
နေပြည်တော် အောက်တိုဘာ ၁၃
၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ ပြီး ဖိတ်ကြားထားသည့် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များ၊ ဒုတိယဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင် များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပြည်တွင်း၊ ပြည်ပအစိုးရအဖွဲ့မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ က Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပနေ
ဦးစွာ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ယခုအခမ်းအနားကို မြန်မာနိုင်ငံအပါ အဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း ကျင်းပနေကြကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ
အဖွဲ့ကြီးအနေဖြင့် ကမ္ဘာတွင် နှစ်စဉ် ပိုမိုကြုံတွေ့လာရသည့် သဘာဝ ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံး မှုများကို အလေးထားပြီး ထိရောက်စွာ စီမံခန့်ခွဲလျှော့ချနိုင်ရန်အတွက် ၁၉၉၀ ပြည့်နှစ်မှ ၁၉၉၉ ခုနှစ်ထိ (၁၀)နှစ်တာ ကာလကို အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ်လျှော့ချရေး ဆယ်စုနှစ် (The International Decade for Natural Disaster Reduction - IDNDR) အဖြစ် သတ်မှတ်ပြီး သဘာဝဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့ပါးသက်သာ ရေးလုပ်ငန်းများကို ကမ္ဘာ့နိုင်ငံများအားလုံး ပိုမိုတိုးမြှင့်ဆောင်ရွက်ခဲ့ပါကြောင်း။
ကြိုတင်ပြင်ဆင်
ယခုကဲ့သို့ ဆယ်စုနှစ်သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်နေ သော်လည်း ဘေးအန္တရာယ်များကြောင့် ထိခိုက်ခံရမှုများ သိသာစွာ လျော့နည်း သွားမှုမရှိသည့်အတွက် ဆယ်စုနှစ် အစီအစဉ် အကောင်အထည်ဖော်နေဆဲ ကာလဖြစ်သည့် ၁၉၉၄ ခုနှစ်တွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင် ခြေ လျှော့ချရေးဆိုင်ရာ ပထမဆုံးအကြိမ် ကမ္ဘာ့ညီလာခံကိုကျင်းပပြီး ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင် ရေး၊ လျော့ပါးရေးတို့နှင့် ပတ်သက်သည့် ယိုကိုဟားမား မဟာဗျူဟာနှင့် လုပ်ငန်း စီမံချက်များကို ချမှတ်ဆောင်ရွက်ခဲ့ပါ ကြောင်း။
၂၀၀၅ ခုနှစ်တွင် ဒုတိယအကြိမ် ကမ္ဘာ့ညီလာခံကို ဂျပန်နိုင်ငံ ယိုဂိုမြို့တွင် ကျင်းပခဲ့ပြီး ဘေးအန္တရာယ်လျော့ပါးရေး ဆိုင်ရာ ယိုဂိုမူဘောင် (၂၀၀၅-၂၀၁၅)ကို လည်းကောင်း၊ ၂၀၁၅ ခုနှစ်၊ မတ်လတွင် တတိယအကြိမ် ကမ္ဘာ့ညီလာခံက ဆန်ဒိုင်း မူဘောင်(၂၀၁၅-၂၀၃၀)ကိုလည်းကောင်း အသီးသီး ရေးဆွဲအကောင်အထည်ဖော်ခဲ့ ကြပါကြောင်း။
နှစ်စဉ်မပျက် ကျင်းပ
