ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်မည်

 

နေပြည်တော်   ဇန်နဝါရီ    ၆


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်၊    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ   ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ်၊   ဆမ်ဒက်  အာခါ မိုဟာ ဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆင် သည်  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ  ၇ ရက်မှ ၈  ရက်အထိ မြန်မာနိုင်ငံသို့ အလုပ် သဘော     ခရီးစဉ်လာရောက်မည် ဖြစ်သည်။

 


ခရီးစဉ်အတွင်း           နှစ်နိုင်ငံ  ခေါင်းဆောင်များအကြား နှစ်နိုင်ငံ ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်မည် ဖြစ်ပြီး    နှစ်နိုင်ငံ   ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု   တိုးမြှင့်ရေး ဆိုင်ရာကိစ္စရပ်များအပြင် အာဆီယံ အပါအဝင် ဒေသဆိုင်ရာအကျိုးတူကိစ္စ ရပ်များကို ဆွေးနွေးအမြင်ချင်းဖလှယ် သွားမည်ဖြစ်သည်။      

သတင်းစဉ်