ၆၄ လုံး     မီးလောင်ပျက်စီးခဲ့ကြောင်း      သိရှိရ သည်။

 


 ဖောက်ခွဲဖျက်ဆီး


အဆိုပါအဖွဲ့သည်   ၂၀၂၃   ခုနှစ် ဇန်နဝါရီ ၁၃ ရက်တွင်  ထီးချိုင့်မြို့နယ် မရသိမ်ကျေးရွာရှိ  စာသင်ကျောင်းတွင်  သဲအိတ်၊  ဘန်ကာများတည်ဆောက်ခြင်း၊ မိုင်းများ   အတားအဆီးများချထားခြင်း၊ လေ့ကျင့်ရေးကွင်းများ    ဖောက်လုပ်ခြင်း များ ပြုလုပ်၍   အခိုင်အမာစခန်း   တည် ဆောက်ကာ      အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင် များက  သွားရောက်တိုက်ခိုက်ခဲ့ရာ ၁၀၇ မမ ရှော့တိုက် ဒုံးသီးအပါအဝင် လက်နက်၊ ခဲယမ်း၊   ဗုံးသီးများနှင့်  ဆက်စပ်ပစ္စည်း များအား         သိမ်းဆည်းရမိခဲ့သည်။  အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့ အခြေပြုနေထိုင်ခဲ့သည့်      အထောက် အထားများ         မကျန်စေရန်အတွက် စာသင်ကျောင်းအား   မီးရှို့၊    ဖောက်ခွဲ ဖျက်ဆီးခဲ့ကြပြီး   ဖရိုဖရဲဖြင့်  ထွက်ပြေး သွားခဲ့ကြောင်း သိရှိရသည်။

 


လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိ


ဆက်လက်၍ ၂၀၂၃ ခုနှစ်  ဖေဖော်ဝါရီ ၇ ရက်ခန့်မှစတင်ကာ  ကသာမြို့နယ် မိုးတားလေးကျေးရွာရှိ   ဘုန်းတော်ကြီး ကျောင်းများ၊     ဘုရားစေတီပုထိုးများ၊ စာသင်ကျောင်းများအတွင်းသို့    အခိုင် အမာဝင်ရောက်နေထိုင်ကာ   ဆက်ကြေး ကောက်ခံခြင်း၊  ဒေသခံပြည်သူများအား နှိပ်စက်သတ်ဖြတ်ခြင်းများ   ပြုလုပ်နေ ကြောင်း    ဒေသခံပြည်သူတို့၏    လျှို့ဝှက် သတင်းပေးပို့ချက်အရ      အကြမ်းဖက် ချေမှုန်းရေးစစ်ဆင်ရေး   (Counter – Terrorism Operation) ကို ဇန်နဝါရီ ၁၈ ရက်မှ ၂၂ ရက်အထိ  ပြုလုပ်ခဲ့ပြီး တိုက်ပွဲ ခုနစ်ကြိမ်ဖြစ်ပွားခဲ့ကာ လက်နက်/ခဲယမ်း များ သိမ်းဆည်းရမိခဲ့သည်။ အကြမ်းဖက် အဖွဲ့ကြောင့်  ပျက်စီးခဲ့သည့်   ဘုန်းကြီး ကျောင်း၊ စာသင်ကျောင်းနှင့်  လူနေအိမ် များအား       လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပြုပြင်ပေးခဲ့ရသည်။

 


ဖေဖော်ဝါရီ ၉ ရက်တွင်   ကန့်ဘလူ မြို့နယ်  စံပယ်နံ့သာကျေးရွာနှင့် တန့်ဆည် မြို့နယ်            အင်ကုက္ကားကျေးရွာများရှိ ဒေသခံပြည်သူများအား       လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့်    ကျေးရွာသူ/ကျေးရွာသား ရှစ်ဦးသေဆုံးခဲ့ပြီး ကလေး သူငယ် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မတ် ၂ ရက်တွင်   ကန့်ဘလူမြို့နယ်    ချပ်ကြီး ကျေးရွာ၌       လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့များ     နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ်  ၎င်းအကြမ်းဖက်အဖွဲ့ များက လက်နက်ကြီး၊  လက်နက်ငယ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့်  ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်      အများအပြား သေဆုံးခဲ့ရကြောင်း၊  မတ် ၃၀ ရက်တွင် ကန့်ဘလူမြို့နယ်  ပေါက်ကုန်းကျေးရွာ၌ အပြစ်မဲ့ပြည်သူ    ၅၀  အား   ဖမ်းဆီး ခေါ်ဆောင်သွားပြီး  ကိုးဦးအား ရက်စက် စွာ  ပစ်ခတ်သတ်ဖြတ်၍ လူနေအိမ် ၆၂ လုံး အား  မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊  မတ် ၁၄ ရက်နှင့် ဧပြီ ၄ ရက်များတွင်  ကန့်ဘလူ မြို့နယ်  ဇင်း Station အား   တိုက်ခိုက် ဖျက်ဆီးခဲ့သဖြင့်  အဆိုပါစစ်ကိုင်းတိုင်း မြောက်ခြမ်းကျေးရွာအုပ်စုများရှိ ပြည်သူ အများစုသည်     အကြမ်းဖက်အဖွဲ့အား ကြောက်ရွံ့ရွံရှာမုန်းတီးကြလျက်   အဆိုပါ အဖွဲ့၏ အလစ်အငိုက်များ၌ မိမိတပ်မတော် စစ်ကြောင်းနှင့်  လုံခြုံရေးအဖွဲ့များထံသို့ အခါအားလျော်စွာ    လှုပ်ရှားမှုသတင်း များကို လျှို့ဝှက်ပေးပို့လျက်ရှိသည်။

