
နေပြည်တော် ဇန်နဝါရီ ၆
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာ ဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆင် သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်မှ ၈ ရက်အထိ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက် မည်ဖြစ်သည်။
ခရီးစဉ်အတွင်း နှစ်နိုင်ငံ ခေါင်းဆောင်များ အကြား နှစ်နိုင်ငံဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ် မည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် အာဆီယံအပါအဝင် ဒေသဆိုင်ရာ အကျိုးတူကိစ္စ ရပ်များကို ဆွေးနွေးအမြင်ချင်းဖလှယ်သွားမည် ဖြစ်သည်။
သတင်းစဉ်