ကမ္ဘောဒီးယားနိုင်ငံ၌ ကူးစက်နိုင်ခြေရှိသူများ လေးကြိမ်မြောက် ကာကွယ်ဆေးထိုးကြရန် တိုက်တွန်းထား

 

 

ဖနောင်ပင် ဇန်နဝါရီ ၁၀
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ တွင် ကိုဗစ်-၁၉ ကူးစက်နိုင်ခြေ မြင့်မားသူများ ဇန်နဝါရီ ၁၄ ရက် မှစတင်ကာ ကိုဗစ် -၁၉ ကာကွယ် ဆေး လေးကြိမ်မြောက်   ထိုးနှံမှု ခံယူကြရန် ကမ္ဘောဒီးယားဝန်ကြီး ချုပ်    ဆမ်ဒက်တက်ချိုဟွန်ဆင် က ဇန်နဝါရီ   ၁၀    ရက်တွင် တိုက်တွန်းခဲ့သည်။    
လေးကြိမ်မြောက် ကာကွယ် ဆေးထိုးပေးခြင်းကို  အစိုးရအဖွဲ့ အရာရှိကြီးများ၊    လွှတ်တော် အမတ်များ၊ ရှေ့တန်းမှ ဆေးကုသ ပေးနေကြသည့်    ဆရာဝန်များ၊ အစိုးရအရာရှိများ၊   ရဲတပ်ဖွဲ့ဝင် များနှင့် ဒေသခံအာဏာပိုင်များ၊ သက်ကြီးရွယ်အိုများကို ထိုးနှံပေး ခြင်းဖြင့်     စတင်မည်ဟု  ကျန်းမာ ရေးဝန်ကြီးဌာနက  ပြောသည်။ 
အဆိုပါ   ကာကွယ်ဆေးထိုး ပေးမည့်   အစီအစဉ်တွင်   သံရုံး ဝန်ထမ်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ   ဝန်ထမ်းများ၊ ဂျာနယ်လစ်များနှင့်  နာမည်ကြီး များ ပူးပေါင်းပါဝင်ကြရန်လည်း ဖိတ်ခေါ်ထားသည်ဟု   ကျန်းမာ ရေးဝန်ကြီးဌာနက ပြောသည်။ ကမ္ဘောဒီးယားနိုင်ငံတွင်      ဒေသ တွင်း     အိုမီခရွန်ကူးစက်ခံရသူ နောက်ထပ်   သုံးဦး   တွေ့ရှိခဲ့ပြီး ကိုဗစ် -၁၉ ဗီဇပြောင်းကူးစက်ခံရ သူဦးရေမှာ  ၁၈၃  ဦး    ဖြစ်လာခဲ့ သည်။   စာသင်နှစ်အသစ်တွင် ကျောင်းသား   သုံးသန်းကျော် စာသင်ကျောင်းသို့   ပြန်လာနိုင် မည်ဟုလည်း    ကမ္ဘောဒီးယား ဝန်ကြီးချုပ်က ပြောသည်။ 
ကမ္ဘောဒီးယားနိုင်ငံတွင် နိုဝင် ဘာလအတွင်းမှစတင်ကာ  လူမှု စီးပွားလှုပ်ရှားမှုများကို ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။   ကမ္ဘောဒီး ယားနိုင်ငံတွင်      ကိုဗစ် -၁၉ ကာကွယ်ဆေး     အနည်းဆုံး တစ်ကြိမ်ထိုးပြီးသူ ၁၄ ဒသမ ၂၈ သန်းရှိပြီး   နိုင်ငံလူဦးရေ  ၈၉ ဒသမ ၂ ရာခိုင်နှုန်းကို ကိုဗစ် -၁၉ ကာကွယ်ဆေး    အနည်းဆုံး တစ်ကြိမ် ထိုးပေးပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြော သည်။   ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးသူ ရာခိုင်နှုန်းမှာ ၈၅ ဒသမ ၅    ရာခိုင်နှုန်းရှိသည်ဟု    သိရ သည်။
ဆင်ဟွာ