 


သိမ်းဆည်းရမိ


ဧပြီ ၈ ရက်တွင် ရွှေကူမြို့နယ်အတွင်း KIA သောင်းကျန်းသူနှင့်  PDF အမည်ခံ အကြမ်းဖက်သမားများသည် ဧရာဝတီ မြစ် အရှေ့ခြမ်းတွင်  NUG  အကြမ်းဖက် အဖွဲ့၏ အရှေ့ဘက်ဌာနချုပ် တစ်ခုအဖြစ် အခြေပြုရန်      ကြိုးပမ်းလျက်ရှိသော မန်ဝိန်း၊ စီသာ၊ မန်ခါး၊ စီသောင်၊ စီမူလေး၊ စီမူကြီး၊  တုံးကောက်၊  ရွာသစ်ကုန်းနှင့် နန့်လန်ကျေးရွာများ    တစ်ဝိုက်ကိုလည်း တပ်မတော်စစ်ကြောင်းများက  မတ် ၂၃ ရက်မှ ဧပြီ ၈ ရက်အထိ     စစ်ဆင်ရေး ဆောင်ရွက်ခဲ့ရပြီး   အကြမ်းဖက်အဖွဲ့များ ထံမှ အလောင်း ၁၇ လောင်း၊  လက်နက်/ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။

 


ဌာနချုပ်များ တည်ဆောက်ရန်


အထက်ပါ အကြမ်းဖက်ဖြစ်စဉ်များ သည်   NUG  လက်ဝေခံ  PDF  အမည်ခံ အကြမ်းဖက်သမားများက  KIA  သောင်း ကျန်းသူအဖွဲ့များ၏ ကူညီထောက်ပံ့မှုများ ရယူ၍  စစ်ကိုင်းတိုင်းမြောက်ဘက်ခြမ်း၊  ဧရာဝတီမြစ်အရှေ့ဘက်       ရွှေကူမြို့ တောင်ဘက် စီသောင်ကျေးရွာတွင် အရှေ့ ပိုင်းဌာနချုပ်အဖြစ်          လည်းကောင်း၊ ဧရာဝတီမြစ်         အနောက်ဘက်ခြမ်း ကန့်ဘလူမြို့နယ်  ပဇီကြီးကျေးရွာတွင် အနောက်ပိုင်းဌာနချုပ်အဖြစ်    လည်း ကောင်း  ဌာနချုပ်များ  တည်ဆောက်ရန် လုပ်ဆောင်လာခဲ့မှုများကြောင့်     ရပ်ရွာ တည်ငြိမ်အေးချမ်းရေးနှင့်  အကြမ်းဖက် လုပ်ရပ်များ     ရပ်တန့်စေရေးအတွက် လိုအပ်သော    အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး      (Counter – Terrorism Operation) တစ်ရပ်အနေဖြင့် ဆောင်ရွက် ခဲ့ရခြင်း ဖြစ်သည်။

 


