
ဖနောင်ပင် စက်တင်ဘာ ၂၁
ကမ္ဘောဒီးယားနိုင်ငံ၌ စက်တင်ဘာ ၂၁ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၆၂၈ ဦး ရှိလာ ပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၀၅၃၄၄ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားလိုက်သည်။
ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ၁၇ ဦး ရှိလာပြီးနောက် စုစုပေါင်းကိုဗစ်-၁၉ ကြောင့် သေဆုံး သူ ၂၁၄၀ အထိ ရှိလာကာ ကိုဗစ်-၁၉ မှ ပြန်လည် ကောင်းမွန်လာသူ ၉၈၁၈၆ ဦး ရှိလာပြီဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံတွင် ဖေဖော်ဝါရီ ၁၀ ရက်က အရွယ်ရောက်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ် ဆေး စတင်ထိုးနှံပေးပြီး ဆယ်ကျော်သက်အရွယ် အသက် ၁၂ နှစ်မှ ၁၇ နှစ်ရှိသူများကို သြဂုတ် ၁ ရက် မှစကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
စက်တင်ဘာ ၂၀ ရက်အထိ လူဦးရေ ၁၆ သန်း၏ ၇၆ ဒသမ ၇ ရာခိုင်နှုန်း သို့မဟုတ် ၁၂ ဒသမ ၂၇ သန်းအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ အော်ဗန်ဒင်းက ပြောသည်။
လူဦးရေ၏ ၁၀ ဒသမ ၄၁ သန်း သို့မဟုတ် ၆၅ ရာခိုင်နှုန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပေးခဲ့ပြီး ၈၃၈၇၄၄ ဦး သို့မဟုတ် ၅ ဒသမ ၂၄ ရာခိုင်နှုန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်း ထိုးနှံခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