ကန့်ဘလူမြို့နယ် မိုးကောင်းကျေးရွာနှင့် တန့်ဆည်မြို့နယ် ကျွန်းလည်ကျေးရွာတို့အား ဆက်သွယ်သည့် ပြည်ငြိမ်းချမ်းသာ မူးမြစ်ကူးတံတားဖွင့်ပွဲနှင့် ကန့်ဘလူခရိုင် တရားရုံးနှင့် မြို့နယ်တရားရုံးဖွင့်ပွဲများပြုလုပ်

 

နေပြည်တော်    မတ်    ၃၁


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ   ခရိုင် ကန့်ဘလူမြို့နယ်  ညောင်ပင် ကြီး  ကျေးရွာအုပ်စု   မိုးကောင်း ကျေးရွာနှင့် ရေဦးခရိုင် တန့်ဆည် မြို့နယ်   ကျွန်းလည်ကျေးရွာတို့ အား  ဆက်သွယ်သည့်    ပြည်ငြိမ်း ချမ်းသာ      မူးမြစ်ကူးတံတားဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင်     အဆိုပါ မူးမြစ်ကူးတံတား      မုခ်ဦးရှေ့၌ ပြုလုပ် ရာ  စစ်ကိုင်းတိုင်းဒေသကြီး      ဝန်ကြီးချုပ်        ဦးမြတ်ကျော်၊  အနောက်မြောက်တိုင်း    စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ တိုင်းဒေသကြီး    အစိုးရအဖွဲ့ဝင် များ၊     ဌာနဆိုင်ရာ       တာဝန်ရှိသူ များနှင့်      ဒေသခံပြည်သူများ  တက်ရောက်ကြသည်။

 


ဦးစွာ       တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်   တိုင်းမှူးတို့က အဖွင့်အမှာစကား  ပြောကြားပြီး ကန့်ဘလူမြို့နယ်       မြေထူး ကျေးရွာအုပ်စု  မှော်တော်ကျေးရွာ သာသနာ့အလင်းရောင် ကျောင်း တိုက် ဆရာတော်က  ကျေးဇူးတင် စကားမိန့်ကြားသည်။  ထို့နောက် တိုင်းဒေသကြီး      ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်  တာဝန်ရှိသူများက  ပြည်ငြိမ်းချမ်းသာ    မူးမြစ်ကူး တံတားအား  ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး    တံတားကို    လိုက်လံ ကြည့်ရှုကြသည်။ 

 


အဆိုပါတံတားမှာ   တံတား အရှည်ပေ ၁၅၀၀ နှင့် အကျယ် ပေ ၂၀ ရှိပြီး      စုစုပေါင်းကုန်ကျ ငွေ   ကျပ်သိန်း  ၁၅၀၀ ဖြစ်၍ တိုင်းဒေသကြီး       အစိုးရအဖွဲ့မှ ငွေကျပ်သိန်း ၅၀၀ နှင့်  ပြည်သူ လူထုမှ  လှူဒါန်းငွေကျပ်သိန်း ၁၀၀၀ ဖြင့် အကုန်အကျခံတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း  သိရ သည်။ 

 


ဆက်လက်၍  တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင် များသည် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့    ကန့်ဘလူခရိုင် တရားရုံးနှင့်   မြို့နယ်တရားရုံး ဖွင့်ပွဲသို့   သွားရောက်၍   ဖဲကြိုး ဖြတ်        ဖွင့်လှစ်ပေးကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီး ချုပ်၊   တိုင်းမှူးနှင့်  တာဝန်ရှိသူ များသည်      ကမ္ပည်းမော်ကွန်း အားအမွှေးနံ့သာရည်များ ပက်ဖျန်း ပေးပြီး    အဆာက်အဦအတွင်း    လှည့်လည်ကြည့်ရှုကြသည်။ 

 


ထို့နောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆိုပါအစည်း အဝေးခန်းမ၌   အမှာစကားပြော ကြားပြီး တာဝန်ရှိသူတစ်ဦးက ရုံးအဆောက်အဦနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။     ယင်း နောက်    ရွှေပင်အောင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက အဆောက် အဦနှင့် သက်ဆိုင်သော စာရွက်/စာတမ်းများကို  တိုင်းဒေသကြီး တရားရေးဦးစီးမှူးထံ  လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း     သတင်းရရှိ သည်။           

       
 သတင်းစဉ်