
နေပြည်တော် ဇူလိုင် ၂၉
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေ များ ရှင်းလင်းပြသခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပ ပြုလုပ်သည်။
အခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များ တက်ရောက်ကြသည်။
လာရောက်ဖူးမြော်နိုင်
ဦးစွာ ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ် တော် အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး တည်ထားကိုးကွယ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ရာ၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အေးချမ်းသာယာပြီး တည်တံ့ ခိုင်မြဲရေးအတွက် လည်းကောင်း၊ ပြည်တွင်း ပြည်ပ ဘုရားဖူးများ လာရောက်ဖူးမြော် ကြည်ညိုနိုင် ကြပြီး ခရီးသွားများပြားလာခြင်း ဖြင့် အလုပ်အကိုင်အခွင့်အလမ်း များရရှိကာ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက် မြင့်မားစေရန်အတွက် လည်း ကောင်း ရည်ရွယ်၍ ကျိုင်းတုံမြို့ ပန်ကွဲကျေးရွာအနီး ဗုဒ္ဓဥယျာဉ် တော်အတွင်း အဘယရာဇ မုနိ ရုပ်ပွားတော် မြတ်ကြီးကိုလည်း ၂၀၁၈ ခုနှစ်တွင် တည်ထား ကိုးကွယ်ခဲ့မှု။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ ကျောက်တုံးတော်ကြီး များ တူးဖော်ခြင်းလုပ်ငန်းကို စနစ် တကျဖြင့် အဆင့်ဆင့် ဆောင်ရွက် ခဲ့မှု၊ ကျောက်တုံးတော်ကြီးအား ရတနာပုံခေတ်ဟန် ဘူမိဖဿ မုဒြာ ဆင်းတုတော်ကြီးအဖြစ် တည်ထားကိုးကွယ်ရန် ဆောင် ရွက်ခဲ့မှု၊ ရုပ်ပွားတော်ကြီး ထုဆစ် မည့် ဆင်းတုတော်အပိုင်းများနှင့် ပလ္လင်တော်အပိုင်း ကျောက်တုံး တော်ကြီးများကို အပိုင်းလိုက်ခွဲ၍ ရေလမ်းကြောင်း၊ ကုန်းလမ်း ကြောင်းများဖြင့် အခက်အခဲများ ကြားမှ အဆင့်ဆင့်ပင့်ဆောင်ခဲ့မှု၊ ကမ္ဘာ့အလေးချိန် အများဆုံး ရေလမ်းခရီး သယ်ဆောင်မှုနှင့် ကုန်းလမ်းခရီး သယ်ဆောင်မှု ဖြစ်ခဲ့သည့် အခြေအနေများ၊ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ကြီး အဆင့်ဆင့် တည်ဆောက်နိုင် ရေး ဆောင်ရွက်ခဲ့မှု၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရ ဝိဇယ ဗုဒ္ဓဥယျာဉ်တော်ကြီး တည် ဆောက်ရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ် များ ပြည့်စုံစွာဖြင့် ထည့်သွင်း တည်ဆောက်နိုင်ရေး နိုင်ငံတော် သံဃမဟာနာယက ဆရာတော် ကြီးများထံမှ ဩဝါဒခံယူ ဆောင် ရွက်ခဲ့မှု၊ ဩဝါဒါစရိယ ဆရာတော် ကြီးများ၏ ဩဝါဒမိန့်ကြားချက် များအရ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ် ကျမ်းစာများကို ကမ္ဘာကပါ သိရှိနိုင် ရေးအတွက် စကျင်ကျောက်ချပ် များပေါ်၌ ခေတ်မီစက်ကိရိယာ များ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ တည်ထား ဆောင်ရွက်လျက်ရှိမှု၊ မုစလိန္ဒ နဂါးရုံဘုရား တည်ထားရာတွင် လည်း ဩဝါဒါစရိယ ဆရာတော် ကြီးများ၏ ဩဝါဒခံယူလျက် ဝိနည်းမဟာဝါ ပါဠိတော်၊ ဝိနည်း မဟာဝါ အဋ္ဌကထာ၊ သာရတ္ထ ဋီကာ၊ မူလပဏ္ဏာသအဋ္ဌကထာ၊ ဥဒါန်းပါဠိတော်၊ ဇာတကအဋ္ဌ ကထာ စသည့် ပိဋကတ်တော်လာ အဆိုများနှင့် မဟာဗုဒ္ဓဝင်ကျမ်းဂန် တော်များနှင့်အညီ ပြည့်စုံစွာ တည်ထားကိုးကွယ်ခဲ့မှု၊ ကမ္ဘာပေါ် ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဖြန့်ဝေရန်အတွက်လည်း ပိဋကတ် ကျမ်းစာအုပ်များကို ပါဠိအက္ခရာ နှင့် Romanize Language တို့ဖြင့် ရိုက်နှိပ်ခြင်းနှင့် Tablet များဖြင့် ထည့်သွင်းခြင်းတို့ကို ဆောင်ရွက် လျက်ရှိမှု။
