ကမ္ဘာ့ထုတ်လုပ်ရောင်းချမှုကွင်းဆက်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ ပိုမိုပါဝင်နိုင်ရန် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံများက နည်းလမ်းများရှာဖွေ

 

လန်ဒန်    မတ်   ၂
ကမ္ဘာ့ထုတ်လုပ်ရောင်းချမှုကွင်းဆက်တွင် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ     ပိုမိုပါဝင်နိုင်ရန်      ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများနှင့်      ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့်    အတွေ့အကြုံနှီးနှောဖလှယ်ပွဲကို   ဖေဖော်ဝါရီ ၂၀ ရက်က ယူကေရှိ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၌ ကျင်းပသည်။
အဆိုပါနှီးနှောဖလှယ်ပွဲကို ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏   ဖွံ့ဖြိုးမှုအနည်းဆုံး    နိုင်ငံများဆိုင်ရာ ဆပ်ကော်မတီက   ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးသူများက ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများတွင် ပို့ကုန်/ သွင်းကုန်လုပ်ငန်းများ   ဆောင်ရွက်ရာ၌ ရက်ပေါင်း ၃၀ မှ ၄၀ အထိ   ကြာမြင့်တတ်ကာ ကွဲပြားသော စာရွက်စာတမ်းအထောက်အထား ကိုးမျိုးခန့်  တင်ပြရကြောင်း၊   ကမ္ဘာ့ထုတ်လုပ် ရောင်းချမှုကွင်းဆက်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ များ   ပိုမိုပါဝင်နိုင်ရေးမှာ    ကုန်သွယ်မှုလျင်မြန် ချောမွေ့စေရေးနည်းလမ်းများ     ကျင့်သုံးခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်း များဆောင်ရွက်ခြင်း၊   ပို့ကုန်သွင်းကုန်ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ပွင့်လင်းမြင်သာစေခြင်းနှင့် ဈေးကွက်ဝင်ရောက်ရေးအတွက်   အကောက်ခွန် သက်သာခွင့်များကို လုပ်ငန်းရှင်များ နားလည်စေရန် အသိပညာပေးခြင်းတို့ကို   ဆောင်ရွက်သင့်ကြောင်း အကြံပြုခဲ့ကြသည်။
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများမှ တက်ရောက်လာ သော စီးပွားရေးလုပ်ငန်းရှင်များက နိုင်ငံစုံနှင့်ဒေသ တွင်း ကုန်သွယ်မှုစနစ်များတွင် ပိုမိုပူးပေါင်းပါဝင် ခြင်းဖြင့် ယှဉ်ပြိုင်မှုစွမ်းရည် တိုးတက်လာသော်လည်း စားသောက်ကုန်အန္တရာယ်ကင်းရေး၊ အလုပ်သမား နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စံချိန်စံညွှန်း များ၊ သင်္ဘောတင်ခ၊ ထုတ်လုပ်ခ၊ ပို့ကုန်လိုအပ်ချက် များနှင့်  ကိုက်ညီရေး စသည့်စိန်ခေါ်မှုများရှိကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏    စံချိန်စံညွှန်းများနှင့် ကုန်သွယ်မှုဖွံ့ဖြိုးရေးဆိုင်ရာ     အထောက်အပံ့ (Standards and Trade Development Facility)၊ ကုန်သွယ်မှုတိုးမြှင့်ရေးနှင့် ပိုမိုပူးပေါင်းပါဝင်နိုင်ရေး မူဘောင်(Enhanced Integrated Framework)  တို့က အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေး ကူညီ ပေးကြောင်း၊ ယခုနှစ်ကုန်ပိုင်းတွင် ဗြိတိန်နိုင်ငံမှ ဖွံ့ဖြိုးဆဲနှင့်ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအဆင့်မှ လွတ်မြောက်တော့ မည့် နိုင်ငံများအတွက် ပေးအပ်မည့် ကုန်သွယ်မှုဆိုင်ရာသက်သာခွင့်များကို ကြိုဆိုကြောင်း ဆွေးနွေး ခဲ့ကြသကဲ့သို့ ဗြိတိန်နိုင်ငံကလည်း ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများ၏လိုအပ်ချက်များကို အသိအမှတ်ပြု၍ ဈေးကွက်ဝင်ရောက်နိုင်ရေး     ပိုမိုရိုးရှင်းသော အကောက်ခွန်နှင့်   ကိုတာကင်းလွတ်ခွင့်များကို ခွင့်ပြုထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုအစည်းအဝေးမှ  ရလဒ်များကို   မတ် ၅ ရက်မှ ၉ ရက်အထိ   ကာတာနိုင်ငံ   ဒိုဟာမြို့၌ ပြုလုပ်မည့် ကုလသမဂ္ဂ၏   (၅)   ကြိမ်မြောက် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများဆိုင်ရာ   ဆွေးနွေးပွဲ တွင်လည်း ပါဝင်ဆွေးနွေးသွားမည်ဖြစ်သည်။ 
သတင်းရင်းမြစ် - ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့