ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) (မော်လမြိုင်ရုံးခွဲ)မှ ဝန်ထမ်းတစ်ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်

 

နေပြည်တော်  ဇွန်   ၉


NUG၊ CRPH၊  PDF    အမည်ခံ အကြမ်းဖက်သမားများသည် ၎င်း တို့၏    နိုင်ငံရေးအစွန်းရောက် အယူဝါဒကိုအခြေခံ၍    နေရာ အချို့၌      ဗုံးခွဲတိုက်ခိုက်ခြင်း၊ လက်နက်ဖြင့်        ခြိမ်းခြောက် လုယက်ခြင်း၊ ရက်စက်စွာ သတ် ဖြတ်ခြင်းစသည့်    အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်လျက် ရှိသည့်အပြင်   ပြည်သူလူထု၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း များကို     နိုင်ငံ့ဝန်ထမ်းပီသစွာ ကုသမှုများ  ဆောင်ရွက်ပေးနေ သည့် ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ NGO ၊ INGO    အဖွဲ့အစည်းများကိုပါ ခြိမ်းခြောက်ခြင်း၊       လုပ်ကြံ သတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင် လျက်ရှိကြသည်။ 

 


ထိုသို့     အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့ရာ  ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့(WHO) (မော်လမြိုင်ရုံးခွဲ)မှ ဝန်ထမ်းဖြစ်သူ မွန်ပြည်နယ် မော်လမြိုင်မြို့       ပန်းဘဲတန်း ရပ်ကွက်နေ ဦးမျိုးမင်းထွဋ် (၄၉)နှစ်(ဘ)ဦးတင်ထွန်းသည်     ဇွန် ၈ ရက်  ညနေပိုင်းတွင်   ၎င်း၏ ရုံးမှ ဆိုင်ကယ်ဖြင့်   ပြန်လာစဉ် မော်လမြိုင်မြို့    ဘိုကုန်းရပ်ကွက် သံလွင်ဥယျာဉ်အနောက်လမ်းနှင့် အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း       လမ်းဆုံအနီးသို့ အရောက်၌ PDFအမည်ခံ အကြမ်း ဖက်သမားများက လက်နက်ငယ် များဖြင့် ပစ်ခတ်ခဲ့ရာ    ၎င်းတွင် လည်ပင်းကျည်ဖောက်ဝင် ဒဏ်ရာ    သုံးချက်၊ ဝဲဘက်ညှပ်ရိုးအောက်    ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက် တို့ဖြင့်   သေဆုံးခဲ့ကြောင်းနှင့် အခင်းဖြစ်နေရာမှ     ၎င်းစီးနင်း လာသည့် Pxan Ton  ဆိုင်ကယ်  တစ်စီး၊ Luger  ကျည်ခွံ  သုံးခု၊ SLB ကျည်ခွံ တစ်ခုတို့ကို  တွေ့ရှိ သိမ်းဆည်းရရှိခဲ့ကြောင်း   သိရှိ ရသည်။  

 


ထိုသို့ မွန်ပြည်နယ်အတွင်း ဒေသခံပြည်သူများ၏   ကျန်းမာ ရေး မြှင့်တင်မှုလုပ်ငန်းများ ဆောင် ရွက်နေသည့် WHO   ဝန်ထမ်း တစ်ဦးအား အကြောင်းမဲ့ရက်စက် စွာ လုပ်ကြံသတ်ဖြတ်မှုကျူးလွန် ခဲ့သည့် အကြမ်းဖက်သူများအား ဖော်ထုတ်ဖမ်းဆီး၍   ဥပဒေနှင့် အညီ ထိရောက်စွာ   အပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းနှင့် မွန်ပြည်နယ် အတွင်း NUG၊ CRPH၊ PDF အမည် ခံ    အကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှု ကြောင့် သေဆုံးသူ အစိုးရဝန်ထမ်း သုံးဦးနှင့် အရပ်သား ပြည်သူ ၈၆ ဦး၊ ဒဏ်ရာရရှိသူ အစိုးရဝန်ထမ်း ၁၂  ဦးနှင့်   အရပ်သားပြည်သူ ၁၁၅ ဦး ရှိပြီဖြစ်ကြောင်း သတင်း ရရှိသည်။


သတင်းစဉ်