ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှုကြောင့် တစ်နှစ်လျှင် လူဦးရေ ခုနစ်သန်းခန့်သည် အရွယ်မတိုင်မီသေဆုံးလျက်ရှိ

 

နေပြည်တော်   စက်တင်ဘာ   ၇ 


ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏   ၂၀၂၁ ခုနှစ်         စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့်  လေ့လာဆန်းစစ် တွေ့ရှိချက်များအရ ကမ္ဘာပေါ်တွင် လေထု          ညစ်ညမ်းမှုကြောင့် တစ်နှစ်လျှင် လူဦးရေ ခုနစ်သန်း ခန့်သည် အရွယ်မတိုင်မီ  သေဆုံး နေရကြောင်း၊      သေဆုံးမှု၏ ထက်ဝက်ကျော်သည်    ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ကြောင်း၊  လေထု ညစ်ညမ်းမှုကြောင့်       နှလုံး သွေးကြောကျဉ်းရောဂါ၊ အဆုတ် ကင်ဆာအပါအဝင်   အဆုတ်နှင့် ဆိုင်သည့်     နာတာရှည်ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားပြီး   သေဆုံးနေ ကြကြောင်း ယနေ့ နံနက်ပိုင်းက ကျင်းပသော     ၂၀၂၂    ခုနှစ် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ (International Day of Clean Air for Blue Skies) အထိမ်းအမှတ်  အခမ်းအနားတွင်  ဒုတိယဝန်ကြီး   ဦးထွန်းအုံ   က ပြောကြားသည်။

 


ထို့ပြင် ဒုတိယဝန်ကြီးက ယခု နှစ်ကျရောက်သည့်  အပြည်ပြည် ဆိုင်ရာ  သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ်    ဆောင်ပုဒ်မှာ “လေထုသန့်ရှင်းဖို့     အားလုံး ပူးပေါင်းဆောင်ရွက်စို့”  “The Air We Share” ဖြစ်ပြီး    လေထု ညစ်ညမ်းမှုကို ဖြေရှင်းဆောင်ရွက် နိုင်ရေးအတွက်   ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်နိုင်ရန်၊ လေထုညစ်ညမ်းမှုနှင့် ပတ်သက် ပြီး ပြည်သူများ  ပိုမိုသိရှိနားလည် လာစေရေးအတွက်    အသိပညာ ပေးမှုများ        ဆောင်ရွက်ရန်နှင့် လေထုညစ်ညမ်းမှုကို    တုံ့ပြန် ဖြေရှင်းရေးဆိုင်ရာ  လုပ်ငန်းများ ကို     မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါကြောင်း။

 


လေထုညစ်ညမ်းမှု ပြဿနာ သည်  အစဉ်တစိုက်ရေရှည်ဖြေရှင်း ဆောင်ရွက်သွားရမည့်  ပတ်ဝန်း ကျင်ဆိုင်ရာ      အဓိကစိန်ခေါ်မှု တစ်ခုဖြစ်ကြောင်း၊   မြန်မာနိုင်ငံ သည်      လေထုညစ်ညမ်းမှုကို ကြိုတင်ကာကွယ်နိုင်ရေး၊  လက်ရှိ လေထုအရည်အသွေး အခြေအနေ များကို  လေ့လာဆန်းစစ်နိုင်ရေးတို့ အတွက်  ပြည်ထောင်စုနယ်မြေ / တိုင်းဒေသကြီး /  ပြည်နယ်များ တွင်   ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ       ဝန်းကျင်လေထု အရည်အသွေး   တိုင်းတာစစ်ဆေး မှုများကို  လစဉ်ပုံမှန်ဆောင်ရွက် လျက်ရှိပြီး      အများပြည်သူများ လေ့လာ   သိရှိနိုင်စေရေးအတွက် နိုင်ငံပိုင်သတင်းစာများတွင် ၂၀၂၂ ခုနှစ် မေလမှစတင်ပြီး   လစဉ်ပုံမှန် သတင်းထုတ်ပြန်     ပေးလျက်ရှိပါ ကြောင်း။

 


လေထုညစ်ညမ်းမှု    လျှော့ချ နိုင်ရေးအတွက်    သန့်ရှင်းသည့် ပြန်ပြည့်မြဲ   စွမ်းအင်အရင်းအမြစ် များကို   အသုံးပြုနိုင်သည့်   စက်မှု ကဏ္ဍများ၊    သယ်ယူပို့ဆောင်ရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေ ခြင်း၊         ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့်      လိုက်လျောညီထွေရှိ သည့်       နည်းပညာများ အသုံးပြု ခြင်း၊      ပတ်ဝန်းကျင်   အရည် အသွေး ထိန်းသိမ်းကာကွယ်ရေး       ဆောင်ရွက်စေခြင်း၊   အမျိုးသား အဆင့်     လေထုအရည်အသွေး စံချိန်စံညွှန်းများ၊         လေထု ညစ်ညမ်းမှု      ထိန်းချုပ်ရေးဆိုင်ရာ မဟာဗျူဟာနှင့်      စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းများ  တိုးမြှင့်ဆောင်ရွက် သွားကြရန်လိုကြောင်း ပြောကြား သည်။

 


ထို့နောက်    ၂၀၂၂   ခုနှစ် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့   (International Day of  Clean  Air  for  Blue  Skies) အထိမ်းအမှတ်  ဗီဒီယိုကိုပြသပြီး တက်ရောက်လာသူများက အထိမ်း အမှတ် ပိုစတာများ   ပြသထားမှု ကို  လှည့်လည်ကြည့်ရှုရာ  တာဝန် ရှိသူများက         ရှင်းလင်းတင်ပြ သည်။

 


အဆိုပါ          အခမ်းအနားကို ယနေ့နံနက်ပိုင်းက  နေပြည်တော် ရှိ        ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၌ ကျင်းပရာ သယံဇာတ နှင့်          သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး       ဝန်ကြီးဌာန    ဒုတိယဝန်ကြီး      ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင် သိန်း၊  ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနအသီးသီးမှ ဌာနအကြီးအကဲ များ၊ သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ၊  ပြည်ထောင်စု နယ်မြေ /        တိုင်းဒေသကြီး / ပြည်နယ်          ပတ်ဝန်းကျင် ထိန်းသိမ်းရေး     ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ/ တာဝန်ခံ အရာရှိများ    တက်ရောက်ကြ ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်