
စိတ်၏စွမ်းအား ဉာဏ်အင်အားဖြင့်
ကြိုးစားဆန်းသစ် ကပ်လွန်ခေတ်တွင်
ထုဆစ်ဖန်တီး ပေါင်းစုစည်းလျက်
နည်းလမ်းပညာ အခွင့်သာဖို့
ဆရာဦးဆောင် ဤလူ့ဘောင်ကို
ထူထောင်တည့်မတ် မြတ်စိတ်ဓာတ်ဖြင့် ကျော်ဖြတ်နိုင်မည် တို့ယုံကြည်။
လက်တွဲခိုင်မာ အဖြေရှာ၍
ပညာနယ်ပယ် အလှကြွယ်အောင်
ပညာလောက ခိုင်မြဲရအောင်
ပညာရည်မြင့် တိုင်းပြည်တင့်အောင်
ပညာဖြည့်စွက် စဉ်တိုးတက်အောင်
ဆတက်ထမ်းပိုး ရည်မျှော်ကိုးကာ
ကြိုးစားနိုင်မည် တို့ယုံကြည်။ ။
အောက်တိုဘာလ (၅) ရက်တွင် ကျရောက်သည့်
ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသောအားဖြင့်…
ချိုချိုဝင်း (စာရင်းအင်းပညာ)