တိုက်ခိုက်ချေမှုန်း


 မိုးဒါကြီး၊      မိုးတားလေး    စသော ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းဖြစ်စဉ်များတွင်  အကြမ်းဖက်အဖွဲ့များအနေဖြင့် KIA သောင်းကျန်းသူအဖွဲ့၏ အထောက်အပံ့ကို အဓိကရယူ၍   ရွှေကူမြို့နယ်  စီသောင် တစ်ဝိုက် ဌာနချုပ်အဖြစ်တည်ဆောက်ရန် ကြိုးပမ်းမှုအပေါ်    တပ်မတော်အနေဖြင့် စနစ်တကျစုဖွဲ့ကာ       လက်ဦးမှုရယူ၍ ချေမှုန်းနိုင်ခဲ့သော်လည်း ဒေသခံပြည်သူ တို့၏ အချိန်နှင့်နေရာအတိအကျ သတင်း ပေးပို့ချက်အရ  အနောက်ဘက်   ပဇီကြီး ကျေးရွာတွင်  ဌာနချုပ်အဖြစ်ဖွင့်လှစ်ရန် လုပ်ဆောင်မှုကို တားဆီးရန် တပ်မတော် စစ်ကြောင်းများ အလှမ်းကွာဝေးမှုကြောင့် စနစ်တကျတွက်ချက်၍     လေကြောင်း အကန့်အသတ်ဖြင့်    တိုက်ခိုက်ချေမှုန်း ခဲ့ခြင်းဖြစ်သည်။

 


ကန့်ဘလူမြို့နယ်  ပဇီကြီးကျေးရွာ အနီးဖြစ်စဉ်တွင် PDF အကြမ်းသမားများ ကို ဦးတည်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်မှု ကို   အားပေးထောက်ခံသည့်   အရပ်ဝတ် အကြမ်းဖက်သမားအချို့ ဆက်စပ်သေဆုံး မှုများရှိနိုင်ကြောင်းနှင့်    အကြမ်းဖက် မှုများတွင်    ဆက်စပ်ပါဝင်သူများသည် အရပ်ဝတ်ပင်        ဝတ်ဆင်ထားစေကာမှု အကြမ်းဖက်မှု  တိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှုတွင်     အကျုံးဝင်သူများ ဖြစ်ပါသည်။   အကြမ်းဖက်မှု  တိုက်ဖျက် ရေးဥပဒေပုဒ်မ ၃ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၁၆)တွင်  “အကြမ်းဖက်အုပ်စု ဖွဲ့စည်းရန်၊ အကြမ်းဖက်အုပ်စုတစ်ခုခုတွင်  သိလျက် နှင့်ပါဝင်ဆောင်ရွက်ရန်၊    တာဝန်ပေး၍ လှုပ်ရှားဆောင်ရွက်စေရန်ပြုလုပ်မှုများ”သည်အကြမ်းဖက်မှုဖြစ်သည်ဟု   လည်း ကောင်း ပုဒ်မခွဲ(ပ)တွင်    “အကြမ်းဖက် သမားဆိုသည်မှာ အကြမ်းဖက်မှု တစ်ခုခု ကို တိုက်ရိုက်ဖြစ်စေ၊  သွယ်ဝိုက်၍ဖြစ်စေ ဥပဒေနှင့်မညီဘဲ       တစ်နည်းနည်းဖြင့် ကျူးလွန်သူ    သို့မဟုတ်    ကျူးလွန်ရန် အားထုတ်သူ       ကိုယ်တိုင်သော်လည်း ကောင်း၊   အကြမ်းဖက်မှုတွင်   ကြံရာပါ အဖြစ်ပါဝင်သူ    သို့မဟုတ်    အကြမ်းဖက်မှု ကျူးလွန်ရန် အခြားသူများအား ညွှန်ကြား သူ  သို့မဟုတ်  စည်းရုံးသိမ်းသွင်းသူကိုသော်လည်းကောင်း၊    အကြမ်းဖက်မှု ကျူးလွန်နိုင်ရန်         ရည်ရွယ်ချက်ဖြင့် ပါဝင်ထောက်ပံ့သူကို     လည်းကောင်း ဆိုသည်” ဟု လည်းကောင်း ပြဋ္ဌာန်းထား ချက်များနှင့်အညီ အကြမ်းဖက်အဖွဲ့များ၏ နေရာတွင်      ရောက်ရှိနေသူများသည် အကြမ်းဖက်အဖွဲ့များတွင်  ဆက်စပ်ပါဝင် ပတ်သက်သူများ ဖြစ်ပါသည်။

 


ပဇီကြီးကျေးရွာအနီး KIA သောင်းကျန်း သူအဖွဲ့နှင့် PDF အမည်ခံ  အကြမ်းဖက်အဖွဲ့ တိုက်ခိုက်ချေမှုန်းခံရမှုနှင့်    ပတ်သက်၍ ကုလသမဂ္ဂ    အထွေထွေအတွင်းရေးမှူး ချုပ်၏      ပြောရေးဆိုခွင့်ရှိသူအပါအဝင် နိုင်ငံကြီး ခုနစ်နိုင်ငံအနေဖြင့်   တရားဝင် ထုတ်ပြန်သော ဖြစ်စဉ်အမှန်ကို လျစ်လျူ ရှု၍   ကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်ခဲ့ သည်ကို တွေ့ရှိရသည်။

