
ပြည် မေ ၇
ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက် ကျွေးရေး ရက်သတ္တပတ် အခမ်း အနား (၂၀၂၄) ကို ပြည်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ရုံး၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
အခမ်းအနားတွင် ပြည်မြို့ နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကေခိုင်ဝင်းက ကာကွယ် ဆေးထိုးနှံတိုက်ကျွေးမှု လုပ်ငန်း များနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ယင်းနောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက် လာသော မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေး ငယ်များကို ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးကြပြီး ယခုနှစ် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက် ကျွေးရေး ရက်သတ္တပတ် အခမ်း အနားကို ‘‘ကလေးများအနာဂတ် လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက် လို့ ကာကွယ်ဆေးဖြင့် အသက် ကယ်စို့’’ ဆောင်ပုဒ်ဖြင့် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)