
ဂျီနီဗာ စက်တင်ဘာ ၂၃
ကမ္ဘာတစ်ဝန်း၌ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူပေါင်း ခုနစ်သန်း သေဆုံးလျက်ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ယမန်နေ့တွင် ပြောသည်။
အကြီးမားဆုံးသော ခြိမ်းခြောက်မှုတစ်ခုလေထုညစ်ညမ်းမှုသည် လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေသည့် ပတ်ဝန်းကျင်ဆိုင်ရာ အကြီးမားဆုံးသော ခြိမ်းခြောက်မှုတစ်ခုဖြစ်သည့်အတွက် လေထုညစ်ညမ်းမှုလျော့ကျစေရေး အစီအမံ များကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ဆိုသည်။
ဆေးလိပ်သောက်ခြင်းနှင့် ကျန်းမာရေးနှင့် မညီသော အစားအစာများ စားသုံးခြင်းတို့ကိုလည်း ရှောင်ကြဉ်သင့်ကြောင်းနှင့် လေထုညစ်ညမ်းမှု လျော့ကျစေရေးအတွက် အရေးပေါ်ဆောင်ရွက်ချက် များ လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ပြောသည်။
ထို့ပြင် ၂၀၀၅ ခုနှစ်အတွင်း ချမှတ်ထားသည့် လေထုအရည်အသွေးဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာမှသာ ပြည်သူများ၏ အသက်ကို ကယ်ဆယ် နိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့နိုင်ငံအစိုးရများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းပြောကြား သည်။
ရှောင်ရှားရန်လိုအပ်
၂၀၀၅ ခုနှစ်မှ လက်ရှိအချိန်အထိ လေထု ညစ်ညမ်းမှုကြောင့် ကျန်းမာရေးထိခိုက်မှုကိုဖြစ်စေသည့် သက်သေအထောက်အထားများစွာ ထွက်ပေါ် လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။ ယင်းကြောင့် ကမ္ဘာ့နိုင်ငံများက လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေမည့် လုပ်ဆောင်ချက်များကို ရှောင်ရှားရန် လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေး ပြောကြားသည်။
ကိုးကား - စီအင်န်အေ
ဘာသာပြန် - အောင်ကျော်ကျော်