 


အဆိုပါ     နိုင်ငံကြီးများအနေဖြင့် အရှေ့အလယ်ပိုင်းဒေသ        အပါအဝင် ဖြစ်ပွားနေသော ကမ္ဘာ့ရေးရာ ပဋိပက္ခများ တွင်   မိမိတို့၏   ကိုယ်ကျိုးစီးပွားများနှင့် ရနိုင်သည့်  အခွင့်အလမ်းအပေါ်မူတည်၍ ရေငုံနှုတ်ပိတ်နေလျက်ရှိသည်ကိုလည်း တွေ့ရှိရသည်။ ဒီမိုကရေစီနှင့် ပြည်သူဟု ကြွေးကြော်နေသော်လည်း မိမိတို့နိုင်ငံ၏ လက်ရှိ ပကတိအမှန်တရားကို မှန်ကန် စွာမသုံးသပ်ဘဲ ပြည်သူအပေါ် နည်းမျိုးစုံ ဖြင့် နှိပ်စက်သတ်ဖြတ်နေသော  အကြမ်း ဖက်အဖွဲ့၏  လုပ်ရပ်များကို သွယ်ဝိုက်၍ သော်လည်းကောင်း၊     တိုက်ရိုက်သော် လည်းကောင်း အားပေးအားမြှောက်ပြု၍ နိုင်ငံငယ်များအပေါ်     ကြီးနိုင်ငယ်ညှင်း အနိုင်ကျင့်      နှိပ်ကွပ်လျက်ရှိကြောင်း တွေ့ရှိရသည်။

 


အပြီးသတ်ရှင်းလင်းရန်ဆောင်ရွက်နေ


လုံခြုံရေး    တပ်ဖွဲ့ဝင်များအနေဖြင့် ဥပဒေမဲ့လုပ်ရပ်များကို    ကျူးလွန်လုပ် ဆောင်နေသည့်    အကြမ်းဖက်အဖွဲ့များ၊ အကြမ်းဖက်သမားများကို      တားဆီး နှိမ်နင်းရာတွင်     ဥပဒေနှင့်အညီသာ  ဆောင်ရွက်လျက်ရှိသည်။   အကြမ်းဖက် ချေမှုန်းရေးစစ်ဆင်ရေး   ဆင်နွှဲနေရသော် လည်း       လက်နက်ကိုင်ပဋိပက္ခများတွင် လိုက်နာရသည့်    အပြည်ပြည်ဆိုင်ရာ လူသားချင်း  စာနာထောက်ထားမှုဥပဒေ ၏    အဓိကအခြေခံသဘောတရားများ ဖြစ်သော အရပ်သားများနှင့် အကြမ်းဖက် တိုက်ခိုက်သူများအကြား၊      ကျေးရွာ အဆောက်အဦများနှင့် အကြမ်းဖက်အဖွဲ့ အခြေချနေရာများအကြား     ခွဲခြားခြင်း (Distinction)၊ အကြမ်းဖက်သမားများကို တိုက်ခိုက်ရာတွင်လည်း     မြို့ရွာများနှင့် အပြစ်မဲ့အရပ်သား           ပြည်သူများကို ဆက်စပ်၍သော်လည်းကောင်း၊ မတော် တဆသော်လည်းကောင်း      ထိခိုက်မှု အနည်းဆုံးဖြစ်အောင် စီမံတိုက်ခိုက်ခြင်း (Proportionality)၊ လူသားချင်းစာနာမှု (Humanity) စသည့်   အခြေခံသဘော တရားနှင့်အညီ   တိုက်ခိုက်လျက်ရှိသည့် အပြင်  အကြမ်းဖက်ချေမှုန်းရေးစစ်ဆင် ရေးဆိုင်ရာ    ဒေသအလိုက်    ထိတွေ့ တိုက်ခိုက်မှု စည်းမျဉ်းများ (Rules of Engagement-ROE)ကိုလည်း ထုတ်ပြန် ပေးထားကာ    လိုက်နာဆောင်ရွက်စေ လျက်ရှိပြီး  အဆိုပါအကြမ်းဖက်ဌာနချုပ် ဖွင့်လှစ်ရန်  လျာထားသည့်   ပဇီကြီး ကျေးရွာအနီးရှိနေရာကိုလည်း    လုံခြုံရေး တပ်ဖွဲ့ဝင်များက အပြီးသတ် ရှင်းလင်းရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သတင်း ရရှိသည်။                 

 သတင်းစဉ်