ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှ သင်ခန်းစာယူစရာ

Type
555

 

 

မျိုးငြိမ်းငယ်

 

ယူကရိန်းသင်ခန်းစာ
ကမ္ဘာမှာ ဒီကနေ့ဖြစ်နေတဲ့  ရုရှား  - ယူကရိန်း စစ်ပွဲကြောင့်  ကမ္ဘာ့နိုင်ငံရေးနဲ့  စီးပွားရေးအပေါ် ဂယက်ရိုက်နေတာတွေ့ရပါတယ်။ ရုရှား-ယူကရိန်း စစ်ပွဲဖြစ်လာစေတဲ့ အကြောင်းရင်းတွေကိုကြည့်ရင် ယခင်ကတည်းက သန္ဓေတည်နေတဲ့ အကြောင်းရင်း တွေ များစွာရှိနေတာ တွေ့နိုင်ပါတယ်။ 
စစ်အေးခေတ်ကစလို့ ဆိုဗီယက်ယူနီယံပြိုကွဲတဲ့ အထိ ရုရှားနဲ့အမေရိကန်အကြား အားပြိုင်မှုတွေ က စခဲ့တာလို့ပြောရပါမယ်။ တစ်ချိန်က ယူကရိန်း နိုင်ငံဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ ဆိုဗီယက်ယူနီယံရဲ့ ဒုတိယ အကျယ်ဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ် မှာတော့ ဆိုဗီယက်ယူနီယံကနေ ယူကရိန်းခွဲထွက် ခဲ့ပြီး လွတ်လပ်ရေးကြေညာခဲ့ပါတယ်။ ယူကရိန်း နိုင်ငံဟာ ရုရှားရဲ့ နိုင်ငံရေး၊  စစ်ရေးနဲ့ စီးပွားရေး အတွက် ပထဝီအနေအထားအရ အရေးပါတဲ့နေရာ ဖြစ်ပါတယ်။
ရုရှားရဲ့  ဒီလိုအရေးပါတဲ့   ယူကရိန်းနိုင်ငံကို အနောက်အုပ်စု နေတိုးအဖွဲ့ဝင်ဖြစ်လာဖို့ ကြိုးပမ်း နေတာကြာပါပြီ။ ယူကရိန်းနိုင်ငံရေးမှာ ဝင်စွက်ဖက် ပြီး အနောက်အုပ်စုလိုလားတဲ့ အစိုးရတစ်ရပ်ဖြစ် လာတဲ့အထိ နောက်ကွယ်ကနေ ပံ့ပိုးကူညီနေခဲ့ပါ တယ်။ ယူကရိန်းနိုင်ငံသာ နေတိုးအဖွဲ့ဝင်ဖြစ်သွား ခဲ့ရင် ရုရှားနိုင်ငံအတွက် အသက်ရှူပေါက် ပိတ်လိုက် သလို ဖြစ်သွားမှာပါ။   ရုရှားနိုင်ငံရဲ့အချုပ်အခြာ အာဏာနဲ့ နယ်မြေကို မထိပါးပေမယ့်   အမျိုးသား အကျိုးစီးပွားကို တိုက်ရိုက်ခြိမ်းခြောက်ခံရမှာတော့ သေချာနေပါတယ်။ 
ဒီတော့  ယူကရိန်းနိုင်ငံကို   နေတိုးအဖွဲ့ဝင်နိုင်ငံ မဖြစ်ရေးဟာ ရုရှားအတွက် အလွန်အရေးကြီးလှပါ တယ်။  ယူကရိန်းနိုင်ငံကို   နေတိုးအဖွဲ့ဝင်အဖြစ် ဝင်ခွင့်ပြုလိုက်ခြင်းဟာ  ရုရှားနိုင်ငံရဲ့  အမျိုးသား လုံခြုံရေးကို ထိခိုက်စေတာမို့ ယူကရိန်းကို နေတိုး အဖွဲ့ဝင်အဖြစ် ဝင်ခွင့်မပြုဖို့ ရုရှားသမ္မတပူတင်က နေတိုးအဖွဲ့ကို  တောင်းဆိုခဲ့ပါတယ်။   ဒါပေမယ့် တောင်းဆိုချက်က မရခဲ့ပါဘူး။  