စနစ်တကျတွက်ချက်ဆောင်ရွက်
မာရဝိဇယ ဥယျာဉ်အတွင်း ချောင်းဖြောင့်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီး မန္တလေး နန်းတော် မင်္ဂလာတံတားပုံစံ တံတားတစ်စင်း ကိုလည်း ထည့်သွင်းတည်ဆောက် ခဲ့မှု၊ ရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာ တူရူအရပ်တွင် ဝိဇယဘူမိနိမ္မာန အောင်မြေ တည်ထားမှု၊ မာရဝိဇယရုပ်ပွား တော်မြတ်ကြီး တည်ဆောက်ရာ တွင် ရေရှည်တည်တံ့ခိုင်မြဲမှု
ရှိစေရေး စနစ်တကျတွက်ချက် ဆောင်ရွက်ခဲ့မှု၊ ပလ္လင်တော်အပိုင်း များကို အဆင့်ဆင့်တွဲဆက်ခဲ့မှု၊ ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်း များ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု၊ မာရဝိဇယ ဗုဒ္ဓ ဥယျာဉ် တည်ဆောက်ခြင်း လုပ်ငန်းများ အဆင့်ဆင့်တိုးတက် လာမှုမှတ်တမ်းများ၊ ဘုရားဖူးလာ ပြည်သူများ အနားယူနိုင်ရန် အတွက် သုဓမ္မာဇရပ်များ တည် ဆောက်ထားရှိမှု၊ ရုပ်ပွားတော် မြတ်ကြီး၏ ဆင်းတုတော်အပိုင်း များအလိုက် CNC စက်ဖြင့် အဆင့်ဆင့် ထုဆစ်ခြင်းလုပ်ငန်း များ ဆောင်ရွက်ခဲ့မှု၊ မာရဝိဇယ ကျောင်းတော်နှင့် မုစလိန္ဒကန် တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့မှုနှင့် ကျည်းပင်များ စိုက်ပျိုးထားရှိမှု၊ မုစလိန္ဒကန် တည်ဆောက်ခြင်း လုပ်ငန်း အဆင့်ဆင့် တိုးတက်လာမှု၊ မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီး ၏ ဆင်းတုတော်အပိုင်းများအား အဆင့်ဆင့် တွဲဆက်ခဲ့မှုများ ဆောင်ရွက်ခဲ့မှု၊ ဘုရားဖူးလာ မိဘ ပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား လာရောက် ဖူးမြော်ချိန်တွင် ကျောက်စာတိုက် အတွင်းရှိ ပိဋကတ် သုံးပုံတော်လာ အဋ္ဌကထာဋီကာ ကျမ်းစာများ ကို တစ်ပါတည်း လေ့လာနာယူ ကြည်ညိုနိုင်ရေး စကျင်ကျောက် ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာ များ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ ထွင်းထု၍ ကျောက်စာရုံစေတီများ တည်ထား မှုနှင့် အဆင့်ဆင့်တိုးတက်လာမှု၊ ဆင်းတုတော်ကြီး၏ အပိုင်း(၁၊ ၂၊ ၃) တို့အား တွဲဆက်၍ ပင့်ထောင် ခြင်းလုပ်ငန်းနှင့် ပင့်ဆောင်ခြင်း လုပ်ငန်းများကို ခေတ်မီ စက် ကိရိယာများ အသုံးပြုပြီး မြန်မာ နိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင် များ ပူးပေါင်း၍ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင် ခဲ့မှု၊ ရတနာပလ္လင်တော်ထက်တွင် ဌာပနာ ထည့်သွင်းပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားများ ဆောင်ရွက်ခဲ့မှုနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် တစ်ဝန်းလုံးမှ (၇)ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာ ရှင်၊ အလှူရှင်များက ကုသိုလ်ပြု လှူဒါန်းထားသည့် အဖိုးတန် ကျောက်မျက် ရတနာဌာပနာတော် ကုသိုလ်ပစ္စည်းများ ဌာပနာ သွင်းလှူပူဇော်ခဲ့မှု၊ ဆင်းတုတော် အပိုင်းကြီးများကို အဆင့်ဆင့် ပင့်ဆောင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့မှု၊ သာသနာရေး ဆိုင်ရာ အခမ်းအနားကြီးများကို ခမ်းနားသိုက်မြိုက်စွာဖြင့် ကျင်းပ ပြုလုပ်နိုင်သော သံဃာတော်အပါး ၉၀၀ နှင့် လူပရိသတ် ၁၂၀၀ ဝင်ဆံ့နိုင်သည့် အလျား ၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၄ ပေရှိ သာသနာ့ဗိမာန် အဂ္ဂါဓိပတိ ဝိသုံ ဂါမ သိမ်တော်ကြီးကို ခမ်းနား ထည်ဝါစွာဖြင့် တည်ဆောက်ထား မှု အခြေအနေများ၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဆေးသင်္ကန်း ကပ်လှူပူဇော်ခဲ့မှု နှင့် ဥဏ္ဏလုံမွေးရှင်တော်မြတ် တပ်ဆင်ပူဇော်ခဲ့မှု၊ လက်မှုအချော ထည်လုပ်ငန်းနှင့် ဆေးသင်္ကန်း ကပ်ခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေ၊ ရုပ်ပွားတော် မြတ်ကြီး ရေရှည်တည်တံ့ ခိုင်မြဲ စေရေးအတွက် လေပြင်းတိုက်ခတ် မှုဒဏ်ခံနိုင်ရေး၊ မြေငလျင်ဒဏ် ခံနိုင်ရေးနှင့် သဘာဝဘေးဒဏ် အန္တရာယ်များမှ ခံနိုင်မှုရှိစေရေး စနစ်တကျတွက်ချက် တည် ဆောက်ခဲ့မှုနှင့် ခေတ်မီနည်းပညာ များ အသုံးပြုတည်ဆောက်ခဲ့မှု၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး တည်ဆောက်ခြင်းလုပ်ငန်း များ အဆင့်ဆင့်တိုးတက်လာမှု၊ ရင်ပြင်တော်ကြီး တည်ဆောက် ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု၊ ဂန္ဓကုဋိတိုက်များ တည်ဆောက် ထားရှိမှု၊ သက်ကြီးရွယ်အိုများ ဘုရားရင်ပြင်တော်ပေါ်သို့ တက် ရောက်ရာတွင် အဆင်ပြေမှု ရှိစေရေး စက်လှေကားထည့်သွင်း တည်ဆောက်ထားရှိမှု၊ မဟာ ဗောဓိပင် စိုက်ပျိုးထားရှိမှုနှင့် လင်းလွန်းပင်နှင့် အင်ကြင်းတော စိုက်ပျိုး ဆောင်ရွက်လျက်ရှိမှု၊ ရေပန်းရင်ပြင်နှင့် ကျောက်စာရုံ များ အဆင့်ဆင့်တိုးတက်လာမှု၊ ဗုဒ္ဓါဘိသေက အနေကဇာတင် အခမ်းအနားကျင်းပရန် ပြင်ဆင် နေမှုနှင့် ဘုရားကြီးတည်ဆောက် ပြီးစီးပါက တွေ့ရှိရမည့် အခြေ အနေများကို ရှင်းလင်းပြောကြား ပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဗုဒ္ဓါဘိသေက
အနေကဇာတင်လှူခြင်း၊ ကျောက် စာရုံစေတီတော်များ ထီးတော် တင်လှူခြင်းနှင့် ရေစက်ချအခမ်း အနားများကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာ နေ့)၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင်
နိုင်ငံတော်အဆင့် စည်ကားသိုက် မြိုက်စွာ ပြုလုပ်သွားမည့် အခြေ အနေများကို ပြောကြားသည်။
ပေးအပ်လှူဒါန်း
ထို့နောက် အခမ်းအနား တက်ရောက် လာကြသူများက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ် တည်ဆောက်ခြင်း အတွက် ကြည်ညိုသဒ္ဓါပွားများလျက် အလှူ ငွေများကို ပေးအပ်လှူဒါန်းလာ သဖြင့် ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူသည်။ မာရဝိဇယ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် မာရ ဝိဇယ ဗုဒ္ဓဥယျာဉ် တည်ဆောက် ခြင်းအတွက် ယနေ့ တက်ရောက် လာကြသူများ၏ လှူဒါန်းမှုအနေ ဖြင့် ပြည်တွင်း၊ ပြည်ပအလှူရှင် ၂၇၄ ဦးမှ လှူဒါန်းငွေ ၅ ဒသမ ၀၄ ဘီလီယံ (ငွေကျပ် သန်း ၅၀၀၀ ကျော်)၊ အမေရိကန် ဒေါ်လာ ၂၃၀၀၀ နှင့် ထိုင်းဘတ်ငွေတစ်သိန်း တို့ဖြစ်ကြောင်း သိရှိရသည်။
