
အတွင်းရေးမှူးချုပ်၏ ကုလသမဂ္ဂနေ့ သဝဏ်လွှာ
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်
ကုလသမဂ္ဂအဖွဲ့ကြီးကို လွန်ခဲ့သည့် ခုနစ်ဆယ့်ခြောက်နှစ်က ပဋိပက္ခကပ်ဘေးကြီး၏ အရိပ်အောက်မှ ထွက်ပေါ်လာသော ကမ္ဘာကြီးအတွက် မျှော်လင့်ချက်တစ်ရပ်အဖြစ် ဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။
ယနေ့တွင် ကုလသမဂ္ဂ၏ အမျိုးသား၊ အမျိုးသမီးဝန်ထမ်းများ သည် ယင်းမျှော်လင့်ချက်ကို ကမ္ဘာတစ်ဝန်းသို့ သယ်ဆောင်နေ ပါသည်။
COVID-19၊ ပဋိပက္ခများ၊ ငတ်မွတ်ခေါင်းပါးမှု၊ ဆင်းရဲမွဲတေမှုနှင့် ရာသီဥတုအရေးပေါ်အခြေအနေတို့က ကျွန်ုပ်တို့ကမ္ဘာကြီးသည် ပြီးပြည့်စုံမှုမှ အလှမ်းဝေးနေသေးကြောင်း ကျွန်ုပ်တို့အား သတိချပ် စေပါသည်။
သို့သော် ၎င်းတို့ကပင် စည်းလုံးညီညွတ်ခြင်းဖြင့်သာ ရှေ့ဆက် တက်လှမ်းနိုင်မည့်အကြောင်း ထင်ရှားစေပါသည်။
ကျွန်ုပ်တို့အနေဖြင့် စိန်ခေါ်မှုကြီးများကို စုပေါင်းဖြေရှင်းရန်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ရည်မှန်းချက်ပန်းတိုင်များကို ဆက်လက် ဖော်ဆောင်ရန် လိုအပ်ပါသည်။
လူတိုင်းနေရာတိုင်းသို့ ကာကွယ်ဆေးများ ကြန့်ကြာမှုမရှိ ရောက်ရှိစေရေး သေချာစေရပါမည်။
လူတိုင်း၏ - အထူးသဖြင့် အဆင်းရဲဆုံးနှင့် အချို့တဲ့ဆုံးသူများ၊ မိန်းကလေးများနှင့် အမျိုးသမီးများ၊ ကလေးငယ်များနှင့် လူငယ် များ၏ ရပိုင်ခွင့်များနှင့် ဂုဏ်သိက္ခာကို ရယူကိုင်ဆောင်နိုင်စေရ ပါမည်။
ကမ္ဘာကြီးအား ဒဏ်ရာဒဏ်ချက် ကျန်စေသည့် ပဋိပက္ခများကို အဆုံးသတ်နိုင်ရပါမည်။
ကမ္ဘာကြီးကို ကယ်တင်နိုင်ရေးအတွက် ရဲရင့်ပြတ်သားသော ရာသီဥတုဆိုင်ရာ ကတိကဝတ်များပြုပြီး ကတိပြုထားသည့်အတိုင်း အကောင်အထည်ဖော် လုပ်ဆောင်ရပါမည်။
မကြာသေးမီက ကျွန်ုပ်အသေးစိတ်တင်ပြခဲ့သည့် Our Common Agenda အစီရင်ခံစာတွင် ပါရှိသည့်အတိုင်း ပိုမို၍ ပါဝင်သော၊ ကွန်ရက်ဖြန့်ကြက်ထားသော၊ ထိရောက်သည့် ကမ္ဘာ့အုပ်ချုပ်ရေး စနစ်ကို တည်ဆောက်ရပါမည်။
ပြီးခဲ့သည့် ၇၆ နှစ်တာ ကုလသမဂ္ဂပဋိညာဉ်ကို အားသွင်းပေးခဲ့ သည့် တန်ဖိုးများဖြစ်သော ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အခွင့်အရေးများနှင့် လူတိုင်းအတွက် အခွင့်အလမ်းများမှာ သက်တမ်းကုန်ဆုံးရက် မရှိပါ။
ကျွန်ုပ်တို့အားလုံး ကုလသမဂ္ဂနေ့ကို အထိမ်းအမှတ်ပြုရင်း ဤစံချိန်စံနှုန်းများနောက်၌ စုစည်းရပ်တည်ကာ ကုလသမဂ္ဂမှ ဖော်ဆောင်ထားသည့် ကတိ၊ စွမ်းပကားနှင့် မျှော်လင့်ချက်တို့ကို အကောင်အထည်ဖော်ကြပါစို့။