ယူကရိန်းနိုင်ငံမှာ အနောက်အုပ်စု လိုလားသူ ဝန်ကြီးချုပ်ဟောင်း ဗစ်တာယူရှင်ကို ၂၀၀၅ ခုနှစ် အာဏာရယူခဲ့တုန်းက    ယူကရိန်းနိုင်ငံကို   ရုရှား လွှမ်းမိုးမှုကနေ ရုန်းထွက်ပြီး နေတိုးနဲ့အီးယူအဖွဲ့ တို့ဆီ ဦးတည်မယ်လို့ ကတိပြုခဲ့ပါတယ်။ ယူကရိန်း ကို တစ်ချိန်ချိန်မှာ  အဖွဲ့ဝင်ဖြစ်လာစေရမယ်လို့ နေတိုးက ၂၀၀၈ မှာ ကတိပေးခဲ့ပါတယ်။ ယူကရိန်း သမ္မတ ဇီလန်စကီးကလည်း   ယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံဖို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ လက အမေရိကန်ကို မေတ္တာရပ်ခံခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ရုရှားအတွက်   ရွေးချယ် စရာနည်းလမ်းက နည်းလာပါတယ်။ သံတမန်ရေး အရ ဆွေးနွေးခဲ့ကြပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလကစပြီး ရုရှားနိုင်ငံက တပ်ဖွဲ့ ဝင်အင်အား တစ်သိန်းကျော်ကို ယူကရိန်းနယ်စပ် နားမှာ ဖြန့်ချထားတဲ့အထိ အခြေအနေ တင်းမာလာ ပေမယ့် ဆွေးနွေးမှုတွေက တိုးတက်မလာခဲ့ပါဘူး။ နောက်ဆုံး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ တော့ ရုရှားက ယူကရိန်းကို တိုက်ခိုက်ပါတော့တယ်။ 
တိုက်ခိုက်မှုတွေကြောင့် ဒီကနေ့အထိ သေဆုံး သူတွေ ထောင်နဲ့ချီရှိလာပြီး ယူကရိန်းနိုင်ငံအတွက် ပျက်စီးဆုံးရှုံးမှုတွေက  များပြားလှပါတယ်။   စစ်ပွဲ ကြောင့်ဖြစ်လာတဲ့ စီးပွားရေးအကျိုးဆက်တွေက ရုရှား၊ ယူကရိန်းတို့အတွက်သာမကပါဘူး တစ်ကမ္ဘာ လုံးကို  ရိုက်ခတ်လာပါတယ်။     စစ်ပွဲနဲ့ဘယ်လိုမှ မပတ်သက်တဲ့ နိုင်ငံတွေမှာလည်း  စစ်ပွဲရဲ့ဂယက် ရိုက်ခတ်နေပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲကြောင့် စားသောက်ကုန်ဈေးနှုန်းတွေ ၂၀ ရာခိုင်နှုန်းအထိ တက်လာနိုင်တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂက ခန့်မှန်း ထားတာကို တွေ့ရပါတယ်။ မတ်လထဲကတော့ ၁၃ ရာခိုင်နှုန်းတက်လာခဲ့ပြီး ဧပြီလထဲမှာ ၂၀ ရာခိုင်နှုန်း အထိ တက်လာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ ဒါဟာ စစ်ပွဲရဲ့စီးပွားရေးဆိုင်ရာ ဂယက်တစ်ခုပဲရှိပါ သေးတယ်။ ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ဖြစ်လာ နိုင်တဲ့ အခြားအကျိုးဆက်များလည်း ရှိနေပါသေး တယ်။
အရင်းခံအကြောင်းရင်းတစ်ရပ်
