ကျွမ်းကျင်လုပ်သားများနှင့် စီးပွားရေးလုပ်ငန်းလာရောက်လုပ်ကိုင်သူများ ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှု လွယ်ကူချောမွေ့စေရေးစည်းဝေး

နေပြည်တော်    ဇွန်    ၆
ကျွမ်းကျင်လုပ်သားများနှင့်   စီးပွားရေးလုပ်ငန်း လာရောက်လုပ်ကိုင်သူများ   ရွှေ့ပြောင်းသွားလာ လုပ်ကိုင်မှု     လွယ်ကူချောမွေ့စေရေးဆိုင်ရာ  လုပ်ငန်းကော်မတီ၏ (၁/၂၀၂၄)ကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးကို ဇွန် ၅ ရက်က အလုပ်သမားဝန်ကြီး ဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ လုပ်ငန်း  ကော်မတီဥက္ကဋ္ဌ အလုပ်သမား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး   ဦးဝင်းရှိန်၊    လုပ်ငန်းကော်မတီဝင်များ၊ ကိုယ်စားလှယ်များနှင့်  တာဝန်ရှိသူများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက လုပ်ငန်း ကော်မတီကို ဒေသအတွင်းရှိ   လူတန်းစားအလွှာ အသီးသီး    ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှုဆိုင်ရာ အာဆီယံသဘောတူစာချုပ်အောက်ရှိ ကတိကဝတ် များကို ပိုမိုတိုးမြှင့်ဆောင်ရွက်ရန်နှင့် နိုင်ငံတကာနှင့် ဒေသတွင်းစံသတ်မှတ်ချက်များနှင့်အညီ   စာရွက် စာတမ်းလိုအပ်ချက်များကို  လျှော့ချရန် ရည်ရွယ် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံလုပ်သား များ       ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့  (National Skills Standard Authority- NSSA) အနေဖြင့်   လက်ရှိတွင်   ကျွမ်းကျင်လုပ်သားများ မွေးထုတ်ရန်       တာဝန်ယူဆောင်ရွက်ပေးနေပြီး ကျွမ်းကျင်ပညာရှင်များအတွက်      သက်ဆိုင်ရာ ပညာရှင်အဖွဲ့အစည်းများ၊  ကောင်စီများက   စီမံ  ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းကော်မတီအနေ  ဖြင့် AEC Measure တွင် A5 Facilitating Movement of Skilled Labour and Business Visitors ကို အကောင်အထည်ဖော်   ဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့်     အာဆီယံလူပုဂ္ဂိုလ်များ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ  သဘောတူညီချက် အပေါ် ပြင်ဆင်သည့် အခြေပြစာချုပ်ကို ၂၀၂၄ ခုနှစ် မတ် ၇ ရက်က  ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ၂၀၂၄  ခုနှစ်အတွင်း       အာဆီယံလူပုဂ္ဂိုလ်များ ရွှေ့ပြောင်းသွားလာခြင်း (MNP) ဆိုင်ရာ အစီအစဉ် များကို အေအီးစီ ၂၀၂၅ လမ်းပြမြေပုံကို အခြေခံ၍ သဘောတူညီထားသော ပန်းတိုင်များကို သတ်မှတ် ကာလအတွင်း အောင်မြင်အောင်ဆောင်ရွက်နိုင်ရန် အစီအမံများ     ချမှတ်ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း ပြောကြားသည်။ 
ယနေ့အစည်းအဝေးတွင်  လုပ်ငန်းကော်မတီ၏ လက်ရှိစုဖွဲ့မှုအပေါ် ပြန်လည်စိစစ်ခြင်း၊ လုပ်ငန်း ကော်မတီမှ   လုပ်ငန်းတာဝန်များအပေါ်  အကောင် အထည်ဖော်ဆောင်ရွက်မှုများ  ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့်   သဘောထားမှတ်ချက်များ၊ ကဏ္ဍအချင်းချင်း   ချိတ်ဆက်ဆောင်ရွက်ရသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ရမည့် ကိစ္စရပ်များ၊  ၁၀ နှစ်တာ  ကာလအတွင်း အေအီးစီလုပ်ငန်းများအကောင်အထည်ဖော်ခဲ့မှု အခြေ အနေနှင့်စပ်လျဉ်း၍   လက်တွေ့အကောင်အထည် ဖော်မှုများကို လေ့လာဆန်းစစ်နိုင်ရေးကိစ္စရပ်များကို လုပ်ငန်းကော်မတီအဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ခဲ့ကြကြောင်း သတင်းရရှိသည်။   သတင်းစဉ်