
ကန့်ဘလူ ဇူလိုင် ၈
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ မြို့နယ်တွင် ကိုဗစ်-၁၉ အတည် ပြုလူနာများ ထားရှိကုသနိုင်ရေး အတွက် နေရာလိုအပ်ချက်အရ တာဝန်ရှိသူများက ဇူလိုင် ၇ ရက် က ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း များ ဆောင်ရွက်ကြောင်း သိရ သည်။
ကန့်ဘလူမြို့တွင် ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံရှိ စောင့် ကြည့်စင်တာနှင့် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံတို့တွင် နေရာ လိုအပ်ချက်အရ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ စောင့်ကြည့် ကုသနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာ များ၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကန့်ဘလူမြို့ အမှတ်(၃) ရပ်ကွက် ရှိ အလေးမအားကစားရုံကို ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ လူနာ များ ထားရှိကုသနိုင်ရေးအတွက် မြို့နယ် ကိုဗစ်- ၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ကန့်ဘလူမြို့ရှိ စောင့်ကြည့် ကုသရေးစင်တာ နှစ်ခုတွင် ဇူလိုင် ၇ ရက်အထိ ကိုဗစ်- ၁၉ ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၄၄ ဦး ရှိပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)