ဒီတော့ ဒီစစ်ပွဲနဲ့တိုက်ရိုက်ပတ်သက်ရတာက ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံတည်းလို့ မြင်နိုင်ပေမယ့် နောက်ကွယ်မှာတော့  အနောက်အုပ်စုနဲ့   နေတိုး အဖွဲ့တို့က ဒီစစ်ပွဲရဲ့ အရင်းခံအကြောင်းရင်းတစ်ရပ် အနေနဲ့ တွေ့ရပါတယ်။  ရုရှားနဲ့အနောက်အုပ်စု အကြားကဖြစ်လာတဲ့ ယှဉ်ပြိုင်မှုဟာ သူတို့နိုင်ငံရဲ့ နယ်မြေတွေမှာမဟုတ်ဘဲ အသုံးချခံ ယူကရိန်းနိုင်ငံ ရဲ့မြေပေါ်မှာ    ဖြစ်နေပါတယ်။     ယူကရိန်းနိုင်ငံကို အနောက်အုပ်စုက  လက်နက်မျိုးစုံထောက်ပံ့ပေးနေပါတယ်။   ရုရှားဘက်ကလည်း   အဆင့်မြင့် လက်နက်တွေ အသုံးပြုလာပါတယ်။ ဆွေးနွေးမှုတွေ လုပ်နေပေမယ့် အဖြေက မရသေးပါဘူး။ 
ဆွေးနွေးပွဲမအောင်မြင်သရွေ့   ရုရှားက   သူ့ ရည်မှန်းချက်အောင်မြင်တဲ့အထိ တိုက်ခိုက်နိုင်တယ်  လို့ ခန့်မှန်းရပါတယ်။ အဏုမြူလက်နက်တွေမသုံး ဘူးလို့လည်း ဘယ်သူမှ   တပ်အပ်မပြောနိုင်ကြပါဘူး။ အဏုမြူလက်နက်များသုံးခဲ့ရင် ယူကရိန်းပြည်သူ တွေကို  ဘယ်သူတွေကာကွယ်ကြမလဲ။   ဝမ်းနည်း ကြောင်း စာထုတ်ရုံလောက်၊  မစို့မပို့  ထောက်ပံ့ရုံ လောက်သာ  မျှော်လင့်နိုင်ပါတယ်။   အခုဆိုရင် ယူကရိန်းက   သေဆုံးသူတွေ  ထောင်ချီရှိနေပြီး ဖြစ်သလို ထွက်ပြေးသွားတဲ့သူလည်း သန်းချီရှိနေပါ ပြီ။  ယူကရိန်းမြို့ကြီးတွေမှာလည်း   တိုက်ပွဲဒဏ် ကြောင့် ပျက်စီးနေပါတယ်။ ဒီစစ်ပွဲကြောင့် ယူကရိန်း နိုင်ငံသားတွေ ဘာတွေအမြတ်ကျန်ကြမလဲ။   အခု ဆုံးရှုံးမှုနဲ့  ရလာမယ့်အကျိုးဆက်    မျှပါ့မလား။  စဉ်းစားစရာ ကောင်းလှပါတယ်။ ဒီစစ်ပွဲမှာ အင်အား ကြီး နိုင်ငံတွေအကြားက ယူကရိန်းနိုင်ငံရဲ့  ရပ်တည် မှုအပေါ် မေးခွန်းထုတ်စရာပါပဲ။
နိုင်ငံတစ်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားဆိုတာ ကိုယ့်နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာတွေ သာမကပါဘူး  နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စတဲ့   အကျိုးစီးပွားတွေကို   အခြားနိုင်ငံတွေရဲ့ ကျူးကျော်စော်ကားမှု၊      အမြတ်ထုတ်မှုကနေ ကာကွယ်ပေးဖို့ ရှင်သန်ရပ်တည်ခြင်းလို့ ယေဘုယျ အားဖြင့် နားလည်လက်ခံထားကြပါတယ်။ ဂလိုဘယ် လိုက်ဇေးရှင်းခေတ်မှာ     တစ်နိုင်ငံနဲ့တစ်နိုင်ငံရဲ့ အကျိုးစီးပွားတွေဟာ ကျယ်ပြန့်လာသလို ဆက်နွှယ် မှုတွေကလည်း ပိုမိုရှုပ်ထွေးလာပါတယ်။ ဒီလိုအချိန် မှာ  အင်အားနည်းတဲ့နိုင်ငံတွေအနေနဲ့   ရှင်သန် ရပ်တည်ရေး၊ အမျိုးသားအကျိုးစီးပွား ကာကွယ်ရေး၊ အောင်မြင်ရေးတို့အတွက် ရပ်တည်ချက်နဲ့ တုံ့ပြန် မှု မှန်ကန်ဖို့ လိုလာပါတယ်။ အင်အားနည်းတဲ့နိုင်ငံ တွေရဲ့ ရပ်တည်ချက် လွဲတာနဲ့အမျှ  အင်အားကြီး နိုင်ငံတွေရဲ့ အသုံးချခံရတာတွေ၊ အမြတ်ထုတ်ခံရ တာတွေ၊ လွှမ်းမိုးလာတာတွေ၊ ကျူးကျော်ခံရတာ တွေအထိ   ဖြစ်လာနိုင်တာ  အခုဖြစ်နေတဲ့ ရုရှား-ယူကရိန်း ပဋိပက္ခကနေ သင်ခန်းစာယူရမှာပါ။