မြန်မာနိုင်ငံအနေဖြင့် ယိုဂိုမူဘောင် နှင့် ဆန်ဒိုင်း မူဘောင်ပါလုပ်ငန်းစဉ်များ နှင့်အညီ နိုင်ငံ၏ရေမြေသဘာဝနှင့် တည်ရှိမှုအနေအထားများအရ ဖြစ်ပွား လေ့ရှိသည့် ဘေးအန္တရာယ်များကို မိမိတို့ တွင်ရှိသည့် အရင်းအမြစ်များနှင့် လိုက်လျောညီထွေသော လုပ်ငန်းစီမံချက် များ၊ ဖွဲ့စည်းဆောင်ရွက်မှုများဖြင့် စီမံ ခန့်ခွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ်လျော့ပါးရေးနေ့ အထိမ်း အမှတ် အခမ်းအနားများကို ၂၀၁၀ ပြည့် နှစ်ကစပြီး နှစ်စဉ်မပျက် ကျင်းပခဲ့ပါ ကြောင်း၊ ကျင်းပသည့်အခါတွင် ဦးတည် ကဏ္ဍများ၊ လုပ်ငန်းနယ်ပယ်များအလိုက် နှစ်စဉ်သတ်မှတ်ထားသည့် ဆောင်ပုဒ်များ အတိုင်း ကျင်းပခဲ့ပြီး ယခုနှစ်အခမ်းအနား အတွက် သတ်မှတ်ထားသည့် ဆောင်ပုဒ် မှာ “ဒို့ကမ္ဘာမြေကို ထိန်းသိမ်းဖို့၊ တွဲလက် ခိုင်မာပူးပေါင်းစို့” “Only together..Can we save the planet!” ဖြစ်ပါကြောင်း။
ယင်းဆောင်ပုဒ်သည် ကမ္ဘာ့နိုင်ငံ အားလုံး သဘောတူလက်ခံပြီး ကျင့်သုံး အကောင်အထည်ဖော်နေသည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင် ခြေလျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင် (၂၀၁၅-၂၀၃၀)၏ ပန်းတိုင် (၇)ခုအနက် ၂၀၂၁ ခုနှစ်တွင် ဆောင်ရွက်ရမည့် ပန်းတိုင် (၆) (Target F)ဖြစ်သော ဆန်ဒိုင်းမူဘောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ နိုင်ငံတော်အဆင့် လုပ်ငန်းဆောင်ရွက်မှုများသို့ လုံလောက် သော ထောက်ပံ့မှုများကို ပေးနိုင်ရန် အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက် မှုများကို ၂၀၃၀ ပြည့်နှစ်အရောက် ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် ဟူသည့် ရည်မှန်းချက်ပန်းတိုင် အကောင်အထည် ဖော်ရေးနှင့်အညီ သတ်မှတ်ထားသည့်ဆောင်ပုဒ်ဖြစ်ပါကြောင်း။
ယင်းဆောင်ပုဒ်နှင့်အညီ ယခုနှစ် အခမ်းအနားကို ကျင်းပရသည့် ရည်ရွယ် ချက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများအပါအဝင် ကမ္ဘာပေါ်တွင် ဘေးအန္တရာယ်ကျရောက် နိုင်ခြေနှင့် ဖြစ်ပွားနိုင်ခြေများပြားပြီး ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေမြင့်မားသည့် နေရာဒေသများ၊ သက်ရှိ၊ သက်မဲ့များ၊ သဘာဝပတ်ဝန်း ကျင်များကို ဖျက်ဆီးခံရမှု၊ ထိခိုက်စေမှု၊ ဆုံးရှုံးစေမှုများမှ ကာကွယ်ပေးနိုင်ရန်၊ လျှော့ချပေးနိုင်ရန်၊ လျော့ပါးစေရန် အတွက် ပြီးခဲ့သည့်ဖြစ်စဉ်၊ ဖြစ်ရပ်များ အပေါ် အားနည်းချက်၊ အားသာချက်များ ကို သင်ခန်းစာဖော်ထုတ်ပြီး ကျယ်ပြန့် သည့် အသိပညာဖြန့်ဝေမှု လုပ်ငန်းစဉ်ကြီး ဖြစ်ထွန်းလာရေးကို ရည်မှန်းပြီး ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါ ကြောင်း။