ယင်းနောက် ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မတည်အလှူငွေ များ စုပေါင်းလှူဒါန်းကြခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည် ပြောကြားရာတွင် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးဖြစ်လာမည့် စကျင် ကျောက်တုံးတော်ကြီးကို စတင် လှူဒါန်းသည်မှ အနေကဇာ တင်လှူခြင်းမပြုမီအထိ လှူဒါန်း ကုသိုလ်ပြုမှုများသည် ကုသိုလ်ကို အစပြုထူထောင်ကြသူ(Founder) များပင် ဖြစ်ပါကြောင်း၊ ယခု လှူဒါန်းသည့် ကုသိုလ်မှာ အများ ကုသိုလ်ပင် ဖြစ်ပါကြောင်း၊ မင်းတုန်းမင်းကြီး တည်ထားခဲ့ သည့် ကုသိုလ်တော်ဘုရားကြီးရှိ ကျောက်စာများမှာ နှစ်ပေါင်း ၁၆၀ ကျော်ရှိပြီဖြစ်သော်လည်း ယခု အချိန်အထိ ပျက်စီးယိုယွင်းမှုများ မရှိကြောင်း၊ အလားတူ ပုဂံရှိ ရှေးဟောင်း ဘုရားများသည် လည်း ယနေ့ထက်တိုင် တည်တံ့ နေဆဲဖြစ်သည်ကို တွေ့မြင်ရ မည်ဖြစ်ကြောင်း၊ မာရဝိဇယ ကျောက်ဆစ်ရုပ်ပွားတော် မြတ် ကြီးမှာ နောင်နှစ်ပေါင်းများစွာ အထိ တည်တံ့ခိုင်မြဲနေမည်ဖြစ်ပြီး မိမိတို့၏ နောင်လာနောက်သား များ အဆက်ဆက်အထိ တည်ရှိ နေမည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် ယခုပစ္စုပ္ပန်ကာလတွင် လှူဒါန်းခဲ့မှုများသည် မွန်မြတ်သည့် ကုသိုလ်များပင် ဖြစ်ပါကြောင်း၊ ယနေ့ ရှင်းလင်းပွဲသို့ အချိန်ပေး၍ တက်ရောက်ခဲ့ပြီး မာရဝိဇယ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်မှုအပေါ် ကြည်ညိုသဒ္ဓါ စိတ်များဖြစ်ပေါ်၍ လှူဒါန်း ကုသိုလ်ယူမှုများအတွက် လည်း ဝမ်းမြောက်နုမော် သာဓုခေါ်ဆို အပ်ပါကြောင်း၊ ယနေ့ လှူဒါန်းမှု များအတွက် တူညီသည့် ကုသိုလ် များ ရရှိပါစေကြောင်းနှင့် စိတ် ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေကြောင်းဖြင့် ဆုမွန်ကောင်းတောင်း ပါကြောင်း ပြောကြားသည်။
ရှင်းလင်းပြောကြား
ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများသည် မာရဝိဇယဘုရားကြီးနှင့် ဗုဒ္ဓ ဥယျာဉ်ပုံစံငယ်များ၊ ပိဋကတ် ကျမ်းစာအုပ်များကို ပါဠိအက္ခရာ နှင့် Romanize Language တို့ဖြင့် ရိုက်နှိပ်ထားမှုနှင့် Tablet များ အတွင်း ထည့်သွင်းထားရှိမှုများကို ကြည့်ရှုကြပြီး ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က တည်ထားကိုးကွယ် မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး အခမ်းအနား တက်ရောက်လာကြသူများသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးနှင့် မာရဝိဇယ ဗုဒ္ဓဥယျာဉ် တော်အတွင်း လှည့်လည်ကြည့်ရှု ဖူးမြော်ခဲ့ကြပြီး မာရဝိဇယ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်ထားရှိမှု၊ ဗုဒ္ဓဥယျာဉ်တော် အတွင်း သာသနိကအဆောက် အဦများ ထည့်သွင်းတည်ဆောက် ထားရှိမှု၊ မုစလိန္ဒနဂါးရုံဘုရား နှင့် ကျောက်စာရုံစေတီတော်များ တည်ထား ကိုးကွယ်ထားရှိမှုတို့ နှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ ရှင်းလင်းပြောကြားမှုများအပေါ် စိတ်ဝင်တစား လေ့လာဖူးမြော် ကြည်ညိုခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်