သတိပြုစရာ
အထူးသဖြင့် မြန်မာနိုင်ငံလို အင်အားကြီးနိုင်ငံ နှစ်နိုင်ငံအကြား မဟာဗျူဟာကျကျ ရှိနေတဲ့ နိုင်ငံ တစ်နိုင်ငံအဖို့   ပိုပြီးသတိပြုစရာပဲဖြစ်ပါတယ်။ အင်အားကြီးနိုင်ငံတွေအကြား  ပဋိပက္ခတွေဖြစ်လာ ရင် ကမ္ဘာ့အဖွဲ့အစည်းတွေလည်း ဘာမှမတတ်နိုင် ပါဘူး။ အင်အားနည်းနိုင်ငံတွေသာ  လည်စင်းခံ ကြရတာပါပဲ။   ယူကရိန်းနိုင်ငံက ကူပါ၊  ကယ်ပါ တစာစာအော်နေပေမယ့်        လက်တွေ့မှာတော့ ပေးနေတဲ့အကူအညီတွေက နိုင်ငံပျက်စီးဆုံးရှုံးမှု၊ နိုင်ငံသားတွေရဲ့  သေကျေပျက်စီးမှုနဲ့  နောက်ဖြစ် လာမယ့် အကျိုးဆက်တွေထက်စာရင် မပြောပ လောက်ပါဘူး။ 
ယူကရိန်းနိုင်ငံရဲ့    အမျိုးသားအကျိုးစီးပွား ဆိုတာ ဘယ်သူမှမကာကွယ်ပေးနိုင်ဘူး။ ယူကရိန်း နိုင်ငံ  ကိုယ်တိုင်ကပဲ  ကာကွယ်မှရမှာပါ။   အစိုးရ တစ်ရပ်၊   နိုင်ငံရေးစနစ်တစ်ခုဟာ    အချိန်တန်ရင် ပြောင်းလဲသွားမှာဖြစ်ပေမယ့် နိုင်ငံနဲ့ နိုင်ငံသားက တော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ နိုင်ငံ၊ နိုင်ငံ သားတွေနဲ့ သူတို့ရဲ့အကျိုးစီးပွားတွေရှိနေရင် အမျိုး သား အကျိုးစီးပွားဆိုတာ ရှိနေမှာပဲ ဖြစ်ပါတယ်။ 
ယူကရိန်းနိုင်ငံထဲကို ရုရှားက ဝင်တိုက်ခိုက်လို့ ပြန်လည်ခုခံတိုက်ခိုက်ရတာ မှန်ပေမယ့် ဒီလို စစ်ပွဲ ဖြစ်လာရင်   ဘယ်သူအရင်ထိခိုက်မလဲဆိုတာကို ယူကရိန်းတို့ ထည့်မတွက်ခဲ့တာလား၊ မလွန်ဆန်နိုင် တာလား။ ဒါမှမဟုတ် သူတို့ကိုယ်တိုင် ရွေးချယ်ခဲ့ ကြတာလားဆိုတာ သူတို့ပဲ သိပါလိမ့်မယ်။ နောက်ပြီး ဒီစစ်ပွဲမှာ ယူကရိန်းရဲ့ အကျိုးစီးပွားထက် အင်အားကြီးနိုင်ငံတွေရဲ့အကျိုးစီးပွားက ပိုပြီး လွှမ်းမိုးနေတာ တွေ့ရပါတယ်။  အင်အားကြီးနိုင်ငံတွေရဲ့   အကျိုး စီးပွားအောက်မှာ ယူကရိန်းနိုင်ငံသားတွေ စတေး  ကြရတာပါပဲ။
သီရိလင်္ကာသင်ခန်းစာ
သီရိလင်္ကာနိုင်ငံဟာ ခရီးသွားလုပ်ငန်းကနေ နိုင်ငံခြားဝင်ငွေ အဓိကရှာဖွေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် ကိုဗစ် -  ၁၉ ဖြစ်ပွားချိန်မှာတော့ ခရီးသွား ဝင်ရောက်မှု  ကျဆင်းလာခဲ့ပြီး   နိုင်ငံရဲ့  နိုင်ငံခြား ဝင်ငွေကျဆင်းလာခဲ့ပါတယ်။   နိုင်ငံရဲ့နိုင်ငံခြား ဝင်ငွေ  ကျဆင်းလာတဲ့အကျိုးဆက်က   နိုင်ငံက ပေးဆပ်ရမယ့် ကြွေးမြီတွေနဲ့ အတိုးတွေကို ပေးဆပ် ဖို့ ငွေမရှိတော့ပါဘူး။ သီရိလင်္ကာနိုင်ငံဟာ နိုင်ငံရဲ့ အခြေခံ   အဆောက်အအုံတွေဖြစ်တဲ့  လမ်းတွေ၊ လေဆိပ်နဲ့ ဆိပ်ကမ်းတွေ တည်ဆောက်ဖို့အတွက် ၁၀ နှစ်တာကာလအတွင်းမှာပဲ  တရုတ်နိုင်ငံဆီက နေ ဒေါ်လာ ငါးဘီလီယံကျော် ချေးယူထားပါတယ်။ သီရိလင်္ကာနိုင်ငံက ချေးငွေယူထားတဲ့အထဲမှာ နိုင်ငံ တကာငွေကြေးဈေးကွက်တွေ၊ အာရှဖွံ့ဖြိုးရေးဘဏ် နဲ့ ဂျပန်နိုင်ငံတို့ပြီးရင် တရုတ်နိုင်ငံဆီက အများဆုံး ချေးယူထားတာပါ။ ဒီနှစ်ထဲမှာပဲ သီရိလင်္ကာနိုင်ငံက ပေးဆပ်ရမယ့် အကြွေး ၄ ဒသမ ၅ ဘီလီယံရှိတယ်လို့ သိရပါတယ်။   ဒါပေမယ့် သီရိလင်္ကာနိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါ ကြောင့်   ခရီးသွားလုပ်ငန်းတွေ   အဆင်မပြေတဲ့ အချိန်မှာ  ဝင်ငွေနည်းလာပြီး   အကြွေးပြန်ဆပ်ဖို့ အခက်အခဲဖြစ်လာပါတယ်။    ရုရှား-ယူကရိန်း ပဋိပက္ခကြောင့်ဖြစ်လာတဲ့ ဂယက်ကြောင့် ကုန်ဈေး နှုန်းတွေလည်း တက်လာပါတယ်။ သီရိလင်္ကာနိုင်ငံ ဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း နှစ်ပေါင်း ၇၀ အတွင်းမှာ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်း ကို ရင်ဆိုင်နေရပါတယ်။ ကြွေးမြီထောင်ချောက်မှာ မိနေတယ်လို့လည်း ဆိုကြပါတယ်။  ငွေကြေးဖောင်းပွ မှု   စံချိန်တင်  မြင့်တက်ခဲ့သလို စားသောက်ကုန်၊ လောင်စာဆီ၊ ဆေးဝါးနဲ့ အခြားလူသုံးကုန်ပစ္စည်း တွေ ပြတ်လပ်နေပြီး  ဓာတ်အားပြတ်တောက်တာ တွေ  ဖြစ်နေပါတယ်။   ပြည်ပကနေ    လိုအပ်တဲ့ ကုန်ပစ္စည်းတွေတင်သွင်းဖို့ သီရိလင်္ကာအစိုးရဆီမှာ နိုင်ငံခြားငွေ   ပြတ်လပ်နေတယ်လို့ သိရပါတယ်။ အဲဒီစီးပွားရေး အကျပ်အတည်းကတစ်ဆင့် နိုင်ငံ ရေး မကျေနပ်မှုတွေဖြစ်လာပြီး ဆန္ဒပြဆူပူမှုတွေ ဖြစ်လာပြန်ပါတယ်။
နောက်ဆက်တွဲ အကျိုးဆက်ကတော့ ဝန်ကြီး ၂၆ ဦးပါတဲ့  အစိုးရတစ်ဖွဲ့လုံး     ဧပြီ    ၃   ရက်က နုတ်ထွက်စာတင်ခဲ့ကြပါတယ်။   သမ္မတ    ရာဂျာ ပက်ဆာနဲ့ သူ့ရဲ့အစ်ကို ဝန်ကြီးချုပ် မဟိန်ဒါ ရာဂျာ ပက်ဆာတို့တော့ မပါပါဘူး။    အခုဆို အရေးပေါ် အခြေအနေ ကြေညာထားရပါတယ်။ ဧပြီ ၁၄ ရက်က တော့ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းတွေ ကြောင့် နိုင်ငံခြားကြွေးမြီတွေကိုမဆပ်ဘဲ ယာယီ ဆိုင်းငံ့ထားမယ်လို့ ကြေညာခဲ့ပါတယ်။ သီရိလင်္ကာ နိုင်ငံမှာ အခုဖြစ်နေတဲ့ စီးပွားရေး အကျပ်အတည်း တွေဟာ ပြည်တွင်းရေးကိစ္စတွေလို့ ဆိုနိုင်ပါတယ်။ ပြည်ပကြွေးမြီတွေ များပြားနေတဲ့အချိန်မှာ ကိုဗစ်- ၁၉ ရောဂါကြောင့် ပြည်တွင်းစီးပွားရေးကျဆင်းလာ တာနဲ့ရုရှား-ယူကရိန်းပဋိပက္ခရဲ့ ဂယက်တွေကြောင့် စီးပွားရေး ကျပ်တည်းမှုတွေဖြစ်လာပြီး နိုင်ငံရေးနဲ့ ပြည်တွင်းရေး မငြိမ်မသက်မှုတွေ   ဖြစ်လာတာပဲ ဖြစ်ပါတယ်။ 