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပေါ်ပေါက်လာသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကြားက ဆောင်ရွက်နေသည့် အမျိုးသားအဆင့်၊ ရပ်ရွာလူထုအဆင့် ဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းများ တွင် နိုင်ငံတကာကူညီထောက်ပံ့သူများ၊ အဖွဲ့အစည်းများအနေနှင့် ပိုမိုပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန်၊ ပူးပေါင်း ဆောင်ရွက်မှ ကောင်းမွန်တိုးတက်သည့် ရလဒ်ကောင်းများ ရရှိနေသည့်အဖွဲ့ အစည်းများကိုလည်း စံနမူနာပြု ဖော်ထုတ်ပေးရန် အစီအမံများကိုမြှင့်တင် လိုသည့် ရည်ရွယ်ချက်များနှင့် ကျင်းပ ပြုလုပ်ခြင်းဖြစ်ပါကြောင်း။
မှတ်တမ်းတင်
၂၀၀၈ ခုနှစ်က တွေ့ကြုံခံစားခဲ့ရသည့် နာဂစ်မုန်တိုင်းသည် မိမိတို့နိုင်ငံ၏ သဘာဝ ဘေးအန္တရာယ်ဖြစ်ပွားမှုသမိုင်းကြောင်းတွင် အဖျက်စွမ်းအား အကြီးမားဆုံးနှင့် အာရှဒေသတစ်ခုလုံးတွင်လည်း ၁၉၉၁ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ရသည့် ရာသီဥတု ပြောင်းလဲမှု၏ အထင်ရှားဆုံးသာဓက တစ်ခု ဖြစ်ပါကြောင်း။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှု စောင့်ကြည့်လေ့ လာရေးစသော ကမ္ဘာမြေထိန်းသိမ်းရေးကိစ္စရပ်များကို တစ်ကမ္ဘာလုံးအတိုင်း အတာဖြင့် ဆောင်ရွက်ခဲ့ရာ ၁၉၇၂ ခုနှစ် တွင် ကမ္ဘာ့ကုလသမဂ္ဂ ပထမအကြိမ် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ညီလာခံ (First UN Environmental Conference)၊ ၁၉၉၂ ခုနှစ်တွင် ကမ္ဘာမြေထိပ်သီး အစည်းအဝေး (World Earth Summit) P စာမျက်နှာ ၃ မှ
စသော ညီလာခံများ၊ အစည်းအဝေးများကို စဉ်ဆက်မပြတ်ကျင်းပခဲ့ကြောင်း၊ ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း (Climate Change Convention)၊ ကျိုတို သဘောတူစာချုပ် (Kyoto Protocol)၊ Bali Roadmap၊ ပဲရစ်(စ်) သဘောတူညီ ချက်(Paris Agreement) အစရှိသည့် စာချုပ်များ၊ သဘောတူညီချက်များ များစွာထွက်ပေါ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအများစု က လိုက်ပါဆောင်ရွက်ခဲ့ပါကြောင်း။
ပူးပေါင်းပါဝင်ဆောင်ရွက်
ကမ္ဘာမြေ ထိန်းသိမ်းမှုနှင့် ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းများသည် နိုင်ငံ တစ်နိုင်ငံတည်း၊ အဖွဲ့အစည်းတစ်ခုတည်း ဖြင့် ဆောင်ရွက်၍ရသည့် လုပ်ငန်းများ မဟုတ်ဘဲ နိုင်ငံအသီးသီး၊ အဖွဲ့အစည်း အသီးသီး၊ လူတစ်ဦးတစ်ယောက်ချင်းစီ တိုင်းက နယ်ပယ်အလိုက်၊ လုပ်ငန်းကဏ္ဍ အလိုက် အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်ကြမှသာ တစ်ကမ္ဘာလုံးအတိုင်း အတာ၊ နိုင်ငံတစ်နိုင်ငံချင်းစီ၏ အတိုင်း အတာအလိုက် မျှော်မှန်းထားချက်များကို ပေါက်ရောက်အောင်မြင်နိုင်မည် ဖြစ်ပါ ကြောင်း။
