ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားနှင့် အမျိုးသားစံချိန်စံညွှန်းကောင်စီ အစည်းအဝေး(၂/၂၀၂၂) ကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၁၄


မြန်မာနိုင်ငံ၏ အမျိုးသားအရည် အသွေးဆိုင်ရာ အခြေခံအဆောက် အအုံတွင် အဓိကမဏ္ဍိုင်ကြီးများ ဖြစ်သော စံချိန်စံညွှန်းသတ်မှတ် ခြင်း (Standardization)၊ အသိ အမှတ်ပြုခြင်း (Accreditation)၊ တိကျစွာတိုင်းတာခြင်း (Metro-logy)၊        ဓာတ်ခွဲတိုင်းတာခြင်း (Testing)နှင့်   အရည်အသွေး ထောက်ခံချက်ပြုရေး   (Certifi-cation)      လုပ်ငန်းစဉ်များဖြင့် အကောင်အထည်ဖော်   ဆောင် ရွက်လျက်ရှိကြောင်း၊   အမျိုးသား စံချိန်စံညွှန်းကောင်စီ    အဖွဲ့ဝင် များ၏ လမ်းညွှန်ချက်၊ အကြံပြု ချက်များနှင့်အညီ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို      ဦးတည် ဆောင်ရွက်သွားရန်      လိုအပ် ကြောင်း၊    ပြည်ထောင်စုဝန်ကြီး ဒေါက်တာ    မျိုးသိန်းကျော်က ပြောကြားသည်။

 


သိပ္ပံနှင့်     နည်းပညာဝန်ကြီး ဌာန၊   သုတေသနနှင့်  တီထွင် ဆန်းသစ်မှုဦးစီးဌာနက   ကျင်းပ သည့်     ကမ္ဘာ့စံချိန်စံညွှန်းနေ့ အခမ်းအနားကို        ယနေ့နံနက်  ၉    နာရီတွင်     နေပြည်တော်ရှိ  M GALLERY Hotel ၌ ကျင်းပရာ    အမျိုးသားစံချိန်စံညွှန်းကောင်စီ ဥက္ကဋ္ဌ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန       ပြည်ထောင်စုဝန်ကြီး ဒေါက်တာ    မျိုးသိန်းကျော်က ယင်းသို့       ပြောကြားခြင်းဖြစ် သည်။
ကုန်သွယ်မှုကို လွယ်ကူစေမည်
ဆက်လက်၍         ဒေသတွင်း တိကျစွာတိုင်းတာမှု    နည်းပညာ ဆိုင်ရာအဖွဲ့နှင့်   အသိအမှတ်ပြု အဖွဲ့များဖြစ်သော Asia Pacific Accreditation Cooperation နှင့် Asia Pacific Metrology Progr-ame   တို့၏  အဖွဲ့ဝင်များအဖြစ် ဝင်ရောက်ပြီး     အဖွဲ့ဝင်အဖြစ် ခိုင်မာစွာ      ရပ်တည်နိုင်မည့် လုပ်ငန်းစဉ်များ၊        capacity building program များ ဆောင် ရွက်ခြင်းဖြင့်   နိုင်ငံတွင်း  အရည် အသွေးကိုက်ညီမှု   အစီအစဉ်များ ကို  နိုင်ငံတကာမှ  လက်ခံနိုင်မည် ဖြစ်ပြီး ကုန်သွယ်မှုတွင် ကြုံတွေ့ ရသည့် နည်းပညာအခက်အခဲများ ကို  ကျော်လွှားနိုင်ခြင်း၊  ကုန်ကျ စရိတ်သက်သာစေခြင်း၊   အချိန် နှောင့်နှေးမှုမရှိခြင်းနှင့် ဈေးကွက် တွင်    ယုံကြည်မှုရရှိစေခြင်းတို့ ကြောင့် ကုန်သွယ်မှုကို လွယ်ကူ ချောမွေ့စေမည်    ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြား ခဲ့သည်။

 


ဆုချီးမြှင့်


ထို့နောက်    အပြည်ပြည် ဆိုင်ရာ   စံချိန်စံညွှန်းအဖွဲ့ကြီး၏ Secretary General  Mr Sergio Mujica ၏ World Standards Day (2022) message နှင့် ISO ၏  World   Standards  Day (2022)  ဆိုင်ရာ  ဗီဒီယိုမှတ်တမ်း ပြသခြင်း၊    အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ   အခြေခံ အဆောက်အအုံနှင့် ပတ်သက်၍ Panel Discussion တွင် တာဝန် ရှိသူများက   အမျိုးသားအဆင့် အရည်အသွေး အခြေခံအဆောက် အအုံ  ခိုင်မာအားကောင်းစေရေး အတွက် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများနှင့်    ဝန်ဆောင်မှု လုပ်ငန်းများ၊  အမျိုးသားအဆင့် အရည်အသွေး  ထောက်ခံချက်ပြုရေးလုပ်ငန်းစဉ်များ၊ စိုက်ပျိုးရေး ဆိုင်ရာ    အလေ့အကျင့်ကောင်း များမှ ထုတ်လုပ်မှု အလေ့အကျင့် သို့ ကူးပြောင်းခြင်း၊   မြန်မာနိုင်ငံ ရှိ    ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်များ    ထုတ်လုပ် ရောင်းချနိုင်ရေး     လိုအပ်သော အကြံပြုချက်များအား   ဆွေးနွေး တင်ပြကြပြီး    အမျိုးသားအဆင့် အရည်အသွေး    ထောက်ခံချက် ပြုရေးအဖွဲ့တွင်   သတ်မှတ်သုံးစွဲ မည့် Logo အား Logo Compe-tition ပြိုင်ပွဲကျင်းပ၍ ရွေးချယ် ခဲ့ကြပြီး        ဆုရရှိသူများအား ဆုချီးမြှင့်သည်။

 


လှည့်လည်ကြည့်ရှု


ထို့နောက်     ပြည်ထောင်စု ဝန်ကြီးနှင့် တက်ရောက်လာသည့် ဧည့်သည်တော်များက အမျိုးသား အဆင့်   အရည်အသွေး  အခြေခံ အဆောက်အအုံဆိုင်ရာ လုပ်ငန်း စဉ်နှင့်  ပတ်သက်၍   ပိုစတာများ ပြသခြင်းကို   လှည့်လည်ကြည့်ရှု ကြသည်။ 

 


အဆိုပါ      အခမ်းအနားသို့ အမျိုးသားစံချိန်စံညွှန်းကောင်စီအဖွဲ့ဝင်များ၊        နည်းပညာ ဆပ်ကော်မတီ    ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အစိုးရ − ပုဂ္ဂလိက ကဏ္ဍများ၊    အဖွဲ့အစည်းများ၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဦးစီး ဌာနများ၊  ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပြီး မွန်းလွဲပိုင်းတွင် အမျိုးသား စံချိန်စံညွှန်းကောင်စီ   (၂/၂၀၂၂)  အစည်းအဝေးကို    ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်