အမြင်လည်းကျယ်၊ 
နိုင်ငံအခြေအနေနဲ့လည်း ကိုက်ညီ
ရုရှား-ယူကရိန်းပဋိပက္ခနဲ့ သီရိလင်္ကာနိုင်ငံရဲ့ အခြေအနေနှစ်ရပ်ဟာ မတူညီကြပါဘူး။ ယူကရိန်း နိုင်ငံဟာ ကိုယ့်နိုင်ငံရဲ့ပထဝီနိုင်ငံရေးအခြေအနေကို မျက်ကွယ်ပြုလိုက်တဲ့အတွက် အင်အားကြီးနိုင်ငံ တွေအကြား အားပြိုင်မှုမှာ   မြေဇာပင်ဖြစ်ရတာပါ။ ကိုယ့်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ် ဖို့ဆိုတာထက်     ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ ကြိုးဆွဲရာနောက်    လိုက်ပါသွားတဲ့သဘောပါပဲ။ သီရိလင်္ကာနိုင်ငံကတော့  ကိုယ့်နိုင်ငံအခြေအနေနဲ့ ကမ္ဘာတစ်ဝန်းလုံးအပေါ်     အကျိုးသက်ရောက်နေတဲ့ ဖြစ်ရပ်တွေအပေါ်မှာ တုံ့ပြန်နိုင်စွမ်းအားနည်းမှုလို့ ဆိုရမှာပါ။
အဲဒီဖြစ်စဉ်နှစ်ခုကိုကြည့်ရင်း Think Globally, Act Locally ဆိုတဲ့စကားကို    သတိရမိပါတယ်။ ကမ္ဘာကြည့် - ကြည့်နေလို့ဆိုပြီး   ကိုယ့်နိုင်ငံအခြေ အနေကို မေ့ထားလို့မရပါဘူး။ ကမ္ဘာကြည့် - ကြည့် ပြီး ကိုယ့်နိုင်ငံနဲ့ကိုက်ညီအောင် လိုက်လျောညီထွေ တုံ့ပြန်နိုင်မှ     နိုင်ငံနဲ့ပြည်သူတွေရဲ့အကျိုးစီးပွား ကို  ကာကွယ်နိုင်မှာဖြစ်ပါတယ်။  ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ရုရှားနိုင်ငံအပေါ် အရေးယူမှုတွေ လုပ်ကြတဲ့  နေတိုးအုပ်စုနိုင်ငံတွေတောင်မှ ကိုယ့်နိုင်ငံရဲ့အကျိုးစီးပွားထိခိုက်လာမယ့်အရေးတွေဆို လက်ရှောင်ကြတာ တွေ့ရပါတယ်။ ဒါကိုတစ်ဖက် ကကြည့်ရင် ကျေနပ်ဖွယ်ရာမရှိပေမယ့် ကာယကံ ရှင်နိုင်ငံအတွက်တော့    ကိုယ့်နိုင်ငံရဲ့အကျိုးစီးပွား ကာကွယ်တာဖြစ်တဲ့အတွက် မှန်ပါလိမ့်မယ်။
ဒီဖြစ်စဉ်တွေဟာ ကျန်တဲ့အင်အားနည်းတဲ့နိုင်ငံ တွေအတွက်တော့ သင်ခန်းစာယူစရာဖြစ်ပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ဒီလိုဖြစ်စဉ်ဖြစ်ရပ် တွေက ထပ်ပြီးဖြစ်နေဦးမှာပါ။ ဒါကြောင့် ကမ္ဘာ့ အခြေအနေ၊ ကိုယ့်နိုင်ငံရဲ့အခြေအနေကို ချိန်ထိုး တုံ့ပြန်နိုင်မှ     နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။        ။