ထို့ကြောင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင်(၂၀၁၅-၂၀၃၀)၏ ကမ္ဘာ လုံးဆိုင်ရာ ရည်မှန်းထားချက် ပန်းတိုင် (၇) ချက် (7 Global Targets) အနက် ယခုနှစ်၏ပန်းတိုင်သည် ကမ္ဘာကြီး တည်တံ့ရန်နှင့် သက်ရှိ၊ သက်မဲ့များကို ဘေးအန္တရာယ်များ၏ ထိခိုက်ခံရမှုမှ လျော့နည်း သက်သာစေရန်အတွက် အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက် ကြရန်၊ ပူးပေါင်းဆောင်ရွက်မှု အရှိန် အဟုန်ကိုမြှင့်တင်ရန်၊ အထူးသဖြင့် နိုင်ငံတကာ ထောက်ပံ့ကူညီရေးအဖွဲ့ အစည်းများအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို ပိုမိုထောက်ပံ့ ကူညီလုပ်ဆောင်ပေးရန် ဆိုသည့် ပန်းတိုင်ကို သတ်မှတ်ထားပါ ကြောင်း၊ လက်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း စဉ်များကို ဆောင်ရွက်ရာတွင် ယင်းပန်းတိုင်နှင့် လိုက်လျောညီထွေစွာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဝိုင်းဝန်း ပူးပေါင်း တိုက်ဖျက်ဆောင်ရွက်နေကြ သည်ကို အထင်အရှား တွေ့မြင်ရမည် ဖြစ်ပါကြောင်း။
အကျိုးရှိ ထိရောက်စွာ အသုံးပြု
မိမိတို့နိုင်ငံအနေဖြင့် လက်ရှိ ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ရောဂါ ကဲ့သို့ ကပ်ရောဂါဘေးများ၊ သဘာဝဘေး များ၊ လူသားများ၏ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာရသည့် ဘေးအန္တရာယ်များ စသည့်ဘေးအမျိုးမျိုး၏ ထိခိုက်နိုင်မှု များကို လျှော့ချဆောင်ရွက်ကြရာတွင် ရရှိနိုင်မည့် ပြည်တွင်း၊ ပြည်ပ ကူညီ ထောက်ပံ့မှုများ ကို အကျိုးရှိထိရောက်စွာ အသုံးပြု ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိဌာန၊ အဖွဲ့အစည်းများအနေဖြင့် အထူးအလေးဂရုပြုဆောင်ရွက်ကြရန်လိုကြောင်း၊ ဌာန၊ အဖွဲ့အစည်းအချင်းချင်း အပြန်အလှန် အချိတ်အဆက်မိမိ ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပြီး တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအကြား အချင်းချင်းချိတ်ဆက်မှု၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ အကြား အပြန်အလှန် ချိတ်ဆက်မှုများ ခိုင်မာအားကောင်းမည်ဆိုပါက မိမိတို့ အကောင်အထည်ဖော် ဆောင်ရွက်နေ သည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်း ယန္တရား စဉ်ဆက်မပြတ် လည်ပတ်နိုင်ပြီး မျှော်မှန်းထားသည့်အတိုင်း ရာသီဥတု ပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိသော လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများနှင့် အတူ ဘေးအန္တရာယ်များမှ ကြံ့ကြံ့ခံ နိုင်သော မြန်မာနိုင်ငံ ဖြစ်ထွန်းလာနိုင် မည်ဖြစ်သည့်အတွက် အတူပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂရုံး အကြီးအကဲတို့ထံမှပေးပို့သည့် သဝဏ်လွှာ (Video Message)များကို ပြသသည်။ ဆက်လက်ပြီး အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ် ဗီဒီယို မှတ်တမ်းကို ပြသသည်။
ယင်းနောက် ဒုတိယဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ခင်းကျင်းပြသထားသည့် လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းစာအုပ် များ၊ အသိပညာပေးလက်ကမ်းစာအုပ်၊ စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်