ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်

 

ပဲခူး မတ် ၁၅


ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနား ကို မတ် ၁၅ ရက် နံနက်ပိုင်းက ပဲခူးမြို့ မြို့တော် ခန်းမ၌    ကျင်းပရာ    တိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်သည်။

 


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယနေ့ ကမ္ဘာကြီးသည် ခေတ်မီဖွံ့ဖြိုး တိုးတက်လာသည်နှင့် အမျှ လူတို့၏နေထိုင်စားသောက်မှုပုံစံများ ပြောင်းလဲ တိုးတက်လာပြီး အလွယ်တကူ အသင့်စား စားသောက် ကုန်ပစ္စည်းများအား တာရှည်ခံစေရန်၊ အနံ့အရသာ ပြည့်စုံစေရန်    ဦးစားပေးကာ  တရားမဝင်ဓာတု ဆေးဝါးများ၊   အခွင့်မပြုသည့် ဓာတုဆိုးဆေးများ အသုံးပြုထုတ်လုပ်လာသဖြင့် စားသုံးသူပြည်သူများ အရွယ်မတိုင်မီ   ရောဂါစွဲကပ်ခြင်းနှင့်   နာတာရှည် ရောဂါများ ဖြစ်ပွားမှုတိုးတက်လာပြီး လူစွမ်းအား အရင်းအမြစ်များ ပျက်စီးဆုံးရှုံးမှုကြောင့် နိုင်ငံတော် ၏  ဖွံ့ဖြိုးတိုးတက်ရေးကိုပါ  ထိခိုက်လာကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်တချို့၏    ဝိသမလောဘကြောင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ဖြစ်ပွားမှုကို ကာကွယ်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ များကို ပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက် ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးက ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့ အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ် ချက်အား ဆွေးနွေးပြောကြားသည်။

 


ဆက်လက်၍  တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ  တာဝန်ခံ က ကုန်ကြမ်းမှကုန်ချောထုတ်လုပ်ခြင်း၊‌ ရောင်းချ ခြင်း၊ စားသုံးခြင်းဆိုင်ရာကဏ္ဍများတွင် လူ၊ တိရစ္ဆာန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး သတ်မှတ် ချက်များအား ဆွေးနွေးပြောကြားသည်။ 

 


ယင်းနောက် ကမ္ဘာ့စားသုံးသူအခွင့်အရေးမျာနေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ဆုရရှိ သူများကို ဆုများပေးအပ်ခဲ့သည်။        

 

တင်စိုး(ပဲခူး)